အိပ်ရေးပျက်တယ် မင်းကြောင့်ဘဲ

in #myanmar7 years ago (edited)

DreamJob.jpg
အရင်ကတော့ တစ်ရက်နှစ်ပို့စ်လောက် ရည်မှန်းထားပြီး ကြိုးစားပါတယ် တကယ်တမ်းမှာတော့ တစ်ရက်တစ်ပို့စ်ကို
မနည်း အားထည့်နေရသည့် အခြေအနေမှာရှိပါလေသည်။ ဖြစ်နိုင်လျှင် တစ်ရက် သုံးပို့စ်လောက်ထိ တင်ချင်ပါသည်။
အချိန်ဆိုတာကြီးက တကယ်ကို တိကျလေသည်။ မစောင့်ပါ အားနာ ပါးနာ ကိုမစောင့်ပါ။သူ့နောက်ကလိုက်နေရသည်။
သူက ကိုယ့်နောက်လိုက်သည်မဟုတ်။ မအားပါ အချိန်မရှိပါ လဲ မပြောရဲပါ။ ကိုယ့်လောဘနဲ့ ကိုယ်။ ကိုယ့်ဒေါသနဲ့ကိုယ်
ဆိုတော့လဲ အချိန်လေးတွေကို ပုလဲလုံးစီပြီး ပုလဲတစ်ကုံးဖြစ်အောင် လုပ်ရသည်။ ပုလဲလုံးလေးတွေနဲ့ ပုလဲတစ်ကုံးဖြစ်
ပြီဆိုကာမှ လက်ထဲတွင် ကျန်အောင်ချန်ထားသည့် ပုလဲလုံးလေးအား ရောင်းတန်ကရောင်း စုတန်ကစု လုပ်ရပါလေသည်။
သဘောပြောတာပါ။ တကယ်တော့ အ၀င်ဝမှာကိုဘဲ ဆိုင်းဘုတ် ကပ်ထားပါသည်။ ရောင်းရန်မဟုတ်။ သုံးရန်ဖြစ်သည်။
bobo (1).jpg
အချိန်လေးတွေကို ဖဲ့ပြီးစုရသည်။ အမှန်တကယ် အားသည့်အချိန်။ နားသည့်အချိန်ဆိုသည်ကလည်း အိပ်ချိန်လို့ တစ်ခါ
ပြောခဲ့ဖူးပါသည်။ တကယ်တမ်း လုပ်ကိုင်ရသည်က အိပ်ချိန်ထဲမှ ဖဲ့ပြီးလုပ်ရပါလေသည်။ အချိန်ကမလောက်ငပါ။ဒါနဲ့ဘဲ
တစ်မျိုးကြံပါသည်။နေ့ခင်းဘက် အလုပ်များကို ခပ်စိပ်စိပ်လေးစီရသည်။ အချိန်တိုလေးတွေကိုကဲ့ယူရသည်။မနက်ကနေ
ညအချိန်အထိ အချိန်တိုလေးတွေကိုခပ်စိပ်စိပ်စီပြီး ကဲ့ထုတ်လာခဲ့သည့်အတွက် တစ်နာရီကျော်ကျော်ခန့် ထွက်လာသည်။
ဒီလောက်ဆိုရင် အတော်ဟုတ်နေပြီ။ညအချိန်နဲ့ ပိုလာတဲ့အချိန်လေးပေါင်းပြီး လုပ်စရာကိုင်စရာများ လုပ်ရကိုင်ရသည်။
အမြဲတမ်းတော့ တွက်ဆသလို အဖြေကမထွက်ပါ။ နာရီဝက်လောက်သာပိုသည့်နေ့လဲရှိသည်။ ငါးမိနစ်လောက်သာပို
သည့်နေ့လဲရှိသည်။အချိန်မပိုသည့်အပြင် ညအချိန်ထဲမှ ပဲ့ပါသွားသည့်နေ့တွေလည်းရှိပါသေးသည်။ဧည့်သည်လာလျှင်
တော့ ပြေးလို့မှမလွတ်သည်ဘဲလေ။
hbg.jpg
တွေးတွေးပြီးတော့ ၀ါးလုံးကွဲလဲရယ်ချင်မိသည်။ကိုယ့်အဖြစ်က သူများအဖြစ်လိုမဟုတ်။ဒီလိုမှမလုပ်လဲ မလုပ်ရရုံရှိလေမည်။
ကိုယ့်အချိန်ကိုယ်မပိုင်တဲ့ဘ၀မှာ တိကျစွာလဲသိပ်လုပ်လို့မဖြစ်။ အသေချာဆုံးကတော့ အိပ်ချိန်ထဲက ထုတ်သုံးရလေသည်။
နောက်မှအတိုးချပြီး ပြန်ဆပ်ရပေမည်။မကြာခဏ အကြွေးတောင်းခံရတက်ပါသေးသည်။ ညောင်းတာလိုလို ကိုက်တာလိုလို မူးတာလိုလို
ချောင်းဆိုးလိုက်ရမလား နှာဆေးလိုက်ရမလား။ မီးနီလေးတော့ပြချင်သေးသည်။မတက်နိုင်ပါ။ဒီလိုဘဲဆက်လုပ်ရပါဦးမည်။
အရင်လိုတော့ တစ်ရက်နှစ်ပုဒ်မရတော့။တစ်ရက်တစ်ပုဒ်တောင် နပ်မှန်အောင် ရေးရပါလေသည်။

