Group 4 မှ စကားသံများ

in #myanmar6 years ago (edited)

Online ပိုက်ဆံရှာရတာလဲ ခိုးဝင် ဘင်္ဂလီ တစ်ယောက်လိုပါပဲ နေရာ အတည်တကျ မရှိ ဟိုနေရာ ရနိုး၊ ဒီနေရာ ရနိုးနဲ့  ရှာနေခဲ့ရတာ အခုတော့ နေရာအတည်တကျ ရှိခဲ့ပါပြီ။2017 7 လပိုင်းမှာ steemit ဆိုတဲ့ လမ်းကြောင်း လေးအတိုင်းလျှာက်လာလိုက်တာ လမ်းခရီး မှာ MSC နဲ့ တွေ့ ဆုံခဲ့ရတော့ တော်တော်လေးကို အဆင်ပြေခဲ့ပါသည်။Steemit မှာ MSCကိုယ်ပိုင်နံပါတ်လေးနဲ့  ပို့ စ်လေး တွေ ရေးတင် Daily Promotion လေးတွေ ရတဲ့အချိန် SBD လေး အတော်အတန် စုမိခဲ့ပါသည်။သိပ်မကြာခင်မှာပဲ MSC ကိုယ်ပိုင်နံပါတ်လျှာက်ထားတဲ့ အကောင့် လေး ပျောက်ဆုံးသွားခဲ့ပါပြီ။အဲဒီချိန်မှာ ခံစားရတဲ့ အဖြစ်က ခိုးဝင် ဘင်္ဂလီ တစ်ယောက် မှန်း သိလို့ ရွာပြင် ထုတ်ခံရသလိုပါပဲ။(အပြင်မှာဆိုရင် ရဲလာဖမ်းမယ် ထင်တယ်)။အကောင့်သစ် ပြန်လုပ် ပြီး MSC မှာ နေချင်ကြောင်း ကွီးသက်နှင့် ကွီးဒို ဆီမှာ သွားပြော ရတယ်။ကွီးသက် က G-4 မှာထည့်လိုက်မယ်ဆိုတော့ G-4 ထဲရောက်လာခဲ့တာပေါ့နော် ပျော်စရာ ကောင်းတဲ့ G-4 ပါ။
image
G-4 ထဲရောက်တယ်ဆိုရင်ပဲ လူဟောင်းတွေ တော်တော်များများ ကို တွေ့ ရပါတယ်။G-4 ရဲ့  SL ဟာလဲ တစ်ချိန်က Best Author ဆုရထားတဲ့သူဆိုတာ သိထားတယ်လေ။SL က G-4 မှာ အတိအလင်း ပြောထားတယ်၊ G-4ကို ဝင်လာတဲ့ အသစ်လေးတွေကို မိတ်ဆက်တာ "ဆာပုလင်း နှင်းတောင်" ဆိုတာ "ငါ့ဘဲ" တဲ့၊ဘာလားပေါ့၊ အပြင်မှာသာ သူနဲ့ တွေ့ ရင် "နိ စတီးမစ် လုပ်နေတာလား "လို့ မေးရင် ဟုတ် လုပ်နေပါတယ် ဆိုရင် တော့၊" ဟယ် ရိုက်လိုက်ပါဦး"လို့  ပြောလေအမလားပေါ့ ၊စဉ်းစား နေမိတာ G-4 chat gp ထဲ SL ပို့ ထားတဲ့စာကို ဖတ်ရင်း ခဏနေတော့မှ "ဆားပုလင်း နှင်းတောင်" ဆိုတာ "ငါဘဲ"ဆိုမှ စိတ်သက်သာရာ ရသွားတယ်။SL နာမည်က" ဆားပုလင်း နှင်းတောင် "ဆိုတာ သိလိုက်ရတယ်။

