IF I WERE A MILLIONAIRE

in #myanmar9 years ago (edited)

IF I WERE A MILLIONAIRE
ကျွန်တော်သာ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ခဲ့ရင်(စိတ်ကူးနဲ့ရှုးခြင်း)
image
ငွေက ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို တကယ်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ လူအများစုပြောကြပါတယ်။ ဒီလိုဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ငွေဟာ ဘ၀မှာ အရေးကြီးဆုံးအရာများထဲက တစ်ခုဖြစ်လို့ပေါ့။ ဒါ့ကြောင့် ကံကြမာကောင်းက မျက်နှာသာပေး လို့ရင် ကျွန်တော် သန်းကြွယ် သူဋ္ဌေးတစ်ယောက် အဖြစ် ချမ်းသာချင်ပါတယ်ဗျာ။
ကျွန်တော်ချမ်းသာရင် အကောင် အထည်ဖော်မယ့် အိမ်မက်တချို့ ရှိပါတယ်။ ကျွန်တော်သာ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ခဲ့ရင် ကျွန်တော်ရဲ့ ချမ်းသာကြွယ်ဝမှုကို ကျွန်တော် အတွက်သာမက မိသားစု အတွက်လည်းပဲ အသုံးချမယ်။ image
အားလုံးထဲက ပထမဆုံး အချက်ကတော့ မိသားစုနဲ့အတူနေဖို့ လှေခါးနှစ်စင်းပါတဲ့ ခမ်းခမ်းနားနား အိမ်တစ်လုံး ၀ယ်လိုက်မယ်။ image
လှပတဲ့ ပန်းတွေနဲ့ ပန်းဥယျာဉ်လှလှကြီးတစ်ခု ပိုင်ဆိုင်မယ်။

ဟိုဟိုဒီဒီသွားဖို့ နောက်ဆုံးပေါ် မော်ဒယ် ကားတစ်စီး ၀ယ်လိုက်မယ်။
image
အရှေ့တောင်အာရှနိုင်ငံများအပြင်ဲ အခြားနိုင်ငံခြား တိုင်းပြည်များကိုလည်း သွားလယ်မယ်။ image
အဲ့ဒီနောက် အမျိုးတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သူတို့ရဲ့ ပညာရေးအဆင့်တွေအရ အလုပ်အကိုင်ပေးမယ်။
ဆင်းရဲ သားတွေနဲ့ လိုအပ်သူတွေကို အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖြည့်ဆည်းပေးမယ်။
နောက်ပြီးတော့ စိတ်ကူးတွေကို ဖြည့်ဆည်းပေးခြင်းဖြင့် မိဘတွေကို ကျေးဇူးအကြွေး ပြန်လည်ပေးဆပ်မယ်။
နောက်ဆုံးကတော့ ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ပါမယ်။ image
ဘုရားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ မိဘမဲ့ဂေဟာတွေကို ငွေတွေအများကြီး လှူလိုက်မယ်။
ကလေးတွေအတွက် သူတို့ကြိုက်တဲ့စာအုပ်တွေ ဘယ်ဟာမဆို ဖက်ဖို့ စာကြည့်တိုက်ကြီးတစ်ခု တည်ဆောက်လိုက်မယ်။ image အထက်မှာဖော်ပြထားတဲ့အတိုင်း ဒါတွေဟာ ကျွန်တော် ငွေတွေအများကြီးရှိရင် တကယ်ပြုလုပ်မယ့်အရာတွေပေါ့။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

Sort:  

Using irrelevant tags, especially popular tags, makes it hard to find good and relevant content.
Please try to use only relevant tags when posting!

#steemit

Please only use the “steemit” tag for articles distinctly related to Steemit, the website, itself.

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 66428.29
ETH 2038.08
USDT 1.00
SBD 0.48