ဆန္ဒကို လစာနဲ့  ထိမ်းပါ - Salary And Wish

in #myanmar8 years ago

STEEMIT မှာ တစ်ပတ် တိတိ POST
မတင်နိုင်ခဲ့ပါဘူး ကျွန်တော် လုပ်နေတဲ့ Company မှာ တစ်နှစ်တစ်ခါ Audit ဝင်တယ်လေ ဘာပြောကောင်းမလဲ
images.jpeg
စာရင်းစစ်တွေလာတော့ ဟိုဟာ မကိုက်ရတာနဲ့ ဒီဟာ မကိုက်ရတာနဲ့ ပေါ့
အဝင် အထွက် စာရင်းတွေက လိုတာနဲ့
ပိုတာနဲ့ ကိုက်အောင် အဆင်ပြေအောင် ဆိုပြီး လုပ်လိုက်ရတာ တစ်ပတ်ထိပါပဲ
လူလဲ ဖျားချင် ချင်ဖြစ်သွားတယ်
ညဘက်တွေ ပါ စာရင်းလုပ်ရတာဆိုတော့
နောက်တော့လဲ အဆင်ပြေသွားပါတယ်
လိုရင်တိုး ပိုနေရင် ဖယ် ဒီစနစ် ကို သုံးလိုက်တာ အဆင်ပြေတယ်ဗျ
နောက်နှစ်ရက် လောက်ကြာရင် စာရင်းစစ်တာ ပြီးတော့မယ် ပျော်ပါတယ်
ဒါပေမဲ့
အိမ်ကိုပဲ စိတ်ကရောက်နေတယ် အိမ်မပြန်ဖြစ်တာလဲ ကြာပြီ အိမ်မှာ
images(3).jpeg
ဖေဖေ ၊မေမေ၊ အစ်ကို၊ညီးလေး၊ညီမလေး သူတို့ တွေနဲ့ ရင်းရင်း နှီးနှီး ၊ပျော်ပျော်ရွှင်ရွှင် မိဘ အိမ်ကလေးမှာ နေချင်မိတယ် ၊ လူက မပြန်ဖြစ်ပေမယ့်
ဒီချိန်ဆို အိမ်မှာ စားစရာ ၊သောက်စရာ တွေ ပေါနေပြီ၊ စိုက်ပျိုးထားတဲ့ သစ်သီးဝလံတွေကလဲ ပေါမှပေါ ဘာစားချင်လဲ အခုချက်ပြုတ်စားသောက်လို့ ရတယ်
ဒါတွေကို သိနေတယ် လေ ဘယ်နေရာပဲရောက်ရောက် အမေ ချက်တဲ့ ထမင်း၊ဟင်း လောက် စားလို့ မကောင်းပါဘူး ထမင်း စားတတ်တဲ့ အချိန်ကစပြီး အမေချက်တဲ့ ထမင်း နဲ့ ဟင်းစားလာတာ ဆိုတော့ ထမင်းစားချိန် ရောက်တိုင်း အမေ ချက်တဲ့ ထမင်း နှင့် ဟင်း ကို သတိယ နေမိတာ အမှန်ပါပဲ
images(4).jpeg
ကိုယ်ရောက်တဲ့ နေရာမှာ ကိုယ်ရတဲ့ လစာ လေးနဲ့ အဆင်ပြေမယ့် ထမင်းဆိုင် လေး လပေး ပေးပြီးစား၊
အဆင်ပြေတဲ့နေ့ ရှိတယ် ၊အဆင်မပြေတဲ့ နေ့တွေလဲ ရှိပါတယ်၊ ထမင်းဆိုင်ကလဲ ပေးထားတဲ့ လခ နဲ့ တန်အောင်သာ ကျွေးမှာပေါ့ ပြီးတော့ ကုန်ဈေးနှုန်းကလဲ ရှိသေးတယ် ၊ ဒီလိုနေ့မျိုးတွေမှာ အိမ်က ထမင်းဝိုင်း လေး ကို ပြေးသတိရ လိုက်တာပဲ စိတ်ထဲမှာတော့ အိမ်ရောက်မှ အမုန်းဆွဲမယ် လို့သာ အားတင်းပြီး ကျွေးတာလေးနဲ့ ဆွဲပလိုက်တယ်
ဗိုက်တော့ တင်းသွားတာပေါ့ ဒါဆိုရင်တော့ မသေတော့ဘူး

ဒီလိုကြုံတွေ့ ရတိုင်း ထမင်းဆိုင် ကြီးကြီးမှာ သွားဆွဲမယ်ကွာ လို့ တွေးလိုက်ရင် ရတဲ့လစာ လေးကို သွားသတိရတယ် အဖြစ်သေးပါဘူး
ရှိတာလေးနဲ့ အဆင်ပြေအောင် စားမယ်
ရှိတာလေးနဲ့ အဆင်ပြေအောင် ဝတ်မယ်
ဆန္ဒကို လစာ လေးနဲ့ ထိမ်းနိုင်ခဲ့ပါတယ်။
FB_IMG_1505066687650.jpg

ဘော်ဒါ တို့လဲ ဆန္ဒတွေကို ဝင်ငွေ လေးနဲ့ထိမ်းပါလို့  တိုက်တွန်းရင်း
Steemit မှာ အားလုံးပဲ အောင်မြင် ကြပါစေ။
credit:google image
Author:AungSannLwin

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.045
BTC 64137.73
ETH 1841.92
USDT 1.00
SBD 0.38