Vivo NEX

in #mack-bot8 years ago

ပြီးခ့ဲတ့ဲ ဖေဖော်ဝါရီ တုန်းက MWC မှာ VIVO ဟာ သူ့ရဲ့ APEX Concept Phone အကြောင်း ပရိတ်သတ်ကို အမြည်းကျေွးသွားခ့ဲပါတယ်။ ဒါ့အပြင် ပြီးခ့ဲတ့ဲ တစ်ပတ်ကပဲ Vivo ဟာ လာမယ့် June 12 မှာပရိတ်သတ်ကို အ့ံအားသင့်စေမယ့် Device တစ်မျိုး ထုတ်ပြမယ်လို့ ကြေညာခ့ဲပါတယ်။ အ့ဲဒီ Device ကတော့ Vivo NEX ပါပဲ။IMG_20180602_201310.jpg

တရုတ် Social Media တစ်ခုဖြစ်တ့ဲ Weibo မှာ ပြောကြားထားတ့ဲ Vivo ရဲ့ စကားအရဆိုရင် Futuristic Experience တစ်ခုကို ပရိတ်သတ်တွေဆီ ယူလာပြမယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်လည်း ဒီ Vivo NEX Smartphone ဟာ “No-bezels & 100% screen-to-body ratio” ဖြစ်နိုင်တယ်ဆိုပြီး ကောလဟာလတွေ ထွက်နေပါတယ်။IMG_20180602_201323.jpg

ဒါ့ကြောင့် Selfie Camera ဟာ ဖုန်းရဲ့ထိပ်မှာ Peroscope လိုမျိုး ဖြစ်နေနိုင်ပြီး Under-display Fingerprint Scanner လည်းပါလာနိုင်တယ်ဆိုပြီး သတင်းထွက်နေပါတယ်။ OLED Display သုံးထားမယ်လို့ ခန့်မှန်းထားကြတ့ဲ ဒီဖုန်းကို Snapdragon 845 နဲ့ Run မယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

Vivo NEX ဟာ User တွေအတွက်တော့ စိတ်ကျေနပ်မှု ပေးနိုင်မှာ သေချာသလောက်ပါပဲ။ Vivo ဟာ ဒီဖုန်းကို $1000 နဲ့ $1100 လောက် ဝန်းကျင်နဲ့ စတင်ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Snapdragon 710 သုံးပြီး ဈေးပိုသက်သာတ့ဲ Model နောက်တစ်မျိုးကိုတော့ $780 လောက်နဲ့ ရောင်းချနိုင်ပါတယ်။
Source

Coin Marketplace

STEEM 0.07
TRX 0.29
JST 0.048
BTC 67373.05
ETH 2024.89
USDT 1.00
SBD 0.52