စောင့်ကြည့်ကင်မရာများ၏တည်နေရာများကို သိရှိနိုင်တော့မည်

in #myanmar6 years ago

ယနေ့မျက်မှောက်ခေတ် ဥပဒေရေးသည် မျက်နှာဆိုင်ရာခွဲခြမ်းစိတ်ဖြာ သည့်ဆော့ဝဲများ၊
AI ဗီဒီယို ဆော့ဝဲများ ၊လိုင်စင်ပြားဖတ်သော စက်ကဲ့သို့ ကိရိယာများပေါ် ပိုမိုမှီခို လာကြပါတယ်။အမေရိကန်တွင် စောင့်ကြည့် ကင်မရာပေါင်း သန်း ၅၀ကျော် ရှိပီး လူ ၆‌ယောက် လျှင် ၁လုံးရှိကြောင်း Precise Security အရသိရပါတယ်။FBI ၏ မျက်နှာ စစ်ဆေးသည့် ဒေတာ ဘေ့စ် တွင် မျက်နှာပုံရိပ်ပေါင်း ၆၄၁ သန်းရှိပါတယ်။Axon Enterprise ကင်မရာ ကုမ္ပဏီ သည် မကြာသေးမီက ရင်းနှီးမြှပ်နှံသူများအား ‌ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိစျေး ကွက်အား ရှာဖွေနေကြောင်းပြောကြားခဲ့ပါတယ်။
camera-2456434_1280.jpg

အစ္စရေးသည် COVID-19 အတွက် လူနာများကို စောင့်ကြည့်ကင်မရာများ အသုံးပြုပီး မျက်နှာခွဲခြားစိတ်ဖြာသော Software များအသုံးပြု၍ တည်နေရာများကို ရှာဖွေနိုင်နေ ပီဖြစ်ပြီး ဧရိယာကျယ်ကျယ်ပြန့်ပြန့်ကိုတော့ အသုံးမပြုနိုင်သေးပါဘူး။

အီလက်ထရောနစ်ဖောင်ဒေးရှင်း နှင့် နီဗာဒါရီနိုတက္ကသိုလ်မှ ကျောင်းသား များပူး ပေါင်းထားသည် Atlas of Surveillance သည် ပြည်နယ်နှင့် ဒေသဆိုင်ရာ ရဲတပ် ဖွဲ့များတွင် အသုံးပြုသည့် စောင့်ကြည့်နည်းပညာကိုအသုံးပြု၍ ဖြစ်စဉ်ပေါင်း ၅၃၀၀ ကျော် လေ့လာပုံဖော်ခဲ့ပါတယ်။

ဒေတာဘေ့စ် အသစ်ကို ရဲဌာနပေါင်း ၄၀၀၀၀ကျော်မှာ မျက်နှာစစ်ဆေးခြင်း၊ လိုင်စင်ပြား များဖတ်ခြင်း၊တာဝါတိုင်များနှင့် ချိတ်ဆက်ခြင်း၊ မောင်းသူမဲ့ယာဉ်များ နှင့် အခြား ကင်မ ရာအသုံးပြု ရှာဖွေရေ စက်များစသည့် ကိရိယာ ၁၂ မျိုးဖြင့် ချိတ်ဆက်ထား ပါတယ်။ ထိုသို့ပြု လုပ်ခြင်းဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ စောင့်ကြည့်နည်းပညာကို အသုံး ချသွားမည်ဖြစ်ပါတယ်။

ဒါအပြင် အစိုးရအဖွဲ့များသည် စောင့်ကြည့်နည်းပညာကုမ္ပဏီများအား ဖိအားပေး၍ ပြည်သူလူထု၏ သဘောတူညီမှု့မရှိဘဲ အချက်အလက်များ ရယူနေကြပါတယ်။ ပြီးခဲ့ သည့်လက Microsoft, Amazon, IBM တို့ဟာ ဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှား သူများကြောင့် မျက်နှာခွဲခြမ်းစိတ်ဖြာသည့် ကိရိယာများကို ဥပဒေဆိုင်ရာ အဖွဲ့အစည်း
များသို့ရောင်းချမှု့ကို ရပ်နားခဲ့ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.074
BTC 71810.36
ETH 2225.42
USDT 1.00
SBD 0.49