ပျော်ရွှင်သော ချစ်ခရီးလမ်းကို ပိုင်ဆိုင်နိုင်ကြပါစေ

in #mso6 years ago

မင်္ဂလာပါခင်ဗျား..
စာမရေးတာလဲ တော်တော်ကြာသွားပြီး ခုမှပြန်ရေးမယ်ဆိုတာ့ ။

ဒီနေ့မှာ ကျနော်ရေးချင်တဲ့ အကြောင်း မိတ်ဆွေတို့ ချစ်ရသူတွေနဲ့ ရေရှည် လက်တွဲနိုင်မဲ့
အကြောင်းအရင်း ၃ ချက်ကို ပြောပြချင်ပါတယ်။ ဒီအကြောင်းအရာတွေက ဖြစ်ဖြစ်ရော
ပြောတာတွေမဟုတ်ဘူးပေါ့နော် တကယ့်စိတ်ထဲမှာ ခံစားမိတဲ့ အချက်လေးတွေပါပဲ။
ကြည့်ကြရအောင်ဗျား...
အရင်ဆုံး ကိုယ်ချစ်ရတဲ့သူနဲ့ ရေရှည်လက်တွဲသွားဖို့ လမ်းကြောင်းတွေ သေချာရှိလားပေါ့။

နံပါတ် ၁ အနေနဲ့ ......
ကိုယ်ချစ်ရတဲ့သူနဲ့ အတူဆုံချိန်မှာ ကိုယ့်မှာ အကောင်းဘက်ကဖြစ်တဲ့ ခံစားမှုမျိုး
တော်တော်များများ ခံစားမိလားပေါ့။ ပြောရရင် ပျော်ရွှင်တယ် ၊ ကြည်နူးတယ် ၊ကျေနပ်နေမိတယ်၊
အားရှိသလို ဖြစ်မိတယ် ၊နွေးထွေးသလိုဖြစ်တယ်ပေါ့ ဒီလိုဖြစ်ပေါ်လာတဲ့ ခံစားမှုအားလုံးပေါ့နော် ၊
စိတ်မသာမယာ ခံစားမှုမျိုးတွေထက် ၊ ( ဥပမာ ) သူနဲ့ တွေ့ရင် အလိုလို စိတ်ရှုပ်လာသလို ၊ စိတ်ထဲမှာ
မကြည်နူးနေသလိုလို ၊ စကားမပြောချင်နေသလိုတွေ ဖြစ်နေတာထက် များနေမယ်ဆိုရင် အဆင်ပြေတဲ့ဘက်ပေါ်မှာ
ရပ်တည်နေပါပြီး။ ပြောရရင် ၅ ချိုး ၁ ချိုး လောက်ပေါ့။ တစ်နေ့တာတွက် အတူဆုံချိန်မှာ ပျော်ရွှင်မှူတွေက ၅ ခါ
မပြောလည်မှုတွေက ၁ ခါ အဲ့လောက်ပဲ ရှိနေသင့်တာပေါ့နော်။ဒီလိုမှလဲ ကိုယ်ရဲ့ချစ်သူနဲ့ ရှေ့ ဆက်မဲ့ လမ်းကြောင်းက
ကြာရှည်မှာလေ။နောက်ပြီး ရေရှည်လဲ ပျော်ရွှင်မှုတွေရရှိမှာပါ ၊ အဲ့ထက်ပိုများရင်တော့ ပိုကောင်းတာပေါ့နော် ။ပိုများရင်
ဆိုတာက အတူဆုံချိန် ပျော်ရွှင်တာတွေ ပိုခံစားရရင် ပိုပြီး လက်တွဲခိုင်မြဲတာပေါ့နော်။ တကယ်လို့ မနှစ်မြို့စရာတွေက
ပျော်ရွှင်မှူတွေနဲ့ တန်းတူလောက်ဖြစ်နေရင် ဒါကတော့ နည်းလမ်းရှာရတော့မယ်။ ပြသနာကို အမြန်ဆုံးဖြေရှင်းဖို့ လိုပါပြီး။
ဒီတိုင်းသာ ဆက်လွှတ်ထားမယ်ဆို အနာဂတ်မှာ ဒီထက်ပိုဆိုးတာတွေပဲ ကြုံလာရတော့မှာပါ။

