ေ ကာင္ း ကင္ယံက ေ တးသြားတစ္ပုဒ္
ေ ကာင္ း ကင္ယံက ေ တးသွားတစ်ပုဒ်
နိုင်ငံခြားဘာသာသင် တက္ကသိုလ်ကျောင်းဝင်းလေး၏ကန်တင်း၌ ကျောင်းသားကျောင်းသူများဖြင့်စည်ကားနေသည်။
ရုတ်တရက် ကန်တင်းသို့ဝင်လာသော ခြေသံရှင်များသို့အားလုံးအကြည့်များစုပြုံရောက်ရှိသွားတယ်။
မရောက်ခံနိုင်ရိုးလား သူတို့က ကျောင်းရဲ့ queenအုပ်စု
အားလုံးထဲ၌ သံစဉ်ရှင်းတေး ရဲ့အလှက ပေါ်လွင်လွန်းလှပြီးမြင်သူတိုင်းငေးယူရသည်။
ကန်တင်းထောင့်စုံဝိုင်း၌နေရာယူပြ်ီးတာတောင်အားလုံးအကြည့်က မခွာနိုင်သေး။
`ဟဲ့..ရှင်း နင်လင်းညှို့နဲ့ပြတ်ပြီဆို´
လွန်းကြာ့အမေးကြောင့်ရှင်းနှုတ်ခမ်းတွန့်၇ုံသာပြုံးလိုက်တယ်..
`အေးလေ..သူနဲ့တွဲရတာပျင်းလာလို့.သူလဲအပျော်ကြံတာ
ငါသိသားဘဲ ။သူမဖြတ်ခင်ငါအ၇င်ဖြတ်ပေးလိုက်တာ။´
`အမလေးဟယ်..လွယ်လိုက်တာ နင်ကမိန်ကလေး
ဆိုတာလဲသတိထားဦး´
`no problem ပါဟယ်တစ်ယောက်မကောင်းတစ်ယောက်
ပြောင်းပေါ့ဟ သူတို့ထဲကငါ့စိတ်ကြိုက်မတွေ့သေးလို့ပါ´
`အေးပါ ငါတော့နင့်ကိုလိုက်မမီတော့ဘူး ရှင်းရေ ´
`တော်ပါ လဝန်းပြာနင်ဒီနေ့ငြိမ်လှချည်လား ငါတို့ဘဲစကားများနေရတာ´
`မဟုတ်ပါဘူး..ငါစဉ်းစားနေတာ ´
`ဘာကိုလဲ´
`နင်ထားခဲ့တဲ့ရည်းစားတွေ တွက်ကြည့်နေတာ နှစ်ဒါဇင်လောက်ရှိမယ်ဆိုတာကို´
`ကြည့်စမ်းအရူးမအကောင်းမှတ်လို့ နားထောင်နေတာ´
ကဲကဲတော်ကြတော့ အတန်းချိန်နီးပြီး ပြန်ရအောင်´ . . . . . . . . . . . . . . . . . . . . . . .
ဟေ့ကောင်မာန် မင်းမလှုပ်၇ှားသေးဘူးလား´
`အေးဆေးပေါ့ မိန်းမဆိုတဲ့အမျိုးက အတင်းကြီးဝင်ေ၇ာလို့မရဘူးဟ အသေအချာ planချပြ်ီးမှ ဖြည်းဖြည်းချင်း ဝင်ရောရတာကွ´
`မင်က planတောင်ဆွဲပြီးပြီတော့ ဟုတ်မှလဲလုပ်နော် ´
`မင်းကလဲ မိုးကြိုးမာန်ပါကွ မသေချာရင်ခြင်တောင်လူငှါးရိုက်တာ မင်းသာတစ်ဝိုင်းပြင်ပြီး၊စောင့်နေလိုက်´
`ငါကတစ်ဝိုင်းလောက်ကပြသနာမရှိဘူး မင်းသာနိုင်အောင်အရင်လုပ်စမ်းပါ´
`အေးပါ ငါမနက်ဖြန်ကျ စလှုပ်ရှားပြီ´
`ဒါနဲ့ နေ့လည်ကမင်းအကိုတံတိုင်းဆီက ဖုန်းလာတယ်´
`ဟုတ်လား ကိုကြီးဆီက မုန့်ဖိုးလှမ်းတောင်းရမယ် အတော်ဘဲဟဲဟဲ သွားပြီငလင်းေ၇ ငါဖုန်းပြန်ဆက်လိုက်ဦးမယ်´
`အေးအေးလဒ ခြံထဲကနေအိမ်ထဲဝင်မှာကို နှုတ်ဆက်နေလိုက်တာ´
သူနဲ့မာန်နဲ့က တခြားကျောင်းသားတွေလိုအဆောင်မှာမနေ
နှစ်ယောက်လုံးငွေကြေးပြည့်စုံသူများမို့သီးသန့်အိမ်ဝယ်၍
နှစ်ယောက်ပေါင်းနေဖြစ်မိတယ်။
`တီ တီ တီ´
တစ်ဖက်မှဖုန်းမြည်သံကြောင့်တံတိုင်းဖုန်းကောက်ထူးလိုက်တယ်။
`ကိုကြီး တံတိုင်း ညီလေးပါ မာန်လေ´
`မဟုတ်လဲသိပါတယ် မိတ်ဆက်နေသေးတယ်´
`ကိုကြီးကလဲ မေ့နေမှာစိုးလို့ပြောပြတာ တစ်နှစ်နေလို့တစ်ခေါက်တောင်မြန်မာပြည်မပြန်လာဘဲနဲ့´
`စင်္ကာပူမှာ လုပ်ငန်းတွေပြောင်းရွှေ့နေလို့ပါ ပြီးရင်အကို
မြန်မာပြည်ကိုအပြီးပြန်လာမယ်´
`တကယ်လား ဘယ်တော့ပြန်လာမှာလဲ´
`ဒီနှစ်အတွင်းပေါ့ ဒါဘဲနော်အလုပ်ရှိလို့´
`ဟုတ်ပါပြီခင်ဗျာ´