သိပ်ကို နောက်ကျလွန်းတယ်...

in #life8 years ago

တချို့လူတွေ ကိုယ့်ဘဝထဲက ထွက်သွားတာ
သိပ်ကို နောက်ကျလွန်းတယ်...

ဘယ်လိုလူမျိုးတွေလဲဆိုတော့
ဘဝတစ်လျှောက်လုံး ကိုယ်နဲ့အတူ ဖြတ်သန်းဖို့ ရည်ရွယ်ချက်မရှိပါပဲနဲ့
ကိုယ့်ကို အမျိုးမျိုး စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ပြီး ကိုယ့်ဆီက ရသလောက် ခွာယူပြီးမှ ပြန်ထွက်သွားကြသူတွေပါ

တချို့တွေကတော့ ငါသူ့ကို အရမ်းချစ်တာ
သူငါ့ကို ထားသွားပြီဆိုတဲ့စိတ်နဲ့ ဝမ်းနည်းပူဆွေးပြီး သောကရောက်ကြတာပေါ့

တဖြည်းဖြည်းနဲ့ နေသားကျပြီး
ကိုယ့်အလုပ်အကိုင်တွေ မိဘ မောင်နှမသူငယ်ချင်းတွေနဲ့ အဆင်ပြေလာချိန် ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်မယ့်သူဆိုတာ ဘယ်သူမှ မရှိတော့တဲ့အချိန်ကျမှ...

သူကိုယ့်ဘဝထဲက ထွက်ခွာသွားတာ နောက်ကျလိုက်တာဆိုပြီး သူ့ကြောင့် ငိုခဲ့ရ
စိတ်ပင်ပန်းခဲ့ရတဲ့ အချိန်တွေအတွက် နှမျောတသ ဖြစ်မိမှာပါ

တချို့အရာတွေက ကိုယ်လွှတ်ချလိုက်တာ မဟုတ်ဘူး
စိတ်အပင်ပန်းခံပြီး တွယ်ကပ်နေတာတောင် ကိုယ့်ကို လွှတ်ချခဲ့ကြတာ

ကိုယ်က စွန့်ပစ်ခံရတာမဟုတ်ဘူး
လွတ်မြောက်သွားတာပါ...

ဒါပေမယ့် ကိုယ်လွတ်မြောက်တာ ဒီထက်စောသင့်တယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 68411.35
ETH 2121.78
USDT 1.00
SBD 0.50