ဝမ်းတထွာရဲ့ သမုဒ္ဒရာ

in #myanmar9 years ago

image
တနွေလွန်ခဲ့ပြီမို့
တမိုးကိုလည်း သက်ခဲ့ပြီ။
အရှေ့ဆီမှာ ရောင်နီလင်းပြီပေါ့
ရှင်မရေ...
ထမင်းထုပ်ကို ပလိုင်းနဲ့လွယ်
တို့လယ်ပြင်ဆီ သွားကြမယ်ကွယ်။
မိုးတဖြိုက်မှာ ပျိုးထောင်ရအောင်ပ
လယ်ထွန်အမီ ရောက်မှတော်မည်လို့
နွားညီနောင် ထမ်းပိုးနဲ့တွဲလို့ကွယ်
နောက်က လိုက်ခဲ့ရှင်မရယ်....
ဒီတမိုးအောင်ရင်ဖြင့်
သွပ်မိုးဆောင် အိမ်ထောင်ဆောက်မယ်
အားခဲလို့အတူ။
သမုဒ္ဒရာရေးတဲ့ ဝမ်းတထွာ
ဘယ်လိုပင် ခက်ကာကြမ်းစေတော့
မောင်နှံအတူ ဖြတ်ကာသန်းရင်ဖြင့်
ခဲမခက်ဘူး...
မောင်တထမ်းဆို မယ်တရွက်
နောက်လိုက်နဲ့ ရှေ့ဆောင်
ညီညီညာ အတူရုန်းလို့
တို့အင်အား ပေါင်းကာစုလို့ရယ်
မြေကြီးမှာ ရွှေတွေသီးကာပေါ့
တို့လယ်ယာ တခေတ်ဆန်းရအောင်
ရှင်မရေ..
အားသစ်ကာမြူး...

@aungmyowin
Image from google

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 66587.77
ETH 2053.94
USDT 1.00
SBD 0.49