ဘယ်လ်ဂျီယံ အစိုးရမှ World Food Programme(WFP) ၏ Blockchain Project အတွက် ဒေါ်လာ ၂ သန်း ထောက်ပံ့steemCreated with Sketch.

in #msu8 years ago (edited)

ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော World Food Programme (WFP) ၏ တရားဝင် ကြေငြာခဲ့သော သတင်းတစ်ရပ်တွင် ဘယ်လ်ဂျီယံ အစိုးရသည် မိမိတို၏ Blockchain Project အတွက် ဒေါ်လာ နှစ်သန်း ထောက်ပံ့ခဲ့ကြောင်း ပါရှိခဲ့သည်။
download (5).jpeg

အဆိုပါ ငွေကြေး အကူအညီသည် United Nations(UN) ၏ ဆင်းရဲမွဲတေသော ဒေသများတွင် အစာရေစာ အပြည့်အဝ ထောက်ပံ့ရန် Blockchain နည်းပညာဖြင့်
အားထုတ်ကြိုးပမ်းနေမှုကိုများစွာ အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။ " The Building Block" ဟုအမည်ပေးထားသော ထို ပရောဂျက်ကို UN ၏ အခြား မိတ်ဖက် အေဂျင်စီများ၏
အကူအညီဖြင့် ပြီးစီး ဆောင်ရွက်ခဲ့ပြီး စစ်ဘေး, သဘာဝဘေး နှင့် အခြားသော ဘေးအန္တရာယ် အမျိုးမျိုးဖြင့် ဒုက္ခ ရောက်နေသော ဒုက္ခိတများထံ ငွေကြေးထောက်ပံ့ရာတွင် ပို၍ မြန်ဆန် တိကျစေရန် အတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပရောဂျက်မှတစ်ဆင့် လက်ရှိအချိန်ထိ ဆီးရီးယား ဒေသမှ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို အစာရေစာ နှင့် အခြားသော အထောက်အကူပစ္စည်းများကို ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
Source:Investing.Com

Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurreny နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU 052

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.076
BTC 71159.46
ETH 2205.15
USDT 1.00
SBD 0.49