ငါပုံပြောမယ်နင်နားထောင် ( အပိုင်း- ၃ ) ( Henry Aung )

in #myanmar4 years ago

01.jpeg

မင်္ဂလာပါ။ ယခု ကျွန်တော် ဤ ဆောင်းပါးရေးနေသည့် အချိန်တွင် Cryptocurrency စျေးကွက်တွင် အစိမ်းရောင်သမ်း လျက်ရှိနေပါသည်။ Coin များ token များ စျေးတက်သည်က တက်နေသော်လည်း မိမိတို့ Steem ကတော့ 0.15$ ဟူသော တောင်ကြီးအား ကျော်နိုင်သေးမည် မထင်ပါ။ ရှိစေတော့ စျေးဆိုသည်မှာ တက်လျင်တက် မတက်လျင် ကျနေမည်ဆိုသည်ကို သိပြီးဖြစ်သည့် အတိုင်း စောင့်ကြည့်နေယုံသာဖြစ်ပါသည်။

ကျွန်တော်၏ မပြီးပြတ်သေးသော ပုံပြင် အား ဆက်ပါအုံးမည်။ ပုံပြင်ဆိုသည့် အတိုင်း တချိန်ကြလျင် ဤ cryptocurrency လောက တွင် ကျင်လည်ခဲ့ကြသော အခြေအနေများသည် လည်း ပုံပြင် ကောင်းတပုဒ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကဲ ဆက်ကြပါအုံးစို့။

ကျွန်တော်တို့ ငယ်စဉ်က ကစားခဲ့ကြသော ကစားနည်းများအား ချန်လှပ်ထား၍ ထိုအချိန်က ကြုံတွေ့ခဲ့ရသော ဖန်သားပြင် အခြေအနေတို့အား အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ ယခုခေတ် ကလေးငယ်များကတော့ တီဗီ ၊ ကွန်ပြူတာ ၊ အိုင်ပက် ၊ စမတ်ဖုန်း စသည်တို့ဖြင့် ဖန်သားပြင်နှင့် မထိတွေ့ရသော နေ့ရက်တို့ မရှိတော့ပါ။ နေ့တိုင်း တမျိုးမဟုတ် တမျိုးဖြင့် ထိတွေ့နေမည်သာ ဖြစ်ပါသည်။

0001.jpg

Original Source

ကျွန်တော်တို့ ငယ်စဉ်ကတော့ တရွာလုံးတွင် ဗီဒီယို ရုံဟူ၍ တရုံသာ ရှိတော်လည်း ကျွန်တော်တို့ အိမ်နှင့် အတော်လှမ်း၍ တလတခါ မရောက်နိုင်ပါ။ ကျောင်းပိတ်ရက်တွင် ဗီဒီယို ကြည့်ရသော အခွင့်အရေးသည် မဟာ အခွင့်အရေး ဖြစ်သလို မီးစက်ဖြင့် ပြသသောကြောင့် တော်ရုံ မကြည့် ဖြစ်သည်လည်း ဖြစ်ပါသည်။ စျေးကြီးသည်ကိုး။

တရွာလုံးတွင် လျပ်စစ်မီးယူနိုင်သည့် အိမ်ဟူ၍ လက်ချိုးရေတွက်၍ ရသလို ကျွန်တော့အတွက် ကံကောင်းသည်မှာ ထိုလက်ချိုးရေတွက်၍ ရသော အိမ်များ တွင် ကျွန်တော့ အဖိုးလေး တို့ အိမ်လည်း ပါဝင်ပါသည်။ ကျွန်တော့ အဖိုးလေးသည် အမေရိကန် တွင် ကျောင်းနေခဲ့ပြီး ထိုခေတ်ထိုအခါ ပါတီကောင်စီ ခေတ်တွင် ခရိုင်တရားသူကြီး ဖြစ်သည့် အတိုင်း လူဂုဏ်တန် စာရင်းဝင် ဖြစ်ပါသည်။

ဤသို့ ဖေါ်ပြရသည်မှာ အခြားကြောင့် မဟုတ်ပါ ။ အဖိုးလေး တို့အိမ် တွင် ကာလာတီဗီ တလုံးရှိခြင်း ကြောင့် ဖြစ်ပါသည်။ သစ်သားအိမ်ကြီးဖြင့် ၂၁ လက်မတီဗီဖြစ်ပါသည်။ စနေ တင်္ဂနွေ နေ့များတွင် ကံကောင်း ထောက်မ၍ မီးလာပါက ထို တီဗီ ကြည့်ခွင့်ရပါသည်။

