ချစ်လှစွာသောသူငယ်ချင်းများနှင့် ကျိုက်ထီးရိုးဘုရား သို့ အလည်တခေါက်

in #myanmar7 years ago (edited)

image
photo by google
လွန်ခဲ့သော ရုံးပိတ်ရက်က ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခရီးမထွက်ရတာကြာပြီ ဖြစ်သောကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တည်ရှိ
၍မြန်မာနိုင်ငံ၏တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည့် ကျိုက်ထီးရိုးဆံတော်
ရှင်စေတီတော်သို့သွားရန်တိုင်ပင်ကြလေတော့သည်။ ကျိုက်ထီးရိုးဘုရားမရောက်တာ ၁၀နှစ်လောက်ရှိသွားပြီဗျ။ကျွန်တော်တို့အုပ်စုထဲက ညီမ
အငယ် မွေးနေ့ နှင့်လဲ တိုက်ဆိုင်တာကြောင့် ဘုရားဖူးထွက်ဖို့ စီစဉ်ခဲ့ကြပါသည်။နောက်ပြီး ဘုရားလဲ ဖူးရင်းဓါတ်ပုံလဲ ရိုက်ရင်းပေါ့ဗျာ။
ထိုခရီးသွားမည့်ရက်မတိုင်ခင် နေကလဲ ပူတော့ ခရီးသွားဖို့ နဲ့ ဓါတ်ပုံရိုက်ဖို့အဆင်ပြေတာပေါ့။ ကျိုက်ထီးရိုးဆံတော်ရှင် ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာလှပါသည့်အတွက် ဓါတ်ပုံ ရိုက်ဖို့အရမ်း view ကောင်းပေါ့ဗျာ။ဒါကြောင့်လဲ ကျွန်တော်တို့ အုပ်စု၏ ဓါတ်ပုံ ဆရာဖြစ်သော Ag Mon ကိုအပါခေါ်တာပေါ့။ဒါပေမယ့် ကြိုတင် ပြော
ထားသော်လဲရုံးကိစ္စ အစည်းဝေးကိစ္စများ ဖြင့်တိုက်ဆိုင်ပြီး ကျွန်တော်တို့နဲ့
မလိုက်နိုင်ခဲ့ပါဘူး။ လိုက်ခဲ့လျှင်လဲ ရှု့ခင်းကောင်းကောင်းရမည်မဟုတ်နိုငပါချေ။ ကျွန်တော်တင်ထားသည့် ပုံများကြည့်လျှင်မိတ်ဆွေတို့တွေ့ပါလိမ့်
မည်။ဘာကြောင့်လဲ ဆိုတော့ မော်လမြိုင်ကနေ မနက်ပိုင်းရိုးရိုးလေးကာြး
ဖင့်ကျိုက်ထိုသို့ခရီးထွက်ခဲ့ကြပါသည်။
ကားစစထွက်ချင်းတော့ ရာသီဥတုက သာသာယာယာပေါ့ဗျာ။ လမ်းတစ်
ဝက်လဲရောက်ရော မိုးရွာပါလေရောဗျာ။ဓါတ်ပုံရိုက်ဖို့ စိတ်ကူး
ကတော့ပျောက်ကွယ်လုနီးပါးပေါ့ဗျာ။ဒီလိုနဲ့ ခရီးဆက်လာခဲ့ကြတာ
သုံးနာရီလောက်ကြာတော့ ကျိုက်ထိုသို့ ရောက်ပါတော့သည်။
image
ကျိုက်ထိုမြို့မှ လိုင်းကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းသို့ သွားကြပါသည်။ ကင်မွန်းစခန်းမှာတော့ ရာသီဥတုကတော့ အုံမှိုင်းမှိုင်းပေါ့။ တောင်တတ်တဲ့ကားပေါ်ရောက်တော့ ကျွန်တော်တို့ အုပ်စု လိုရမယ်ရ မိုးကာအကျီ င်္တွေဝယ်ထားရတယ်ဗျ။ မတော်လို့မိုးရွာရင် ကားပေါ်ထီးဆောင်းလို့မရဘူးလေ။ ကားကအမိုးတော့ပါပါတယ်။ဒီလိုနဲ့ ရသေ့တောင်ရောက်တော့ ကျွန်တော်ထင်ထားသည့်အတွင်း မိုးသည်းကြီးမဲကြီးရွာပါတော့သည်။
မိုးရွာလဲ ရွာပေါ့နော့်။ ရောက်အောင်တော့သွားရမှာပဲလေ။
ဒီနေ့မိုးရွာပေမယ့်မနက်ဖြန် နေထွက်ရင်ထွက်မှာပေါ့နော့်။
အဲလိုနဲ့ ရင်ပြင်ခြေရင်း ရောက်ခါနီးတော်တော်မိုးသည်းတယ်ဗျ။ ကားရပ်တော့ မိုးကွာဝတ်သူက ဝတ်၊အထုတ်ပိုးတွေ ချတဲ့လူကချပေါ့။ အဝတ်အိတ်တွေကို ပလပ်စတစ် အိတ်နဲ့ ထုတ်ဖို့ ရောင်းတဲ့သူမေးကြည့်တော့ ၅၀၀ တဲ့ဗျာ။အိတ်တစ်လုံး ၅၀၀ ဆိုတော့ အိတ်ဖိုးကြီးပဲ ၅၀၀၀ လောက်ကုန်မယ့်
အဖြစ်ပါလား။ မိတ်ဆွေတို့လဲ မိုးရွာနေရင် အိတ်တွေ ဆောင်သွားကြနော်။
မိုးကြီးတော့ အမှတ်တရ ဓါတ်ပုံတောင်မရိုက်နိုင်ပါဘူးဗျာ။ဒါပေမယ့်လဲ ဘုရားရင်ပြင်တော်ပေါ်ကို မိုးကာဝတ်ပြီး မိုးရေထဲ တပျော်တပါး
တတ်လာကြတာပေါ့ဗျာ။မိုးရွာတဲ့အချိန်လဲ ဤသို့အမိအရဓါတ်ပုံရိုက်ခဲ့
ကြပါတယ်။

