ဘာမဟုတ်​တဲ့ မာန(Original Story by Ye Htet Kyaw)

in #myanmar8 years ago

image
"အနည်းဆုံးတော့ ဂုဏ်ထူးခြောက်ခု ပါရမယ် ဆိုတဲ့ စိတ်လေး ခေါင်းထဲ အမြဲထည့်ထား" လို့ ပြောတော့ ကျောင်းသားလေးက ရယ်တယ် ...။

ကျွန်တော့် တောင်ပြန်မေးလိုက်သေး ... "ခြောက်ဘာသာ ဆိုတဲ့ နောက်မှာ ဘာများ ထပ်ရစရာရှိသေးလို့လဲ ဆရာရယ်" တဲ့ ...။

ဒီ တစ်ခါတော့ ကျွန်တော်ပြုံးမိတဲ့ အလှည့် ...။ ကျွန်တော် သေချာ ရှင်းပြလိုက်တယ် ..။

ခြောက်ဘာသာ ဂုဏ်ထူး ဆိုတာကို ကျောင်းသား တွေက အမြင့်ဆုံးဖြစ်နေပြီလို့ မြင်နေကြတယ် ..။
တကယ်တော့ မှားနေတယ် ...။ ခြောက်ဘာသာ နောက်မှာ ဆက်ရစရာတွေ အများကြီး ရှိသေးတယ်လေ ..။
ခြောက်ဘာသာဂုဏ်ထူး ... အဲ့ထက်မြင့်သွားရင် Top Ten ... အဲ့ထက် ထပ်မြင့် သွားမယ်ဆိုရင် .. ဘာသာရပ်ဆိုင်ရာ အမြင့်ဆုံးအမှတ်တွေ ...
အဲ့ထက် ထပ်မြှင့်လိုက်မယ်ဆိုရင် နှစ် ၅၀ အတွင်း စံချိန်တင်ထားတဲ့ ၅၅၀ ဆိုတဲ့ အမှတ်ပေါင်း ကို ကျော်အောင် လုပ်မယ် ...။
အများကြီးပါ ... .။

အဲ့ဒီ အကြောင်း တွေကို ကျောင်းသား လေးကို ရှင်းပြပြီးတော့ ကျွန်တော် ဆက်တွေးမိတယ် ...။

လူတွေက ကိုယ်မြင် နေတဲ့ အမြင့်ဆုံး ဆိုတဲ့ အရာရဲ့ နောက်မှာ ဘာမှဆက်မရှိတော့ဘူးလို့ ထင်တတ်မြင်တတ်ကြတယ် ...။
ကိုယ့်လက်ရှိနေရာက အကောင်းဆုံးလို့ ထင်တတ်ကြတယ် ...။ အဲ့ဒီ စိတ်အခြေခံကြောင့် မာန်မာန တရားတွေ ဖြစ်လာကြတာ ..။
တကယ်တော့ ကိုယ့် ရဲ့ အထက်မှာ ကိုယ့်ထပ်ကောင်းတဲ့ တစ်နေရာ အမြဲတမ်းရှိနေဦးမှာ လို့ စိတ်ထဲ ရှိနေရင် ... မာန်မာန ဆိုတာ ဖြစ်လာမယ် လို့ မထင်ဘူး ...။

image

စိတ်ထားမြတ်အောင် အထား တတ်ပါစေ ..။
လေးစားစွာဖြင့်

image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 68998.03
ETH 2127.62
USDT 1.00
SBD 0.47