ကိုယ်မှတပါး မသိနိုင်ပါ

in #good-karma8 years ago

အမြဲတမ်းရယ်မောနေလို့  ပျော်နေတယ်ထင်လား …?
သောကတွေရဲ့ အလွန် စိတ်သက်သာရာရှာပြီး
ပြုံးရယ် နေလိုက်တာ ။

အမြဲတမ်းပြုံးနေတာမြင်လို့  စိတ်ချမ်းသာတဲ့ဘဝကို
ပိုင်ဆိုင်ထားပြီ ထင်နေလား …?
ကိုယ့်ရင်ထဲမှာ ငိုနေတဲ့အကြောင်း ကိုယ်ပဲသိတယ်
စိတ်ဒဏ်ရာတွေရဲ့အလွန် ငြိမ်းချမ်းမှုကိုပဲ လိုလားတော့လို့ 
ပြုံးပြုံးလေးပဲ နေလိုက်တာ ။

လောကကြီးမှာ ဒဏ်ရာကို ဆေးကုပေးမယ့်သူထက်
ဆားသိပ်ပေးမဲ့သူက ခပ်များများ .
လဲပြိုကျရင် နှစ်သိမ့်ပေးမယ့်သူထက် လှောင်ရယ်ဖို့ 
စောင့်နေသူက ခပ်များများ .
ဒုက္ခရောက်ရင် အကြံပေးတဲ့သူထက် ရှောင်ထွက်သွားတဲ့
သူက အများသား .
အောင်မြင်သူ ဖြစ်နေချိန်သာ လက်ခုပ်တီးခြင်ကြတာ
ကျရှုံးသွား ကြည့်ပါလား လက်ညှိုးထိုးတဲ့လက်တွေက
ပိုများတာလည် လောကကြီးရဲ့ သဘာဝတရားတွေလေ .
ကိုယ်အဆင်ပြေနေရင်သာ ပေါင်းချင်ကြတာ
အဆင်မပြေဖြစ်လို့  မကူညီနိုင်တဲ့အခါ ဆွမ်းကြီးဝိုင်းလောင်း
တတ်ကြတာလည်း လောကကြီးရဲ့ ဓမ္မတာတရားလေ .

ကိုယ်နဲ့ ပါတ်သက်လာတဲ့ အကြောင်းကိစ္စတိုင်း
ဘယ်သူ့ ကိုမှ အပြစ်မတင်ချင်သလို အဆိုးအကောင်းလည်း
မပြောလိုတော့ဘူး .

ဒါကြောင့်
လူတွေကြားထဲ ကိုယ့်ရဲ့ အားနည်းကို မတွေ့ စေလိုဘူး .
ကိုယ့်ရဲ့ဒဏ်ရာတွေအကြောင်း လူမသိစေရဘူး .
ကိုယ့်ဒုက္ခတွေကို လူတွေမသိစေရဘူး .
ကိုယ့်ဝေဒနာတွေကို လူတွေ မကြားစေရအောင်
လူတွေအမြင်မှာ အမြဲတမ်းပြုံးပျော်နေသူအဖြစ် ခက်ထန်စွာ
နေလိုက်ပါတယ် .

တွေးကြည့်ပါ
တကယ်လည်း လောကကြီးထဲကလူတွေအားလုံး
ကိုယ့်ဒုက္ခကို ကိုယ်အသိဆုံး ဖြစ်ကြသလို
ကိုယ့်ကိစ္စ ကိုယ်ပဲရှင်းရတာ ထုံးစံလေ လူတွေသိသွားရင်
ကိုယ့်တန်ဖိုးတောင် ကျသွားစေပါတယ် .

ကိုယ့်သိက္ခာအတွက် အမြဲတမ်းပြုံးရယ်နေလိုက်တယ်
ကိုယ့်တန်ဖိုးအတွက် ပျော်ပျော်နေပြလိုက်တယ် ..

တကယ်တမ်းတော့ စာနာမှုတစ်ခုသာ ကိုယ့်လက်ထဲမှာ
ပိုင်ဆိုင်ထားပြီး အပြုံးအရယ်ဆိုတာ သောကတွေကို
ဖုံးလွှမ်းထားတဲ့ ပတ်တီးမျှသာဆိုတာ ကိုယ်မှတပါး
ဘယ်သူက သိနိုင်ပါမလည်း …။

image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 70273.84
ETH 2144.34
USDT 1.00
SBD 0.50