မင်္ဂလာအစစ် အစဉ်သာဖြစ်ကြပါစေ
မင်္ဂလာအစစ် အစဉ်သာဖြစ်ကြပါစေ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
♥တစ်နေ့တာကို
အကောင်းဆုံး ဖြတ်သန်းဖို့
သူတစ်ပါးကို မထိခိုက်စေဘဲ
မိမိကိုယ်ကို
အကောင်းဆုံး ပြု ပြင်
နေထိုင် လုပ်ဆောင် သွားခြင်းဖြင့်
မင်္ဂလာအစစ် အစဉ်သာဖြစ်ကြပါစေ။
♥ကိုယ့်ဘဝကို
စိတ်တိုင်းကျ
ပုံဖော်ထုဆစ်ခွင့်ရခိုက်မှာ
မိမိ သူတစ်ပါး
လေးစား ကြည်ညို အားထားလောက်တဲ့
အလှဆုံးနဲ့အကောင်းဆုံးပုံဖြစ်ဖို့
အမြဲကြိုးစား ပုံဖော်ထုဆစ်နေရမှာပါ။
♥သူ ယုတ်မာ ရက်စက်သလို
ကိုယ် မလုပ်မိပါစေနဲ့..။
သူ ကိုယ့်အပေါ်
မလိုမုန်ထား ပြု နေလည်း
ကိုယ့်ဘက်က
အတတ်နိုင်ဆုံးပြုံးပြနိုင်အောင်
အထူးကြိုးစားပါ။
♥ဘာ့ကြောင့်လဲဆိုတော့..
သူ မကောင်းတာ
သူအပြစ် သူခံရပါလိမ့်မယ်။
သူမကောင်းလို့ ကိုယ်မကောင်းရင်
ကိုယ့်အပြစ် ကိုယ်ခံရမှာမို့ပါ..။
မျိုးနိုင်-တန့်ဆည်

Congratulations @waithae! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard: