ပြင်ဆင်လို့မရသောအမှားများ ကင်းဝေးကျပါစေ

in #myanmar8 years ago

လူတိုင်းမှာ နားလည်မှူ့စာနာထောက်ထားမှူ့လေးတွေ
ကိုယ်စီရှိကျရင်သိပ်ကောင်းမှာပဲ တခါတလေ တဖက်သက်ကြီး
ခံနေရတဲ့ ဘဝက ခါးသီးလွန်းတယ် စိတ်အခနိ့မသင့်လို့ ပေါက်
ကွဲရင်လဲ အပြစ်ဖြစ်ရတယ် ကိုယ်ကျင့်တရားလေးလဲ ကောင်း
အောင်နေကျပါ ကိုယ့်အတွက်ကောင်းအောင်နေပေးတဲ့သူကို
ကျ အချိန်တွေနေ့တွေရက်တွေကန့်သတ်ထားကျတယ် ဘဝ
မတွက်အရေးမပါတဲ့အရာတွေ ကိုယ့်ကိုဒုက္ခပေးမဲ့အရာတွေကျ
ရှေ့တန်းတင်ဦးစားပေး ပျော်ငွေ့ကျတယ် သိလျက်နဲ့ရှေ့ဆက်
နေရင် နောင်တဆိုတာကိုယ့်ရှေ့ရောက်လာမှာပဲ ကျွန်နော် အ
ရမ်းမကောင်းပါဘူး အဆိုးကြီးလဲမဟုတ်ပါဘူး အားလုံးကိုအဆင်
ပြေအောင် အရာရာသီးခံပြီးနေပေးပါတယ် ကိုယ့်အလှည့်ကျတော့
အားပေးစကားတခွန်းတောငိမပြောကျဘူး ဝမ်းမနည်းပါဘူး
အားငယ်မိတာတော့အမှန်ပဲ ဘဝတခုအတွက် ရင်းတဲ့အရင်းအမြစ်
ကမှန်ကန်ပါစေ ပျော်ရွှင်စရာတော့ကြုံလာမှာပါ ဘဝတခုလုံးနဲ့
ဆိုင်တဲ့အရာ မှားယွင်းစွာအသုံးချမိရင်တော့ တသက်တာခံစားရ
မှာပဲလေ အဲ့ဒီအခါကျမှ လက်ညိုးထိုးပြီးအပြစ်လာမတင်မိပါစေနဲ့
သင်ကောင်းလျှင် ကျွန်န်ုပ်မဆိုးပါ သင်မကောင်းလျှင်တော့ သင်
ကိုယ်တိုင်ခံပါ လူတယောက်မှာ ဘဝတခုအတွက်မှားယွင်းတဲ့လုပ်
ရပ်အမျိုးမျိုးရှိကျပါတယ် သင်တိုယ်တိုင် မှားတဲ့အမှားက ပွဲလယ်
တော့ထွက်ရဲဖို့လိုပါတယ် ပြင်လို့ရတဲ့အမှား ပြင်လို့မရတဲ့အမှား
ဘယ်အရာကိုသင်လိုချင်ပါသလဲ ဘယ်အရာမှ မရရင်ပိုကောင်းပါ
တယ် လူတိုင်းအမှားနဲ့မကင်းကျသူတွေမို့ ပြင်လို့ရတဲ့အမှားသာ
ပြင်ဆင်ချိန်ရကျပါစေဗျာ ။
ကိုယ်ကျင့်တရားနဲ့မမှားဖို့တော့အရေးကြီးပါတယ် ခုခေတ်
ကြီးမှာ ကိုယ်ကျင့်တရားပျက်ဖို့အရမ်းလွယ်ပါတယ် တနှာအမှား
ယှက်ဆုတ်ရွံ့စရာအကောင်းဆုံးလို့ထင်ပါတယ် ဘဝရှေ့ရေးအ
တွက်အရေးကြီးဆုံးလို့လဲထင်မိပါတယ် မိမိကိုယ်တိုင်ရောနောင်
ရေး သားသမီးမြေးမြစ်အထိ ထိခိုက်နိုင်တာမို့ စဉ်းစားမိသလောက်
ရေးလိုက်တာပါခင်ဗျာ အမှားပါရင်ခွင့်လွှတ်နားလည်ပေးကျပါရန်
အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.046
BTC 65525.97
ETH 1909.38
USDT 1.00
SBD 0.49