image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

ပရိုရက်တောင်နပ်မမှန်ပါဘူးဗျာ

အစ်ကိုရေ မှန်မှန်လေးနဲ့စိပ်စိပ်လေး ရေးစေချင်ပါတယ်
တကယ်ဆို အစ်ကိုတို့ကို စံနမူနာယူပြီး ကျွန်တော်တို့
နောက်က လိုက်ပါလုပ်ဆောင်ခဲ့ရတာပါ။
မင်းနောင် ဘုတ်စတား ပို့စ်လေးအတွက် ယနေ့တိုင်အောင်
အစ်ကို့ကို ကျေးဇူးတင်နေပါတယ်။ တကယ်အကျိုးရှိတဲ့ပို့စ်
တစ်ပုဒ်ပါ

အဆင်​​ပြေသလို ချင့်​ချိန်​ပြီး လုပ်​ရတာ​ပေါ့​ဗျာ....။ကျ​နော်​လာ်း အကို့လိုပါပဲ ​နေ့ဘက်​ဆို ဖုန်းကိုင်​ဖို့​တောင်​အချိန်​မရဘူး....။
ညပိုင်းပဲ လုပ်​စရာရှိတာ​တွေလုပ်​ရတာပါ...။
ရသမျှအချိန်​​ပို​လေး​တွေကို အကျိုးရှိရှိအသုံးချနိုင်​ပါ​စေဗျာ......။

ဆက်ကျိုးစားအားထုတ်ကြတာပေါ့ဗျာ
တစ်ချိန်မှာတော့ မဟာအခွင့်အရေးဆိုတာ ပေါ်လာမှာပါ

အတူတူပါပဲ ကွီး​ဘို​ရေ

စိတ်ဝင်စားမှု အားကြီးလို့သာပေါ့

ဟုတ်တယ်ကိုဘို…နော်လည်းနွေရာသီမြန်မြန်ရောက်ပါစေဆုတောင်းနေရတယ်……😄

တောင်ပေါ်သားတွေ နွေမျှော်ကြလေပြီ

သြော် အဲ့လောက်အချိန်မရှိ မှတော့ ဘယ်ချိန် မိန်းမရပါ့

အချိန်တန်သည့်အခါ အရွယ်တန်သည့်အခါ

အချိန်​ရှားပါးလှပါလား bro ရယ်

ရှာမရှားပါဆို

တစ်​ခါတစ်​​လေ အလုပ်​က ည12နာရီ​လောက်​ဆို​တော့ စာ​ရေးချိန်​ဆိုတာ ရှားပါးပဲအကို​ရေ

အဖေါ်တော့ရှိသေးတယ်

အချိန်က တကယ်အလုပ်လုပ်တဲ့ သူတွေအတွက်မလုံလောက်ဘူး ကိုကြီးရေ

ဟုတ်တယ်ညီရေ

အချိန်တွေရှားပါးလာ

ရှာမရှားပါဘဲ

Good post bro

ကျေးဇူးပါညီရေ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65531.60
ETH 2644.26
USDT 1.00
SBD 2.81