ဆားပုလင်း နှင်းတောင် နာမည်နဲ့  သိုင်းဝတ္ထု ရေးဖို့  ကွီး Hein Min Aung ဆီ သွားအပ်ရမယ်။ပင်လယ်မှာ နေတဲ့  "ဆားပုလင်း" နှင့် နှင်းတောင် ပေါ်မှာ နေတဲ့ "ကိုနှင်းမောင်" ဘယ်သူ ပိုစွမ်းလဲ ဆိုတာ သိရမှာ ကွီး Hein Min Aung ရေးတဲ့ သိုင်း အကြောင်းတွေ ဖတ် ရတာ ကောင်းတယ်ဗျ။သိုင်းကျင့်တယ်ဆိုတာ ကလဲ လွယ်တဲ့ အလုပ်တော့ မလုပ်ဘူးလေ နှစ်ပေါင်းများစွာ ကျင့်ရတာ ၊တရုတ်ဇာတ်ကားတွေထဲမှာ ဂူအောင်းပြီး ကျင့်တာ တွေ တောင်ပေါ်မှာ တက်ပြီး သိုင်းကျင့်ကြတာတွေ့  ကြည့်ဖူးတယ်။သိုင်းအကြောင်း ရေးမယ်ဆိုရင်လဲ အတော်လေးကို စိတ်နှစ်ပြီးရေးမှ ရမယ်၊ ဂိုဏ်းကွဲနာမည်တွေ ပေးဖို့  ၊ ဘာသိုင်းကွက် ညာသိုင်းကွက် နာမည် တွေကလဲ အဆန်းတွေ ပေးမှ ရမယ်၊ ကွီး Hein Min Aung က ဒါတွေကျွမ်းတယ် သူရေးထားတာတွေ ဖတ်လို့ ကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လေ ဒါကြောင့် "SL" ကို စုံထောက် မလုပ်ခိုင်းပဲ သိုင်းကျင့်စေဖို့  ကွီး Hein Min Aung ဆီကနေ သိုင်းကျမ်းဝတ္ထုထုတ်ပြီး ဂူထဲမှာ သိုင်းကျင့် စေမယ်၊ SL ဂူထဲက ထွက်လာပြီဆိုရင် တတ်သည့်ပညာ မနေသာ၊ ဂူထဲ မှာ ကျင့်ခဲ့တဲ့ သိုင်းပညာ နှင့် အတွင်းအားတွေ၊ ကို စမ်းသတ်ဖို့  သံတောင်ပေါ်မှာ နေတဲ့ မာစတာအင်း နှင့် သိုင်းပညာ စမ်း စေမယ်ဆိုရင် ဖြင့် G-4 အဖွဲ့ သားများ ပွဲ ကောင်း တစ်ပွဲ ကြည့်ရမှာပါ။

သိုင်းလောကမှာ သံတောင်ပေါ်က မာစတာ အင်း ဆိုတာကလဲ ပေါ်လာတာ သိပ်မကြာသေးပေမယ့်၊ သူ့ fb အကောင့်ကို သွားကြည့်မယ် ဆိုရင် ဖြင့် Follower (36658) ယောက်ရှိနေတာကို တွေ့ ရမှာပါ။သူ့ ရဲ့ပရိသတ်တွေပေါများသလို တပည့် တွေလဲ ပေါများလှပါသည်။ရေးပြီးမှတော့ မထူးတော့ပါဘူးလေ နော ဒီလိုနဲ့  သိုင်းလောက မှာ နာမည်ကြီးနှစ်ယောက်ဆုံကြပြီ ဂူထဲက ထွက်လာတဲ့ " ဆာပုလင်း နှင်းတောင်" နှင့် သံတောင်ပေါ်က "မာစတာ အင်း" ဆိုပြီး တစ်ယောက်စကား တစ်ယောက်နား၊ တဖြေးဖြေးနဲ့  MSCရွာအနီးတဝိုက်မသိတဲ့သူ ဆိုတာ မရှိ၊ သူတို့ နှစ်ယောက်ရဲ့ သိုင်းပညာ ယှဉ်ပြိုင်မယ့် သတင်း ကြောင့် "မတ်မတ်စု"တို့ ရွာ မှာ သီတင်းသုံးတော်မှုနေတဲ့ ဆရာတော်Ven Guna က ဒီသတင်းကြားပြီး သကာလ မဖြစ်သင့်တာ မဖြစ်ရလေအောင် သူတို့  နှစ်ယောက် သိုင်းပြိုင်ပွဲ လုပ်မယ့်  ရက်မှာ သူ တို့ ရှိရာသို့  သွားရောက်၍၊ ပြိုင်ပွဲ မလုပ်ဖို့ တားပါတော့သည်။

"မတ်မတ်စု"တို့  ရွာက ဆရာတော် Ven Guna ဟာ တစ်ချိန်က ရှောင်လင် ကျောင်းဆင်း လို့  သိထားကြတယ်။နှင်းတောင် နှင့် သံတောင် သိုင်းပြိုင် ပွဲကို တားလို့  ရရင် ရ၊ မရရင် တော့ ရှောင်လင် ကျောင်းဆင်း ဆရာတော် ဘာလုပ်မည်ဆိုတာ မသိနိုင်၊အစ မှာ ဂူထဲက ထွက်လာတဲ့ "ဆားပုလင်း နှင်းတောင်" နှင့် "သံတောင်ပေါ်က မာစတာအင်း" တို့  ဟာ ပြိုင်မယ် တကဲကဲ ၊ ဆရာတော်မှ ပြောလို့ ရမည် ဟု မထင်ပါ၊ ဒါကြောင့် ပါလာတဲ့ ကြိမ်လုံး ကို ထုတ် လိုက်ရာ "နှင်းတောင်" နှင့် "သံတောင်"တို့ နှစ်ယောက် ကြိမ်လုံး ကိုမြင်ပြီး သာကာလ ချက်ခြင်း ဒူးထောက် ရှိခိုး ကြပါတော့တယ်။နှစ်ပေါင်း များစွာ ကျင့်လာတဲ့ သိုင်းပညာတွေ ဘယ်ရောက်သွားတယ် မသိ၊ ဆရာတော် ကြိမ်လုံး ကို ပင် ကောင်းကောင်း မကြည့်ရဲကြ၊ဆရာတော်မှ နှင်းတောင် နှင် သံတောင် နှစ်ယောက်ကို ၊တစ်ယောက်နဲ့  တစ်ယောက် ယှဉ်ပြိုင်တာ မကောင်းကြောင်း၊မိမိကိုယ်သာ ၊မိမိ ယှဉ်ပြိုင်ရန် ကောင်းကြောင်း၊ စတီးမစ် မှာ တစ်ယောက်နဲ့  တစ်ယောက် ယှဉ်ပြိုင်စရာ မရှိကြောင်း၊ SP သည်သာ အဓိက ဖြစ်ကြောင်း ပြောပြ၊ နားချ ပါတော့တယ်။

