You are viewing a single comment's thread from:

RE: Shz

in #myanmar8 years ago (edited)

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ ကူးယူခြင်းနှင့် ကိုးကားခြင်းမှာ များစွာ ကွာခြားလှပါသည် ။ သူတစ်ပါးရေးသားထားသည်ကို ကူးယူပြီး ကိုးကားသည်ဆိုရုံဖြင့် ကိုယ်ပိုင်ဖြစ်မလာနိုင်ပါ ။ရေးသူမှာလဲ မိမိ ကိုယ်တိုင်ဖြစ်ကြောင်းထည့်ထားရာ အလွန်ရှက်ဖွယ် ကောင်းလှပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 66587.77
ETH 2053.94
USDT 1.00
SBD 0.49