အဖြူရောင်အဘိဓာန်

in #friend8 years ago

အဖြူရောင်အဘိဓာန်
သူငယ်ချင်းနဲ့ တွေ့တဲ့အခါ
နောက်ပြောင်တာတွေ ရှိချင်ရှိမယ်
လျို့ဝှက်ချက် ရင်ဖွင့်တာတွေရှိချင်ရှိမယ်။
image
သူငယ်ချင်းနဲ့ဆုံတဲ့အခါ
စိတ်ပျက်အားငယ်တာတွေ ပြောပြတာရှိချင်ရှိမယ်
ကြံစည်စိတ်ကူးရာတွေ နှီးနှောဖလှယ်တာမျိုး ရှိချင်ရှိမယ်။

သူငယ်ချင်းနဲ့ကြုံတဲ့အခါ
အားကိုးစိတ်နဲ့ ကလေးဆန်ချင် ဆန်မယ်
အားပေးလိုစိတ်နဲ့ လူကြီးဆန်ချင်ဆန်မယ်။

သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့
နှလုံးသားအကွားအဝေး မရှိတော့လို့
မဆက်သွယ်မှုကြောင့် ဝေးကွာမသွားသလို
သတင်းမကြားတိုင်း ဂရုမစိုက်ဘူးဆိုးတာမတွေး
ရင်ခွင်အေးအေးမှာ မေ့သွားသည်ဆိုတာ ဘယ်ခါမရှိ
သတိရစရာလဲ မလိုအောင် အမြဲတမ်းရှိကြသူတွေပေါ့။

သူငယ်ချင်းဆိုတာ.....
ခင်မင်မှုအပေါင်း မွေးဖွားရာ
ကြည်နူးဖွယ် ချစ်ခြင်းမေတ္တာတွေ စုဝေးရာ
ထာဝရအကြင်နာတို့ရဲ့ နှလုံးသားပြတိုက်
ကိုယ်ချင်းစာတရား တပွေ့တပိုက်နဲ့
သံယောဇဉ်တွေ အူလှိုက်သည်းလှိုက်
နှလုံးသားမှာ အမြစ်တွယ်အောင်စိုက်ပျိုး
ဖက်လှဲတကင်း အဖြူလွှလွှ အလင်းရောင်မျိုးနဲ့
သူ့အကျိုးကိုယ့်အကျိုးတွေ ဆတူသယ်ပိုး
ဘဝရဲ့လက်ဆစ်ချိုး အဖိုးအနဂ္ဃ စိတ်ကြိုက်အဘိဓာန်မျိုးပေါ့။

Credit - သုခိန်(ဗုဒ္ဓတက္ကသိုလ်)

Sort:  

သူငယ်ချင်းကောင်းတစ်ယောက်တော့လိုချင်မိတယ်

မှတ်သားစရာပါ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 69275.57
ETH 2114.50
USDT 1.00
SBD 0.46