နံပါတ် ၂ ကတော့

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်ထားကြရမယ် တစ်ဦးအကြောင်းတစ်ဦး သိထားရတော့မယ်။ အားလုံးသိရမယ်လို့ တော့
မဟုတ်ဘူးပေါ့နော်။ ကိုယ်နဲ့ အဓီက ပက်သက်တဲ့ အရာတွေလိုမျိုးပေါ့။ ဥပမာ....ဘယ်လိုအရောင်တွေ ကြိုက်ကြလဲ
ဘယ်လို အစားအစာတွေ ကြိုက်ကြလဲ ဘယ်တာတွေ အကြိုက်တူကြလဲ ၊ ဘဝတွက် ဘာတွေ စီစဉ်နေကြလဲ၊
ကိုယ့်ရဲ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲ ၊ ခုချိန် ဘာပြသနာတွေရှိလဲ ဘယ်လို ပရိုဂျက် တွေ စီစဉ်ထားလဲ ခုတလော ဘာတွေ
လုပ်ဖြစ်နေလဲ၊ ဘာတွေက ကိုယ့်တွက် အရေးပါနေလဲဆိုတာတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောကြရမယ်
နေ့တိုင်းလိုလို အမြဲလိုလို ပြောပြကြမယ် ၊ ကိုယ့်ရဲ့ အကြောင်းတွေကို မျှဝေကြမယ် ဆိုရင် တစ်ဦးနဲ့တစ်ဦး ပိုပြီး နီးကပ်လာသလို
ခံစားမိလာကြမယ်လေ။ ကိုယ်ဖက်က တစ်ယောက်တည်းသိရမှာ မယုတ်ဘူးနော် သူ့ဖက်ကလဲ ဒါတွေကို သိထားဖို့ လိုအပ်လိမ့်မယ်။
အချိန်တွေ အနည်းငယ် အကြာကြီးတွဲလာခဲ့ကြပြီးဖြစ်တဲ့ သူတွေလဲ ဒီလိုမျိုးတွေမရှိပဲ တစ်ဦးနဲ့တစ်ဦး ကြာလာတာနဲ့ အမျှ အပြောအဆို
နည်းလာပြီး ကိုယ်ဟာကိုယ်နေကြတဲ့သူတွေ ကိုယ့်အလုပ်ပဲကိုယ်လုပ်ကြ ပြောဆို ဆက်ဆံမှူနည်းလာတဲ့ စုံတွဲတွေလဲ ကျေးဇူးပြုပြီး
တစ်ဦးနဲ့တစ်ဦး စကားပြောဆိုကြတဲ့ဖက်ကို နည်းနည်းဦးစားပေးကြပါလို့ ပြောချင်ပါတယ်။

နံပါတ် ၃...
တစ်ဦးနဲ့တစ်ဦး အားပေးမှူမျိုးတွေ ရှိနေရမယ်။ ပြောရရင် တစ်ဦးက ပြသနာရှိတယ် အဆင်မပြေတာတွေရှိတယ် ဒါတွေကို တစ်ဦးက
ကူညီဖြေရှင်းပေးရပါလိမ့်မယ်။ ဥပမာ....တစ်ဦးက ပြောလာလိမ့်မယ် ၊ အို ဒီနေ့ အလုပ်မှာ သူဌေးနဲ့ အဆင်မပြေဖြစ်တယ် ပရောဂျက်
တော်တော် ထိခိုက်သွားတယ် အလုပ်တောင် ပြုတ်နိုင်လာမသိဘူး ပြောလာခဲ့ရင် ၊ ကျန်တဲ့တစ်ဦးက ဘယ်လို ပြန်ပြောရမလဲ
ဒါ အရေးကြီးတယ်နော်။ ရေရှည်တွက်လဲ အကျိုးသက်ရောက်မှူရှိနေတယ် ။ ဒီဖက်က ဒီလိုသာပြောလိုက်မယ်ဆိုရင်...
ပြောထားတာပဲ တွေ့လား ပြောတာ မယုံဘူး လက်မခံဘူးဟုတ် နင်က ဒီလိုပဲ ပြောလဲနားမထောင်တာ ဆိုပြီး သူ့ကို အပစ်သွားပြန်ပြောရင်
ဒီလိုကတော့ တော်တော်လေးပြသနာရှိတယ် တော်တော်လေးစိုးရိမ်းရတဲ့ အခြေနေနဲ့ရင်ဆိုင်ရလိမ့်မယ်။ အကောင်းဆုံးက ဘယ်လိုလဲဆိုရင်
သူ့ခံစားချက်ကို ရင်ထဲက နှလုံးသားထဲက သိနေပြီး သူ့တွက်ပါ စိတ်ပူပေးမိတာတွေ ၊ နောက်ပြီး အကျိုးအကြောင်းမေးကြည့်ပြီး သူ့ဘေးမှာ ရှိတယ်
ဆိုတာ သူ့ကိုသိစေပြီး အားပေးနှစ်သိမ့်ပေးပါ။အဲ့လိုဆို သူ့တွက်လဲ စိတ်အားပြန်လဲ ထက်သန်လာပြီး ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ
တွေ့ပြီး ကိုယ်တို့ရဲ့ အချစ်ခရီးလမ်းကြောင်းလဲ ရေရှည် ဖြောင့်ဖြူးနိုင်မှာပါ။
ဒီအကြောင်းအရာတွေကို လက်တွေ့ အသုံးပြုကြည့်ပါ ကျနော်ပြောတာကိုပဲ ဟုတ်တယ် မဟုတ်ဘူးဆိုပြီး လမ်းမဆုံးလိုက်ပါနဲ့။ လက်တွေ့ လုပ်ဆောင်မှ
လက်တွေ့ သိရမှာပါ။။။
ချစ်သူတိုင်း အဆင်ပြေကြပါစေ။။။။။။

                                       ....မိုးသက်....

MSO-5


Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 59722.01
ETH 3267.61
USDT 1.00
SBD 2.36