အမေ ကိုယ်တိုင်မချက်သော အမေ့လက်ရာ ဟင်းတစ်ခွက်

in #for8 years ago

မေမေ ချက်တာ မဟုတ်မှတော့ သားသား(စာရေးသူ) ချက်တာပေါ့နော်။ ဟင်းက တစ်ခွက်တည်းဆိုပေမယ့် အထင်တော့ မသေးနဲ့ဗျ။ အနုပညာမျိုးစုံ ပါဝင်နေတာ။ ငယ်ငယ်ကတော့ အမေဟင်းချက်တာကို ကြည့်ပြီး ကိုယ်တိုင်လည်း ချက်လို့ရမယ်လို့ ထင်ခဲ့မိတာ။ ဘယ်ဟုတ်မတုန်း ကိုယ်တိုင်ချက်ကြည့်မှပဲ့ သိတော့တယ်။
ဟင်းတစ်ခွက်တော့ ရသွားတာပဲ့ဗျာ .. စားမရတဲ့ဟင်း(အရသာ မကောင်းသောဟင်း)ပေါ့။ (ဟားဟား) တကယ်တော့ ဟင်းတစ်ခွက်မှာ အင်မတန် ရိုးရှင်းလွန်းတဲ့ အနုပညာ လျှို့ဝှက်ချက် များစွာပါဝင်နေတာ သတိမထားမိကြဘူး။ ကြည့်နေရုံ မြင်နေရုံနဲ့တော့ ဟင်းကောင်းတစ်ခွက်ကို ကိုယ်တိုင် မချက်တတ်သေးဘူးလို့သာ မှတ်ပေတော့။လက်တွေ့သာစမ်းကြည့်ဗျာ ကျွန်တော်ပြောတာ ကောင်းကောင်းကြီး လက်ခံသွားစေရမယ်။(ဆရာကြီးလေသံဖြင့်) နောက်တာနော် အတည်ပေါက်(ဟိဟိ)

အခုတော့လည်း အမေ့ လက်ရာအတိုင်း ချက်တတ်သွားပြီလို့ အသိပေးရင်းးးးးး

Htoo Kyaw Win
Sort:  

ပုံပါတင် လိုက်ရင်ပိုကောင်းမယ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.066
BTC 70849.63
ETH 2185.08
USDT 1.00
SBD 0.50