ခွေးလေး ရဲ. ခံစားချက် (ဖြစ်ရပ်မှန်) . . . .

in #knowledge8 years ago

မိသားစု တစ်စုဟာ ခွေးတစ်ကောင်ကို ဝယ်လာခဲ့တယ်။ ခွေးလေးနဲ့ နေ့စဉ် ကစားတယ်။ ပန်းခြံတွေ ခေါ်သွားတယ်။

တဖြည်းဖြည်းနဲ့ ခွေးလေးဟာ သူ့အိမ်သစ်လေးမှာ ပျော်လာခဲ့တယ်။

တစ်ညမှာတော့ အိမ်ရှင် မိန်းမဖြစ်သူဟာ ည တရေးနိုးလာတယ်။

ဒါနဲ့ အပေါ့သွားဖို့ အခန်းတံခါးကို အဖွင့်မှာ အခန်းဝမှာ တံခါးကို စိုက်ကြည့်နေတဲ့ ခွေးလေးကို တွေ့လိုက်ရတယ်။

ဗိုက်ဆာလို့ အစာတောင်းတယ် ထင်မိတာနဲ့ ကွတ်ကီး တစ်ချပ်ကို ပစ်ကျွေးလိုက်ပေမယ့် ခွေးလေးဟာ

မုန့်ကို နမ်းရုံသာ နမ်းကြည့်ပြီး မစားဘူး။ သူ့သခင်မကိုပဲ စိုက်ကြည့်နေခဲ့တယ်။

အဲ့ဒီညက စပြီးတော့ ခွေးလေးဟာ ပိုင်ရှင် လင်မယား အိပ်ပြီ ဆိုတာနဲ့ အခန်းဝမှာ ထိုင်ပြီး စိုက်ကြည့်နေတာ

ညစဉ်ရက်ဆက်ဖြစ်လာတယ်။ လုံးဝ မအိပ်ဘူး။ တဖြည်းဖြည်းလဲ ပိန်လှီလာခဲ့တယ်။

ဆရာဝန်တွေ ပြကြည့်တော့လဲ ခွေးလေးမှာ ဘာရောဂါမှ မရှိတဲ့အတွက် စဉ်းစားရကြပ်လာခဲ့ကြတယ်။

နောက်ဆုံး သူတို့ ဝယ်ခဲ့တဲ့ ဆိုင်မှာ သွားပြန် မေးကြတယ်။

ခွေးလေးရဲ့ ထူးဆန်းတဲ့ အပြုအမူကို ဆိုင်ရှင်ကို ပြောပြတော့ ဆိုင်ရှင်ဟာ ခွေးလေးရဲ့ အတိတ်အကြောင်းကို

သေချာပြန် ရှင်းပြပါတယ်။

အဲ့ဒီကျတော့မှ သူ့သခင်နဲ့ သခင်မဟာ ဝမ်းနည်းလွန်းလို့ မျက်ရည် ကျလာတဲ့ အထိပဲ။

ခွေးလေးမှာ အရင်က ပိုင်ရှင်ဟောင်း ရှိခဲ့ဖူးတယ်။ တစ်ညမှာ သူ့ရဲ့ ပိုင်ရှင်ဟောင်းဟာ ခွေးလေး အိပ်တဲ့ အချိန်ကို

စောင့်ပြီးတော့ အိပ်သွားတာနဲ့ ဒီဆိုင်မှာ လာရောင်း သွားခဲ့တာ ဖြစ်ပါတယ်။

ခွေးလေးဟာ သူနိုးလာတဲ့အခါမှာ ပတ်ဝန်းကျင် သစ်ရောက်နေမှန်း သိတာနဲ့ ဟိုပြေး ဒီပြေးနဲ

့ ဆောက်တည်ရာမရ အူနေခဲ့ပါတယ်။

သူ သံယောဇဉ် ရှိခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ဟောင်းနဲ့ သူ့သခင်ဟောင်းကို သတိရမိလို့ အခု တစ်ခါ သံယောဇဉ်

အသစ် ဖြစ်လာတဲ့ အိမ်ကလည်း နောက်တစ်ခါ သူ့ကို ပစ်ခွာသွားမှာကို ကြောက်နေတာ ဖြစ်ပါလိမ့်မယ်။

ဒါ့ကြောင့် သူ့သခင်နဲ့ သခင်မ နိုးလာတဲ့အထိကို မအိပ်ပဲ အမြဲ စောင့်ကြည့်နေတာမျိုး ဖြစ်ပါတယ်။

အဲ့သလို သိပြီးနောက်မှာတော့ ခွေးပိုင်ရှင် လင်မယား ၂ ယောက်ဟာ ခွေးလေးကို အရင်ထက်

ပိုဂရုစိုက်ပြီး သူတို့ ၂ ယောက်ကြားမှာ ထားအိပ်တော့မှ ခွေးလေးဟာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြန်အိပ်နိုင် ပါတော့တယ်။

Credit: kyaw nge

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.058
BTC 70466.92
ETH 2147.17
USDT 1.00
SBD 0.51