ဆရာတော်မှ နောက်ထပ် မှာကြားသည်မှာ SP များများ ရှိပြီး အသားညိုတဲ့ မန်တလာ သူ @babypyae ဆီကို ရွှေဘို သနပ်ခါးတုံး များ လက်ဆောင်ပေး ကြဖို့ ၊ သူအသားဖြူလာရင် votes များများ ရရှိ နိုင်ကြောင်း စတီးမစ် လမ်းစဉ် ကို မိန့် တော်မှုခဲ့ပါသည်။

ရေးရမည်ဆိုတော့ လဲ ရေးသားခဲ့ပြီ၊ ကျွန်တော်ရေးသားထားတာတွေကို ဖတ်ပြီး စိတ်ထဲ မထားကြပါနဲ့ 

Author >>@aungsanlwin
photo by @aungsanlwin
MSC-017
image

Sort:  

အကြံကောင်းသားပဲ သနပ်ခါးနဲ့ လာဘ်ထိုးတယ်။

ရမလားလို ့ ကြီးညီ

ရွှေဘိုသနပ်ခါး တပင်လောက်ဗျို့

ဒါဆို မတ်မတ်စု လဲ အသားမဲ တယ် ထင်ပ မတ်မတ်စု နဲ့ နီးပါတယ် MSCရွာ ဘုန်းတော်ကြီး ကျောင်းထဲမှာ တစ်ပင်ရှိတယ်ဗျ။

ဆရာ​တော်​ဘုရားကြိမ်​လုံးမြင်​​တော့လည်း ​ကြောက်​မိတာ​ပေါ့bro

မကြောက်လို့ မရဘူးလေ မှော်ကြိမ်လုံး

ဟီး မရေးတော့လည်း မရေးကြဘူး ရေးကြပြီဆိုရင်လည်း အခွီတွေချည်းပဲ နောက်တစ်ခေါက်ဆို ကိုအောင်ဆန်းလွင်ကြီး အကြောင်းပါအောင်ရေးမယ်

ရေးပါ ဆရာတော် စိတ်ကြိုက်သာ ရေးပါ စိတ်ဆိုးဘူး။

ဆားပုလင်းနှင်းတောင်ကြီးက ကျွန်တော့်ရွာမှာသကြီးဖြစ်နေတာ

ဒါဆိုရင်တော့ တစ်ရွာလုံးကြောက်ကြရမယ်ထင်တယ်

ဟားးဟားသူကလဲသိုင်းပညာမြင့်မားတယ်။

ဆရာ​တော်​ရဲ့ မိစ္ဆာနှိမ်​ကြိမ်​လုံး ၁၈ ကွက်​ ကို သူတို့​တွေ ​ကြောက်​သွားပြီ​လေ ...😂😂

ဟဲဟဲ ဟုတ်တယ်

ဆားပုလင်းနှင်းတောင်တဲ့ကွ ငိငိ

SL အတွက် သိုင်းကျမ်း လေး ရေးသားပေးဦး၊

SLကြီးကသိုင်းကျင့်​တာ ဂူ​အောင်​ကျင့်​သမို့ 
မ​ခေသူ​နော်

SL က အတွင်းအားတွေ များနေတာ

ရေးသားချက်တွေကတော့ကောင်းချက်ပဲဗျာ။ဂျီပုံးအဖွဲ့ကအားလုံးတော်ကြတယ်နော်အစ်ကို။

အေးဗျ ဟုတ်တယ်

မရိုးရဘူးဗျာ အခွီတွေချည့်ပဲ

ဟားးဟား အခွီး တွေပဲ ရေး သိပ်မရေးတတ်လို့ 

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61467.71
ETH 3435.85
USDT 1.00
SBD 2.51