Myanmar Steemit Newbies များအတွက် ကောင်းနိုးရာရာ (Henry Aung)

in #myanmar7 years ago

HENRY.jpg

Myanmar Steemit newbies များအတွက်ကောင်းနိုးရာရာများ ထပ်မံ ဖေါ်ပြပေးလိုက်ပါတယ်။ အခုတလော ကိုယ်တိုင်ရေး post , original content များ ထွက်ပေါ်လာကြသဖြင့် အထူးဝမ်းသာရပါသည်။ အနည်းငယ်လိုအပ်နေသည်ကို ထပ်မံဖြည့် စွက်လိုပါသည်။ introducing post မှ ပြန်စပါမည်။ introducing post တင်မည့် newbie များ မိမိ ၏ ပထမဆုံး post ကို မည်သို့ မည်ပုံ ပြင်ဆင်ရမည်ကို ဖေါ်ပြခဲ့ပြီးဖြစ်ပါ၍ ထပ်မံ မဖေါ်ပြတော့ပါ။ အဓိက အရေးကြီသည့် အကြောင်း ဖေါ်ပြရန် မေ့ခဲ့ပါသည်။ tag list ဖြစ်ပါသည်။ tag list သည် မိမိ ချစ်သူများ အား mention ခေါ်ရန် နေရာမဟုတ်ပါ။ ထို့ အတူ လက်မှတ်ထိုးရန် နေရာလည်း မဟုတ်ပါ။ tag list မှာ မိမိရေးသားထားသော အကြောင်းအရာအား အမျိုးအစား ခွဲသောနေရာဖြစ်ပါသည်။ ကို ထက်ကိုကို ဇော်လည်း ဤ အကြောင်းကို post တခုတင်ပြီးဖြစ်ပါသည်။ အောက်ဖေါ်ပြပါ link တွင် ဝင်ရောက် ဖတ်ရှူကြပါကုန်။

https://steemit.com/steemit/@thatkozaw/advice-about-tag-part-1

ထို့ ကြောင့် introducing post တင်မည့် သူများ tag list ထဲတွင် introducing yourself, introducing myself နှင့် Myanmar ဟူ သော tag များကို မဖြစ်မနေ ထည့် ပေးရပါမည်။ အကြောင်းမှာ မိမိ တင်လိုက်သော introducing post သည် Steemit main page ၏ introducing yourself list တွင် ဝင်ရောက်သွားမည်ဖြစ်ပါသည်။ ဤနေရာတွင် ဝင်ရောက်သွားမှသာ အများသူငှာ များ ဝင်ရောက်ကြည့်ရှု၍ vote ပေးကြမည် ဖြစ်ပါသည်။

TAG.png

tag မှားနေသော post ဖြစ်ပါက website ၏ main page ပေါ်တွင် ခဏလေးသာပေါ်နေပြီး နောက်ထပ် ဝင်ရောက် လာသော post အသစ်များ၏ တွန်း ထုတ်မှုကြောင့် မိမိ post မှာ ကြာလာသည်နှင့် အမျှ အောက်ကို ရောက်သွာ၍ လူသိနည်းသွားမည် ဖြစ်ပါသည်။ ဤတွင် မိမိ post မှာ tag မှန်ကန်၍ introducing yourself နေရာတွင်ရောက်နေပါက နေ့စဉ် ဝင်ရောက်လာသော လူသစ်များ ကို ဝင်ရောက်ကြည့် ရှု၍ အားပေးကြသူများမှာ ဤ introducing yourself tag ကိုသာ သွားရောက်ကြည့် ရှု၍ လူသစ်များအား welcome ပြုလုပ်ကြပါသည်။ ထို့အတူ နေ့စဉ် လူသစ်မည်မျှ ဝင်လာကြသည် , မည်သည့် နိုင်ငံမှ ဝင်လာကြသည်ကို စာရင်းပြုစုနေသော အဖွဲ့လည်း ရှိပါသည်။ ထိုသူများမှာလည်း ၏ tag သို့သာ ဝင်ရောက် ကြည့် ရှုကြပါသည်။ ထို့ ကြောင့် tag မှားလျင် မိမိ post မှာ မည်သည့် နေရာသို့ မှ မရောက်ပဲ ပျောက်သွားမည်ဖြစ်ပါသည်။ နောက်တခု အရေးကြီးသည်မှာ tag list ထဲတွင် Myanmar ဟူသော စာလုံးကို မဖြစ်မနေထည့်သွင်းပေးပါ။ introducing post တင်သူများမှ အပ , အခြားသော post တင်သူများမှာ tag list ထဲတွင် ဖြစ်နိုင်လျင် မြန်မာဟူသော tag ကို ရှေ့ ဆုံးတွင်ထားစေချင်ပါသည်။ သို့ မှသာ မိမိ တို့ မြန်မာလူမျိုးတို့ ရေးသားသော post များ Myanmar ဟူ သော tag အောက်တွင် တစုတစည်း တည်း ရှိနေမည်ဖြစ်သည်။ ယခုလည်း မြန်မာ ဟူသော tag list ရှိနေပါပြီ။ သို့သော် ဝင်ရောက် ရေးသား အားနည်းမှုကြောင့် main page tag list ပေါ်သို့ တက်လာခြင်းမရှိသေးပါ။ ဤတွင် အရေးကြီးသည်မှာ tag list မှား လျင် ပြန် edit လုပ်၍ မရတော့ပါ ။ ထို့ ကြောင့် post မတင်ခင် tag list ကို မှန်စေချင်ပါ သည်။ tag မှားလျင် လည်း မိမိ တို့ post မှာ မည်သည့် နေရာမှ မရောက်တော့ ပဲ ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။

