You are viewing a single comment's thread from:

RE: ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၂ ) ( Henry Aung )

in #myanmar8 years ago

ကိုဟင်ရဲ့ ခြုံတိုးပြီး သောင်ခုံပေါ်သွားခဲ့ရတဲ့ အရသာ ပြောပြတော့
ကျွန်တော့ အတွေ့အကြုံလေး သွားသတိရမိပါတယ်။
ကျွန်တော်လည်း အစိုးရဝန်ထမ်းဘဝ သောင်ရင်းမြစ်တစ်လျှောက်
စစ်ကြောင်းနှင့်အတူ ခရီးသွားဖြစ်တုန်းကတော့ ဗိုက်က
မအီမသာ ဖြစ်လာတာနဲ့ အကြီးသွားဖို့ ကြံရပါတယ်။
စစ်ဖြစ်နေစဉ်ဆိုတော့ လမ်းမှာ ခြုံလည်း မတိုးရဲတော့
စစ်သားတွေ မိုင်းရှင်းပေးထားတဲ့ လူမြင်ကွင်းမှာပဲ ပုဆိုးခြုံပြီး
သွားခဲ့ရတယ်ဗျ။ ရှက်သွေးဖြာတဲ့ မျက်နှာလေးငုံ့လို့သာပေါဗျာ😁
လွမ်းမောဖွယ်ကောင်းသော မန္တလေးညကတော့ဖြင့် အပိုင်း
ဘယ်လောက်မှ ရောက်မယ် မသိဘူးနော်။

Sort:  

အဲဒီဒုက္ခက တကယ်ကို မသေးပါဘူး။ အဲဒီလို ကိစ္စမျိုးတွေ စင်္ကပူမှာလည်း ကြုံခဲ့ဖူးတယ်။ နောက်ပိုင်း ကြုံလို့ရှိရင် "ကျွန်တောပြောသော စင်္ကပူ " အခန်းဆက်မှာ ဖေါ်ပြပေးပါ့မယ်။ လောလောဆယ်တော့ မန္တလေး ရောက်နေပါပြီ။ သိပ်မလိုတော့ပါဘူး။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.059
BTC 66460.98
ETH 1996.78
USDT 1.00
SBD 0.49