နှလုံးသားကိုရော ကျွဲခတ်လို့ မရဘူးလား။
ငါ.....
မဟုတ်တာ လုပ်တာ
မည်သူမျှမသိဟု မထင်ပါနှင့်
အနည်းဆုံး
ငါနှင့် ငါ့ကိုယ်စောင့်နတ် သိ၏။
ငါတို့.....
မဟုတ်တာ လုပ်တာ
မည်သူမျှမသိဟု မထင်ပါနှင့်
ငါတို့နှင့် ငါ့တို့ကိုယ်စောင့်နတ်များ သိ၏။
ငါသူတပါးယောက်ျား မိန်မ မဟုတ်၊
အပုတ်ကောင်များ ရုပ်ဆောင်ထားကြသည်။
ဟ.. ဟ... ဟ အသာလုပ်ပါ ဦးထွေးရ။
အခုမှ နွေရာသီကို မဝင် တဝင်ရှိပါသေးတယ်။
ဘယ်နှာ့ အကြောင်းအရာတွေက တရားသံလား၊
ဒဏ်ရာသံတွေများလားဗျ။
အင်း ဒဏ်ရာတွေကြောင့် တရားသံတွေ
ထွက်လာရတာပါကွယ်။ အို စကားလုံးတွေက
ထိရှနေပါလား။ ထိရှဆို ဒဏ်ရာအတော်ကြီး
တယ်မောင်ရေ။
ဒဏ်ရာ မကျက်သေးတော့
တစ်ချက် တစ်ချက်နာတယ် ဆိုသလိုပေါ့။
နှလုံးသားမှာ ဒဏ်ရာဖြစ်တော့ ပိုခံစားရတာပေါ့။
ရည်းစား လူလု အူနု ကျွဲခတ် တဲ့။ အူနုကို
ကျွဲခတ်တာတဲ့ဗျ။ ကျွဲရဲ့ ဦးချိုးကြီးနဲ့ခတ်မှတော့
မနာဘဲ ဘယ်ရှိမလဲ။ အူနုကို အပ်ကလေးနဲ့
ထိုးတာတောင် ဆက်ကနဲ့ တွန့်သွားမည်ဖြစ်ခြင်း။
ကိုယ့်ရဲ့ ရည်းစားကို တခြားလူနဲ့ ဖြစ်နေတဲ့အခါ
ခံစားရတဲ့ဝေဒနာကို ခိုင်နှိုင်းထားတာ။
ရူပကအလင်္ကာ မြောက်သွားမလားပေါ့။
အဲ ဒါနဲ့ အူနုကို ကျွဲခတ်တော့ နှလုံးသားမှာ
ဒဏ်ရာ ရသွားတယ်ထင်တယ်ဗျ။ ဒီတော့
ကျွန်တော် စဉ်းစားတာ နှလုံးသားကိစ္စမှာ
ဘာကြောင့် အူနုက ကြားက ပါလာရတာလဲ။
နှလုံးသားကိုရော ကျွဲခတ်လို့ မရဘူးလား။
ဆိုတော့ အဲ စဉ်းစားမိတာပါ ဗျာ။
Steemit မှာ ပိုစ့်တစ်ခုတော့ ရတာပါ့။
@htwegyi
MSC.036



$upvote YOUR-POST-LINKand you will receive upvote on your post.Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Thanks esteemapp.