လူသားအလျင်းချင်းချစ်ခင်နိုင်ကြပါစေ

in #love9 years ago

လူတစ်ယောက်က သူ့ရဲ့ကားအသစ်ကို ပေါလစ်တိုက်နေပါတယ်၊ အဲဒီအချိန်မှာ သူ့ရဲ့(၆)နှစ်အရွယ် သမီးလေးဟာ ဝက်အူလှည့်နဲ့ ကားရဲ့ဘေးခြမ်းမှာ ခြစ်လိုက်တယ်။ သူတော်တော်စိတ်ဆိုးသွားပြီး သူ့သမီးလေးရဲ့လက်ကို သတိမထားမိပဲ
ဂွနဲ့ အချက်ပေါင်းများစွာ
ထုရိုက်မိသွားတယ်။

ဆေးရုံရောက်တော့ သမီးလေးရဲ့ လက်ချောင်းလေးတွေဟာ ကျိုးကြေကုန်လို့ မတတ်သာပဲ အကုန်ဖြတ်လိုက်ရရှာတယ်။ ဖခင်ကိုတွေ့တော့ နာကျည်းနေတဲ့မျက် ဝန်းတွေနဲ့ “ဖေဖေ...သမီးရဲ့ လက်ချောင်းတွေ ပြန်ပေါက်လာဦးပါ့မလား” လို့ မေးရှာတယ်။ ဖခင်ဟာ အရမ်းခံစားသွားရပြီး ပြောစရာစကားတွေ ပျောက်ဆုံးသွားတယ်။

ဒါနဲ့ သူ့ကားဆီကို ပြန်သွားပြီး သူ့ရဲ့ကားအသစ်ကို အချက်ပေါင်းများစွာ ကန်တယ်၊ မောပန်းပြီး ကားအနားမှာ ငုတ်တုတ်ထိုင်ရင်း သူ့ရဲ့ သမီးငယ် ခြစ်ထားတဲ့ ခြစ်ရာကို ကြည့်မိတယ်။
အဲဒီမှာ ရေးထားတာက....
“ဖေဖေ့ကိုချစ်တယ်” တဲ့။

ကနေ့ခေတ် လောကကြီးမှာ
လူတွေအချင်းချင်းတော့ သုံးသပ်ချက် မျိုးစုံနဲ့ အသုံးချချင်နေကြပြီး အရာဝတ္ထုတွေ အကြောင်းအရာတွေကိုသာ လွဲမှားစွာပဲ တန်ဖိုးထားမိ နေကြပါတယ်။

တကယ်တော့....
အရာဝတ္ထုတွေဆိုတာ အသုံးပြုဖို့၊ လူတွေဆိုတာ ချစ်ဖို့ပါလေ..နော့။😢

**Edited

Credit : Original Writer

Sai Laung Hein
Myint Htwe

image

Sort:  

မင်္ဂလာပါခင်ဗျာ original အရေးအသားတွေ ရေးရင်ပိုကောင်းမယ်ထင်ပါတယ်ဗျာ credit ဆိုရင်အားမပေးကြလို့ပါ steemit နဲ့ပတ်သက်ပြီး facebook group မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် အကူအညီများလည်းရယူနိုင်ပါတယ်

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.050
BTC 67418.90
ETH 1966.28
USDT 1.00
SBD 0.46