"လူဖြစ်​ မရှုံး​စေချင်​ပါ”

in #good-karma8 years ago

လူတစ်​ချို့်​အ​ပေါ် အ​ကြောင်းပြချက်

ကြီးကြီးမားမား မရှိဘဲနဲ့

အဆိုးမမြင်​မိ​စေနဲ့

သူတစ်​ပါးအ​ပေါ် အဆိုးမြင်​​နေသမျှ

လူဖြစ်​ရှုံးပြီ



သူတစ်​ပါးတိုးတက်​ကြီးပွား​နေတာကို

မုဒိတာမပွားဘဲ မ​ကောင်းမကြံစည်​မိ​စေနဲ့

မ​ကောင်းကြံစည်​ပြီဆိုကတည်းက

စိတ်​ထားနိမ့်​ကျ​နေပြီဖြစ်​လို့

လူဖြစ်​ရှုံးပြီ



ကိုယ့်​မိဘ ၊ ဆရာ ၊ ​ကျေးဇူးရှိဖူးသူများကို

မ​စော်​ကားမိ​စေနဲ့

ကျေးဇူးတရားကို တန်​ဖိုးမထားတတ်​တာကလည်း

လူဖြစ်​ရှုံးတာပါပဲ



ကိုယ့်​ထက်​နိမ့်​ကျတဲ့ သတ္တဝါတိုင်းအ​ပေါ်

ဘယ်​​တော့မှ ကြီးနိုင်​ငယ်​ညှင်း

မလုပ်​မိ​စေနဲ့

အနိုင်​ယူခြင်းဆိုတာကလည်း

မတရားအနိုင်​ယူမိရင်

လူဖြစ်​ရှုံးတာပါပဲ



အမှန်​တရားကို မကျင့်​သုံးနိုင်​​သေးရင်​​တောင်

အမှန်​တရားကို အင်​အားဖြင့်

ဖုံးဖိဖို့ မကြိုးစားလိုက်​ပါနဲ့

အမှန်​တရားနဲ့ ရန်​ဘက်​ဖြစ်​လာရင်​လည်း

လူဖြစ်​ရှုံးတာပါပဲ



မေတ္တာတရား​တွေ ခန်း​ခြောက်​​နေတဲ့

အစွန်း​ရောက်​ အတ္တသမားမဖြစ်​​စေနဲ့

အတ္တ​တွေလွန်​ကဲလာရင်​လည်း

လူဖြစ်​ရှုံးတာပါပဲ



ကိုယ်​ဘာလုပ်​​နေတယ်

ဘယ်​လမ်းသွား​နေတယ်​ဆိုတာ မသိဘဲ

စိတ်​ထဲရှိတာ လိုက်​လုပ်​​နေရင်​လည်း

လူဖြစ်​ရှုံးတာပါပဲ



လူဖြစ်​ရှုံးတယ်​ မြတ်​တယ်​ဆိုတာက

ချမ်းသာခြင်း ၊ ဆင်းရဲခြင်း ၊ ပညာတတ်​ခြင်း မတတ်​ခြင်း

ရုပ်​ရည်​လှပခြင်း ရုပ်​ဆိုးခြင်း စသည်​တို့နဲ့

တိုင်းတာ သတ်​မှတ်​လို့မရပါဘူး

တစ်​ခုတည်း​သော ​ပေတံက

လူသားပီသ​သော စိတ်​ဓာတ်​နှင့်

မေတ္တာပြည့်​ဝခြင်း မပြည့်​ဝခြင်းနဲ့ဘဲ

တိုက်​ရိုက်​သက်​ဆိုင်​​နေတာပါ

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

Coin Marketplace

STEEM 0.05
TRX 0.29
JST 0.043
BTC 67695.24
ETH 1968.96
USDT 1.00
SBD 0.38