သူမကိုပြောပြခွင့်မရခဲ့သော ပုံပြင်လေး အပိုင်း (၂) (Original Story By Ye Htet Kyaw)
သစ္စာမရှိသော ကောင်လေး
မြို့ငယ်လေးတစ်မြို့မှာ မျက်နှာများတတ်သော ကောင်လေးတစ်ယောက်နဲ့ အရမ်းရစ်တတ်သော ကောင်မလေးနှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်နေကြသတဲ့
ဒါပေမယ့်
ကောင်မလေးဟာ မျက်နှာများတတ်တဲ့ကောင်လေးကို သူမတစ်ယောက်ထဲကိုပဲ သစ္စာရှိစွာချစ်တယ်လို့ ထင်နေပါသတဲ့..... အဲ့လိုနဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ အချိန်တွေ တစ်လပြီးတစ်လ တစ်ရက်ပြီးတစ်ရက် ချစ်သူသက်တမ်းတွေကို ကျော်ဖြတ်ပြီးသကာလ ချစ်သူသက်တမ်း ၉လပြည့်တဲ့ အချိန်ကြမှ ကောင်မလေးက ကောင်လေးရဲ့ အရှုပ်တော်ပုံတွေ အကြောင်းကို သိလိုက်ရပါသတဲ့...
အဲ့နေ့မှာ ကောင်မလေးဟာ အရမ်းဝမ်းနည်းပြီးတော့ ငိုကျွေးခဲ့ရပါတယ် ..... အရမ်းပဲ ၀မ်းနည်းစွာနဲ့ နေ့စဉ်နေ့တိုင်း ငိုကျွေးခဲ့ရပါတယ်.... အဲ့လိုနဲ့ ကောင်လေးလဲ သူ့ရဲ့မျက်နှာများမှုတွေကို ကောင်မလေး သိသွားပြီးတဲ့နောက် ကောင်မလေး ၀မ်းနည်း ငိုကျွေးနေတာကို အရမ်းရှက်မိပြီး ကောင်လေးလဲကောင်မလေးကို ရင်မဆိုင်ရဲတော့ပဲ နောက်တော့ ကောင်လေးလဲ သူရဲ့ အရှက်တရားအတွက် သူကိုယ်တိုင်ပဲ သူ့ရဲ့အတိတ်ကအမှားတွေကို ကောင်မလေးအတွက် ပြုပြင်နိုင်အောင် စပြီးကြိုးစားခဲ့ပါတယ်...
ဒါပေမယ့်
ကောင်လေးဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကောင်လးကြိုးစားမှုတွေဟာ အရာမထင်တော့သလို ကောင်မလေးဟာလဲ ကောင်လေးအပေါ် ယုံကြည်မှု ပျက်သွားသလို အချစ်တွေလဲ ပျောက်ဆုံးသွားပါတော့တယ် နောက်တော့လဲ ကောင်လေးဟာ သူမှားခဲ့တဲ့ အရာတွေနဲ့ ကောင်မလေးသူ့ကို မုန်းသွားတယ်ဆိုပြီး နောင်တတွေများစွာနဲ့ နေ့စဉ်နေ့တိုင်း ၀မ်းနဲကြေကွဲရပါတော့တယ်...
တကယ်တော့ သစ္စာဖောက်မှုဆိုတာ ကိုယ်ယုံကြည်ရတဲ့လူတွေဆီကပဲရတတ်တယ် တစ်ခါသစ္စာဖောက်ဖူးတဲ့လူကို ဘယ်သောအခါမှ ပြန်လည်ယုံကြည်နိုင်မှာ မဟုတ်တော့ပါဘူး
ဒါ့ကြောင့် သင်ဟာဘယ်လောက်ပဲ ယုံကြည်မှုရအောင်ကြိုးစားကြိုးစား ဘယ်သောအခါမှ သင့်ကို မယုံကြည်နိုင်တော့ပါဘူး