ပေါင်သန်း ၅၀ အသင့်ပြင်ထားတဲ့ မန်ယူ

in #myanmar8 years ago

image

မက်ဂွိုင်းယားအတွက် ပေါင်သန်း ၅၀ အသင့်ပြင်ထားတဲ့ မန်ယူ


ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူဟယ်ရီမက်ဂွိုင်းယားကို မန်ယူအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့ အဆင်သင့်ရှိနေတယ်လို့ ဗြိတိန်သတင်းစာတွေကဖော်ပြခဲ့ကြပါတယ်။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ဟားလ်စီးတီးအသင်းကနေ လက်စတာကို ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့တန်ကြေးက ၃ ဆလောက်မြင့်တက်သွားပြီဖြစ်ကာ အသင်းကြီးတချို့ကလည်း သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ဒီနွေရာသီအတွင်းမှာ သူ့ရဲ့ခံစစ်ပိုင်းကိုအားဖြည့်ဖို့အတွက် ထိပ်တန်းနောက်ခံလူတစ်ဦးကိုခေါ်ယူမယ်လို့ဖွင့်ဟထားပြီး မက်ဂွိုင်းယားက သူ့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်လာခဲ့တာပါ။ သတင်းတွေအရတော့ အင်္ဂလန်အသင်းမှာ ဖီးလ်ဂျုံးစ်ကိုကျော်ပြီး ဦးစားပေးနေရာရခဲ့တဲ့ မက်ဂွိုင်းယားဟာ မန်ယူမှာလည်း ဖီးလ်ဂျုံးစ်နဲ့ စမောလင်းတို့လို အင်္ဂလန်စီနီယာကစားသမားတွေကိုကျော်ကာ ပုံမှန်နေရာရလိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် မက်ဂွိုင်းယားဟာ ဘယ်လ်ဂျီယံနဲ့ကစားရမယ့် တတိယလုပွဲအတွက်ပြင်ဆင်နေပြီး နားချိန်ရတုန်း ဇနီးလောင်းနဲ့အတူ ပန်းခြံမှာလျှောက်လည်တဲ့ပုံကိုလည်း သူ့ရဲ့လူမှုအကောင့်မှာတင်ခဲ့ပါသေးတယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.077
BTC 71102.42
ETH 2193.42
USDT 1.00
SBD 0.51