INTRO.png

Myanmar Steemit user များ အများ အားဖြင့် post မည်သို့ တင်ရမည်ကို သိရှိပြီးဖြစ်ပါသည်။ ထို့အတူ မိမိရေးသားသော post များကို title ရေးရန် ထားသော အကွက်၏ အောက် နားတွင် editor ကို နိပ်လိုက်မည် ဆိုပါက markdown ပေါ်လာမည် ဖြစ်သည်။ ထို markdown ဖြင့် မိမိစာများအားလိုသလို စီမန် ခန့်ခွဲနိုင်ပါသည်။ မိမိ ကိုယ်တိုင်လေ့လာပါလေ။ နောက်တခု မှတ်ထားရန်လိုသည်မှာ မိမိ post ရေးသားပြီးလျင် ရေးသားသူ မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖေါ်ပြပါ။ ဥပမာ , ကျွှန်တော်စာရေးပြီးတိုင်း post အောက်တွင် henry aung ( kachin) ဟူ၍ မိမိ နာမည်ကို ရေးထိုးလေ့ရှိပါသည်။ credit ပေးစရာရှိရင်လည်း ပေးပါသည်။ ဆိုလိုရင်းမှာ ထိုpost ကို မိမိ ကိုယ်တိုင်ရေးသော , မိမိ တာဝန်ယူ သော post ဖြစ်ကြောင်း ပြသပါသည်။

steem.png

Myanmar Steemit user များအား နောက်တခု အသိပေးလိုသည်မှာ, steem power နှင့် voting power ဖြစ်ပါသည်။ steem power အကြောင်းကို အရင်ရှင်းပြပါမည်။ Steem power ဆိုသည်မှာ မိမိတို့ power up လုပ်ထားသောSteem tokens များ ဖြစ်ပါသည်။ အဘယ့်ကြောင့် power up လုပ်ရသနည်း ဆိုလျင် power up လုပ်ထားခြင်းကြောင့် အတိုးနှုန်း ရရှိခြင်း , မိမိ မှ အခြားသူများ vote လုပ်လိုက်လျင် , comment ရေးလိုက်လျင် , cureation reward ဟုခေါ်သော 25% ကို ပြန်လည် ရရှိစေပါသည်။ post ၏ 75% ကို ပိုင်ရှင်ရ၍ 25% ကို voter များအား ခွဲဝေပေးရကြောင်း ယခင် post တွင် အကျယ်တဝင့် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ steem power အကြောင်း ပြန်ဆက်ပါမည်။ မိမိတွင် steem power ရှိနေသော်လည်း မိမိ ပြန်လည်ရရှိသော cureation reward မှာ voting power နှင့် သာဆိုင်ပါသည်။ voting power နည်းနည်းဖြင့် vote ထားလျင် post ပိုင်ရှင်မှာလည်း အရနည်း သလို , မိမိ ပြန် ရသော cureation reward မှာလည်း နည်နည်းသာပြန်ရပါသည်။ မိမိ၏ steem power မှာတော့ ထိခိုက်သွားခြင်းမရှိပါ။ ဥပမာ ပြပါမည်, လက်ရှိကျွှန်တော့ power up လုပ်ထားသော steem token မှာ တနည်းအားဖြင့် steem power မှာ ၆၅၀၀ ကျော်ရှိပါသည်။ထိုမျှလောက်ရှိသော steem power ၏ အတိုးနှုန်မှာ တမိနစ်လျင် 0.001 လောက်သာ ရရှိပါသည်။ ဤသည်မှာ မိမိ steem power များလျင် များသလောက် အတိုးနှုန်းလည်း တက်လာပါသည်။