ကျိုက်ထီးရိုး ဆံတော်ရှင် အကြောင်း နည်းနည်းပြောပြပါရစေဗျာ။

  • မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ်( ၁၁၁ )ခုနှစ်ဆောင်းဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊သထုံဘုရင် တိဿဓမ္မ
    သီဟရာဇာမင်းနှင့် မှုးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှုဒါန်းခဲ့ကြသည်။မြတ်စွာဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌( ၇ )ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ (၆) ပါးတို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ကန်တော့ကြပြီး ဓါတ်တော် မွေတော်များ ချီးမြှင့်ရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် (၇ ) ဦးတို့ အဖူးအမြော်ရောက်လာကြသဖြင့် အထက်ပါနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော်( ၂) ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အိုနာရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီမိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် (၃) ဆူကို မပျောက်မပျက်ရအောင်မိမိ၏ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် (၃) ဆူ ကို မည်သို့မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ထိုအခါသိကြားမင်းသည် လူ့ပြည်သို့ဆင်း၍ရသေ့ကြီး၏ ဆန္ဒအတိုင်းရသေ့ကြီးဦးခေါင်းနှင့်တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။
    ထိုသို့ ကျောက်တုံးပေါ်တွင်တည်ထားခဲ့သော စေတီတော်ကိုမွန်ဘာ
    သာဖြင့် "ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့်ရသေ့ရွက်သောဘုရား"
    ဟုခေါ်ဆိုခဲ့ကြသည်။
    နောင်ကာလကြာသော်"ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုး"ဟုစကားရွေ့လျား
    လာခဲ့ပါတော့သည်။ ကျန်ဆံတော်၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့်ကုသိနာရုံတောင် များတွင်အသီးသီး ဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် မှတ်တမ်းများရှိခဲ့သည်။ *
    image
    photo by google
    ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် တည်ရှိရာတောင်ထိပ်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှပါသည်။ကြီးမား၍မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ( ၅၀) ခန့်ရှိသောဦးခေါင်းပုံသဏ္ဍန်ကျောက်တုံးကြီးပေါ်တွင် ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားကိုးကွယ်ခဲ့သည်။
    -သမိုင်းကိုကား

i
ကျွန်တော်တို့ ရင်ပြင်ရောက်တော့ တိမ်ခိုးတိမ်ငွေ့တွေ နဲ့ ဘာမှ ကိုမမြင်ရဘူးဗျာ။ အခန်းလိုက်ရှာတော့ ရင်ပြင်တော်ကပြည့်စုံမှာရတယ်ဗျ။ အောက်ဘက်ဈေးတန်းမှာ ကမိုးတွင်းဆိုတော့ ဆိုင်ခန်းတွေ အများစုပိတ်တယ်ဗျ။
image
image
အခန်းရတော့အားလုံးစုပြီးနေကြပါတယ်။ အဲဒါမှပဲပျော်ဖို့ကောင်းမှာကိုးဗျ၊

နောက်တစ်နေ့ မုတ်ဆိုးတောင် နဲ့ ကျီးကန်းပါးစပ် သို့သွားလိုက်သေသည်။ မိုးမကုန်တာရောမိုးရွာတာရောကြောင့် တော်တော်ဂရုစိုက်သွားရသည်။
။လှေကားထစ်တွေက ရေညှိတွေနဲ့ ချောနေတာကြောင့်ပါ။

နောက်နေ့မှပဲ ကျီးကန်ပါးစပ် နှင့် မုဆိုးတောင်သွားတာလေးတွေ တင်ပေးမယ်ဗျို့။ ဒီနေ့တော့ဒီလောက်ပဲ မျက်စိနှောက်ကြပါဗျို့။

ဆက်လျှက်ဖတ်ရှုပေးပါအုံးခင်ဗျာ။ ။ ။



steemit မှ ဆရာများနှင်လုပ်ဖော်ကိုင်ဘက်များအားလုံး ကိုယ်စိတ်နှစ်
ဖျာကျန်းမာ ချမ်းသားကြပါစေ။

Sort:  

ကြံတူ​နေတာ​နော်

ဟားဟား ပုံတွေပေးအုံးဟ

ပျော်ရဲ့လားခင်ဗျ

ပျော်တာပေါ့လေ။ ဒါပေမယ့်လမ်းလျှောက်တာများလို့ ခြေစွဟ်ငုတ်နေတယ်ကွ။

Plastic မိုးကာ မြင်တော့မှ သတိထားမိတယ်။ သူငယ်ချင်းတွေကိုး။ @ayeminmaung & @aungmyothu

aungmyothu & htinlinaung & agmon တို့က သူငယ်ချင်းညီအစ်တွေလေ bro

The @OriginalWorks bot has determined this post by @ayeminmaung to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

To enter this post into the daily RESTEEM contest, upvote this comment! The user with the most upvotes on their @OriginalWorks comment will win!

For more information, Click Here!
Special thanks to @reggaemuffin for being a supporter! Vote him as a witness to help make Steemit a better place!

ခရီးသွားလေးတွေဖက်ရတာအရမ်းကောင်းတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါဗျာ။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 62946.22
ETH 3453.83
USDT 1.00
SBD 2.50