ကျွန်တော်နှင့်အတူ လိုက်ပါခံစားကြည့်ပေးပါ

in #myanmar6 years ago (edited)

image
MSC အဖွဲ့ သားများ အားလုံးမင်္ဂလာပါ၊
နေ့ တိုင်းမြင်တွေ့ နေရတဲ့ ပတ်ဝန်းကျင် က အဖြစ်အပျက်လေးတွေကို နည်းနည်း လောက် လိုက်ပါ စိတ် ခံစားကြည့်မယ်ဆိုရင် ဘယ်လိုမျိုး အကျိုးတရား တွေ ရရှိနိုင်မလဲ? MSC ဘော်ဒါများ ကျွန်တော်နဲ့ အတူ လားရှိုး မြို့ထဲကို သွားကြည့်ရအောင်ပါ။ကျွန်တော် နေတဲ့ နေရာ ကနေ ခရီးစထွက်မယ်၊လားရှိုး ကချင်ကုန်းကနေပေါ့ စထွက်ပါပြီ ၊ View ကောင်းကောင်း ကြည့်နိုင်ဖို့  ဆိုင်ကယ် လေးနဲ့ သွားမယ် ၊ ပြောတဲ့ ပုံစံက ကား စီးနိုင်တဲ့ သူဌေး လိုလို ၊ မဟုတ်ရပါ။တကယ်က သူများဆီက ငှားစီးရတဲ့ ဆိုင်ကယ်လေးနဲ့  ကဲ ဘယ်လို ဘဲဖြစ်ဖြစ် လားရှိုးမြို့ထဲ တော့ ရောက်ပါလိမ့်မည်။
image
စထွက်လိုက်တာနဲ့  Oriental HighWay Company က ခင်းထားတဲ့ လမ်း မကြီးပေါ် ရောက်တာပဲ ၊ လမ်းရဲ့ ဘယ်ဘက် မှာရောက်နေတာ ဖြစ်လို့  ညာဘက် ကို ကူးရမယ် ၊ လမ်းမကြီးနှုတ်ခမ်း ပေါ် ခေါင်းတင် ကာ "ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့် " နဲ့ ကူးလိုက်တာ ကားလမ်းမ ရဲ့ ညာဘက်လမ်းပါ် ရောက်သွားခဲ့ပြီ၊ ညာဘက်ခြမ်းက ကိုယ့်လမ်းပဲ စိတ်ကြိုက်မောင်းလာလိုက်တာ AD တံတားပေါ် ရောက်ပြီ၊ မြင်သမျှ အရာတိုင်း လိုက်ပါ ခံစား၊စဉ်းစား တွေးတော ကြည့်ရအောင်ပါ။ဒီတံတားကို ဘာကြောင့် AD တံတားလို့ နာမည် ပေးထားတာလဲ ? စဉ်းစားမရ အို ငါက နယ်ခံမှ မဟုတ် တာ ဘယ်သိနိုင်မလဲ ၊ ကဲ ထားလိုက်ပါတော့ လေ၊သူများတွေ AD ဆို၊ နာလဲ AD ပေါ့။အရှေ့ ကလူနဲ့  နောက်ကလူ အတူတူ ပေါ့။
image
AD တံတားကို ကျော်လာလိုက်တာ ထောင်ကြီးနား ရောက်ပြီ၊ကွင်းအကျယ်ကြီးနဲ့  အဆောက်အဦး တွေ များပြားချက် ၊ ဥပဒေ နဲ့  မညီတဲ့ လုပ်ရပ်တွေ ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ထဲမှာ နေကြရတာပါ့။ ထောင်အဝင်ပေါက် မှာ ထောင်ဝင် စာ လာတွေ့ တဲ့ သူတွေထင်ပါရဲ့ အထုပ် ကိုယ်စီနဲ့ ၊ အို ဟုရေရွက် ကာ စိတ်မကောင်းဖြစ်မိပါသည်။ဒီလို နေရာတွေက အလည် သွားလို့  ကောင်းတဲ့ နေရာ မဟုတ်ပါဘူး ဆိုကာ ခရီးဆက် မီးပွိုင့်ကို ရောက်တော့ မြင်ကွင်းတွေက ကြည့်ကောင်းလာတယ်၊ ကာလာ အစုံပေါ့ ၊မီးပွိုင့် ကို ကျော်ပြီး လမ်းတလျှောက် မြင်ကွင်းတွေက အရမ်းကောင်းလာတယ်။ရှမ်းမ လေးလား၊ ပလောင်မလေးလား၊ တရုတ်မ လေးလား၊ ဗမာမလေးလား မသဲကွဲဘူး အလှကိုယ်စီနဲ့  လန်းနေကြတာကို ကြည့်ရင်း အို လောက ကြီးကို အလှဆင်နေတာ သူတို့  တွေလားဟု ထင်မှတ် မှား လောက်ပါဘိကွယ်။
image
ကဲကဲ မဖြစ်သေးဘူး လိုချင်တာရဖို့  ဈေးထဲဝင်အုံးမှ မြို့အလယ်ကို ရောက်ပြီ တိုက်အမြင့်တွေ နှင့် ကားအကောင်းစား တွေကို မြင့်ရတော့ လိုချင်တာပေါ့၊အားကျ မခံ အနားမှာ ရှိတဲ့ ထီဆိုင်ဝင်ပြီး ထီထိုး လိုက်တယ်။သိန်းတစ်သောင်းဆု ပေါက်ခဲ့ရင် သူတို့ လို နေနိုင်ပြီလေ။လိုချင်တာမရသေးတဲ့အတွက် ဈေးထဲဝင် ဟိုကြည့် ဒီကြည့် နဲ့  ကိုယ်လိုအပ်တာလေးတွေ ဝယ် ပြီး ဗိုက်ဆာ လာတာနဲ့  ခေါက်ဆွဲစားမယ်ပေါ့ ဈေးအနီးအနား မှာ ရှိတဲ့ ခေါက်ဆွဲဆိုင် လေးမှာ ဝင်ထိုင်လိုက်တယ်။ဆိုင်ရှင်ကိုကြည့်ပြီး စိုင်းဆိုင်မော့စ်ကို သွားသတိရမိတယ် " ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာလား " ဆိုတဲ့စာသားလေး တကယ်တော့ ဗိုက်ဆာလို့ စားခဲ့တာပါ။ခေါက်ဆွဲစားပြီးတော့ တက္ကသိုလ် လမ်းဘက်နေ ဘူတာ ဘက်ကို ပတ်ပြန်ခဲ့ပါသည်။ဘူတာ လမ်းမပေါ်ရောက်တော့ ကားတွေ များနေတာကို တွေ့ တယ် ဘာမှန်းမသိသေး၊ အနားရောက်တော့မှ နာရေး လိုက်ပို့ နေကြတဲ့ ကားတန်းရှည်ကြီးဆိုတာ သိရပါသည်။ နာရေးဆိုတာနဲ့  စိတ်ထဲပေါ်လာတာ က တစ်နေ့  ကိုယ်လဲ ဒီလမ်းသွားရမယ်ဆိုတာပါပဲ။အဲဒီစိတ်က မပျောက်ပြယ်သေး မသေခင် ဘာတွေ လုပ်သွား မှာလဲ ဆိုတာ တွေးတောရင်း အပြန်လမ်း ကို ဦးတည် မောင်းနင် နေခဲ့ပါသည်။

