----စိတ္တစနာမ် များနဲ့ ချည်သိမ်းထားမိတဲ့ လိပ်ပြာ အလ်ဘာမ်---

in #heart6 years ago

---------စိတ္တစနာမ် များနဲ့ ချည်သိမ်းထားမိတဲ့
လိပ်ပြာ အလ်ဘာမ်------

အာရုံတွေကို ဖြန့်ခင်းမိတော့
ရင်ထဲမှာ ဟာလာဟင်းလင်း

ကမ္ဘာကြီးကို ခွင်းလို့ရတဲ့ သမုဒ္ဒရာကိုရင်မှာပိုက်
ကိုယ့်မှာခေါင်းငိုက်စိုက်နဲ့
တမြိုက်မြိုက်လောင်ကျွမ်းနေတဲ့
သမုဒယတွေဟာပြန့်ကြဲလွင့်ဝဲ
သရဲ သဘတ်တွေ တွေ့ရင်
ကိုယ် ခေါ်ပြီး နားရွက်ဆွဲ မေးလိုက်ချင်တယ်
( မင်းဘာကို ကြောက်သလဲလို့  ------)

တဖြုတ်ဖြုတ်တ တောက်တောက် ကြွေ ဝေ ခဲ့တဲ့
ရောင့်ရဲ့လွယ်တဲ့ သမိုင်းတွေမှာ
ခိုင်းနှိုင်းလို့ ရတဲ့ အရှုံးအနိုင်ထင်ရှား------

ကိုယ်ရင်ဘတ်ဥယျာဉ်ကြီးထဲက
မပိုင်ပဲ ဝယ်သိမ်းထားမိတဲ့ဒဏ်ရာများကတော့
နွေမိုးဆောင်း မဟောင်းပဲနဲ့ လှပစွာ ပွင့်ပွားလာကြမြဲ----
ကိုယ့်မှာတော့ ရင်တကားကားနဲ့
ငုံ့ကိုင်းစွာ ကြေမွသွားပေးလိုက်ရတာချည်းပါပဲ-----
image
Writer by@sibobo from myanmar

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26