CURE.png

EST.png

မိမိတွင် ထိုမျှလောက် ရှိသော steem power ဖြင့် လွန်ခဲ့ သော အပတ်က voting power 50 ဝန်ကျင်ဖြင့် လိုက်လံ၍ voting လုပ်ခြင်း , comment လုပ်ခြင်း တို့မှရရှိသော cureation reward မှာ ပျမ်းမျှအားဖြင့် ၁၂.၀၀၈ steem ရရှိပါသည်။ ဤသည်မှာ သူများအား voting ပေး comment ပေးရုံဖြင့် မိမိ ရရှိသော reward ဖြစ်ပါသည်။ လူတိုင်လူတိုင်း မိမိ တို့၏ wallet အတွင်းရှိ reward အတွင်းတွင် , မိမိ တို့ တပတ်အတွင်း voting ပေး၍ မည်မျှ ပြန်ရသည်, စာရေးသား post တင်၍ မည်မျှရသည်ကို ပြန် ကြည့် နိုင်ပါသည်။ ကကျွှန်တော်ဤကဲ့သို့ ရေးပြရခြင်းမှာ မိမိ မည်မျှလောက် ရသည်ကို ကြွားဝါလို၍ မဟုတ်ပါ။ မိမိ steem power မရှိချိန်တွင် voting power 0% အထိ ကျသွား၍ ကိစ္စမရှိသော်လည်း steem power များလာသည်နှင့် အမျှ voting power သည် အရေးကြီးလာပြီဖြစ်သည်။ ထို့ ကြောင့် တွေ့သမျှ post များ, အထူးသဖြင့် သမီးကိုခင်ရင် vote ခဲ့ပါ, လူသားအားလုံးကိုလေးစားပါတယ် ကျွှန်တော့ကို vote ပေးခဲ့ပါဟူ သော post များအတွက် မိမိ voting power ကို အဆုံးရှုံးမခံနိုင်ပါ။ ငါ့ blog နဲ့ ငါ ဘယ်လောက်ရရ ငါကြိုက်သလို vote မယ် ဘာဖြစ်လည်း ဆိုသူများအတွက်တော့ .... ဘားမဖြစ်ပါ။ ဆက်ပြီးသာ vote ပါလေ။

ထို့ကြောင့် Steemit Platform သည့် မိမိသာ ကြိုးစားလျင် မည်သည့် ဘက်ကမှ အရှုံးမရှိသော social media base digital currency ကို ရရှိစေမှာ ဖြစ်ပါသည်။ ဤတွင် တခုမှာလိုသည်မှာ ဇွဲရှိသောသူသာ ကျန်ပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

Thanks bro. နာမည်ဘေးမှာ ဂွင်းစ ဂွင်းပိတ်နဲ့ နံပါတ်တွေက ဘာကိုပြတာလည်း bro

Reputation ပါ bro. number များရင် များသလောက် ကိုယ့် post ကို လူမြင်များပါတယ်။ user အသစ်တိုင်း 25 စီရထားကြပါတယ်ဗျ။

tq

အဲ့ဒါတက်အောင် ဘယ်လို လုပ်ရလည်း bro

Quality post တွေများများတင်ပါ

ကချင် လို့ ရေးတာပါ

ကျေးဇူးပါပဲအကို။ အခုထိတော့ ကိုယ့်ဝါသနာပါတာလေးတင်တာလူကြိုက်မများသေးဘူး။ ကြိုးစားဆဲပါခင်ဗျာ။

thank you for sharing bro.

alright , i hope it will help you...

ကျေးကျူးကမ္ဘာဆိုင်ရော အကို

Thanks for support

ok

အားပေးနေပါသည်

thanks you very much

Thank bro. That is really helpful

Well, nice to hear that ... thanks you very much

bro @kachinhenry လမ်းညွှန်ချက်တွေကောင်းပါတယ်။တခုလောက်မေးချင်လို့ bro
google image ကို တိုက်ရိုက်ယူသုံးလို့ရလား။ ကိုယ်ပိုင် content စာမျိုးမှာလိုအပ်လို့ ပုံထည့်ချင်တဲ့အခါမျိုးမှာပေါ့။

ရပါတယ်, အရင်ကျွှန်တော်ရေးခဲ့တဲ့ moral story တွေမှာလည်း google image က ပုံတွေပဲ သုံးပါတယ်။ credit ကို google image ကိုပဲပေးပါတယ်။ အသေးစိတ်ကို ကျွှန်တော်ရေးထားတဲ့ moral stories တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

bro ကိုယ်တင်ထားတဲ့ postကို ဘယ်လိုeditလုပ်လို့ရလဲ။တခြားတော့မမှားပါဘူး။bro နာမယ် Link ထည့်တာမှားသွားလို့ @kachinhenry အစား @kachinhinary ဖြစ်သွားလို့ ပြင်ချင်လို့

ကိုယ်ရတဲ့ .. SBD , votes ရဲ့ ဘေး, reply ဘေးနားမှာ edit ဆိုတာရှိတယ်

ပြင်ပီးသွားပီ bro

Thank for your sharing.

Thanks for support...

အားဆေးတစ်ခွက်ပါပဲ ဆာ ကျေးဇူးပါ

ကျေးဇူးအများကြီတင်ပါတယ်, တစုံတရာ အကျိုးရှိမယ်လို့လည်း ယုံပါတယ်။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62931.58
ETH 3444.91
USDT 1.00
SBD 2.50