ဒီနေ့  အသုဘ လိုက်ပို့ ရင်း မြင်ခဲ့ရတာလေးတွေကို ရေးသားလိုက်ရတာပါ။ဖတ်လို့  အဆင်မပြေရင် အားလုံး ကိုတောင်းပန်ပါတယ်။ ဘာလို့ တောင်းပန်ရလဲဆိုတော့ ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ရင်း အကြိုက်မတွေ့ လှပါဘူး။
MSC အဖွဲ့ သားများ အခက်အခဲ ဟူသမျှ ရင်ဆိုင် ကျော်လွှားနိုင်ကြပါစေ။
Author >> @aungsanlwin
Photos credit;;Google Image
MSC-017

Sort:  

ကဲ တစ်နေရာတော့ ရောက်ဖူးသွားပြန်ပြီဗျာ ကျေးဇူးပါပဲ့

လားရှိုးမြို့ကြီး လှရဲ့လားဗျ

ကိုယ်​တိုင်​မြင်​​နေရသလို လိုက်​ပါခံစားမိပါတယ်​ဗျာ .. တစ်​ခုပဲ ..တစ်​ခု​လေးပါပဲ .. ​လောကကို အလှဆင်​သူ​လေး​တွေပုံ ဘာလို့မပါတာလဲဗျ .. 😂😂😂 စတာဘာ စတာဘာ

ဟဲဟဲ မတင်ရဲလို့ ၊

"ဒီခေါက်ဆွဲ ကောင်းလွန်းလို့စားတာလား" ကနေ
ရှေ့ဆက်ဆိုဖို့ ဆိုင်ရှင်ကိုကြည့်လိုက်တော့
ထိပ်ပြောင်ကြီးဖြစ်နေလို့ ဆက်မဆိုခဲ့ရဘူးပေါ့... :D

ဟားဟား ဟုတ်တယ် ပြောတတ်လိုက်တာ မစဉ်းစားမိဘူး

hee..ကိုယ်တွေ့တွေလေ အကိုရ..

လိုက်ခံစားပေးလ်ုက်ပါတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျား

တစ်နှစ်တစ်ခါတော့ အလည်အပတ်ထွက်ပေးသင့်တယ်

ဟုတ်တယ် အစ်မရေ ၊အဲလို ခရီးတွေ မထွက်ဖူးတော့ အနီးမှာ ရှိတဲ့ဟာလေး တွေပဲ ကြည့်နေရတာ

အားပေးလျှပ်ပါဗျ

ဟုတ်ကဲ့ ကျေးဇူးပါ ဖတ်ကောင်းအောင် ကြိုးစားရေးပါ့မယ်

လိုက် ပါ​​ခံစားကြည့်​မိပါတယ်

အရေးအသားတွေ မကောင်းဘူး အောင်ကြီးရေ

အဲ့လိုကိုလျောက်သွားပီး ဗြူးတွေခံစားလိုက် ဓာတ်ပုံတွေရိုက်လိုက်နဲ့ လုပ်ချင်နေတာ
တကယ်လည်းပျော်စရာကောင်းမယ်နော

သွားကြည့်ပါကွီးရယ် တစ်နေ့ တစ်မျိုး မရိုးရပါဘူး

လာခက်ပါဦးမယ်ဗျာ

လာခက် ပါ ရှမ်းမ တွေ ချောထှာ ၊ကချင်မလေးတွေက တစ်ပုံ၊ပလောင်မလေးတွေက တစ်မျိုး၊

ဝိုးမိုက်​ကြိုက်

ကွီးထွေး ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61567.88
ETH 3447.00
USDT 1.00
SBD 2.50