0002.jpg
Original Source

မီးလာသည် ဟု ဆိုသော်လည်း ထို အချိန်က လျက်စစ်မီးသည် ကျွန်တော့ အထင် ၂ ရက်ခြားတခါလာပါသည်။ မီးလာမည့်အလှည့်တွင် မီးလာချင်မှ လာသလို မီးမလာသည့် အလှည့်တွင်တော့ သေချာပေါက်ကို မလာပါ။ ဆိုတော့ မိုးပေါ်က အပ်တစင်းနှင့် မြေပြင်မှ အပ်တစင်း ထိပ်တိုက်တွေ့သောနေ့များတွင် တီဗီကြည့်ခွင့်ရပါသည်။

ထိုအချိန်က ရုပ်သံလွင့်သော အခြေအနေများအား ကျွန်တော်မှတ်မိသလောက်ဖေါ်ပြရလျင် ရုပ်သံလှိုင်း တလိုင်းသာရှိပါသည်။ မြဝတီ ရုပ်သံလှိုုင်းက နောက်မှ ပေါ်လာခြင်း ဖြစ်ပါသည်။ စနေနေ့ နေ့လည်ပိုင်းတွင် မြန့်မာ့ရုပ်ရှင် များ ပြသသလို တနင်္ဂနွေ နေ့လည်တွင် ဘောလုံးပွဲပြသည်ဟု ထင်ပါသည်။

ထို အချိန်တုန်းက တီဗီမှ ပြသသော ဇတ်လမ်းတွဲများတွင် ကြာသာပတေးနေ့ ည သတင်း အပြီးတွင်ပြသော Air Wolf ဟူသော ဇတ်လမ်းတွဲအား အရူးအမူး ဖြစ်ခဲ့ဖူးပါသည်။ ဤ Air Wolf ဟူသော ဇတ်လမ်းအား ကျွန်တော် တယောက်တည်းကြိုက်သည် မဟုတ်ပါ။ ထိုခေတ်ထိုအခါ ကျောင်းတက်သော နေ့များတွင် ညက ကြည့်လိုက်သော Air Wolf ဇတ်လမ်း ပြန်မပြောနိုင်သူက တပန်းရှုံး ပါသည်။ ဤ မျှလောက် ရေပန်းစားပါသည်။

0003.jpg
Original Source

ငါးမန်း ပုံစံ တိုက်ခိုက်ရေး ရဟတ်ယဉ် ၊ လက်နက်မျိုးစုံ ဒုံးကျည်မျိုးစုံ တပ်ဆင်ထားသော ထို ကိုယ်ပျောက် ရဟတ်ယဉ်သည် ထိုအချိန်က ကျွန်တော်တို့ အသဲစွဲ ဖြစ်ပါသည်။ ဤ တိုက်ခိုက်ရေး ရဟတ်ယဉ် လူဆိုးများအား ချေမှုန်းရန် ပျံသန်းလာသောအခါ ထွက်ပေါ်လာသော နောက်ခံတီးလုံးသည် ဇတ်လမ်း တခုလုံး၏ အသက် ဖြစ်ပါသည်။

တနည်းအား ဖြင့် ပြောရလျင် ထို တီးလုံးကြောင့်လည်း Air Wolf ဇတ်လမ်းတွဲ နာမည်ကြီးသည်ဟုလည်း ဆိုနိုင်ပါသည်။ ထိုတီးလုံးသံနှင့် Air Wolf လေယဉ်ပျံအား အောက်ပါ လင့်တွင် ကြည့်ရှု ခံစားနိုင်ပါသည်။လေယျဉ် စီးချင်းထိုး၍ အပစ်အခတ်များ ပေါက်ကွဲမှုများ ဖြင့် တန်ဆာဆင်ထားသော Air Wolf ဇတ်လမ်းတွဲအား မည်မျှ ကြိုက်ခဲ့ပါသနည်းဟု ဆိုလျင် ယခုတိုင် အမှတိတရ သတိတရ ရှိနေသေးသည်က သက်သေဖြစ်ပါသည်။ Airwolf ဇတ်လမ်းမှ ရဟတ်ယျဉ်နှင့် နောက်ခံတီးလုံး

သို့သော်လည်း ထို Air Wolf ဇတ်လမ်းတွဲသည် ယနေ့ အချိန်ကဲ့သို့ ညနေ ၇:၃၀ , ၈:၀၀ နာရီတွင် ပြသခြင်း မဟုတ်ပါ။ ည ရှစ်နာ ရီ ပြည်တွင်း သတင်း ပြီး ၊ ထို့နောက် ပြည်ပသတင်း ကြေညာ ပြီးမှ ဇတ်လမ်းတွဲပြခြင်း ဖြစ်ပါသည်။ အချိန်အားဖြင့် ည ၉:၄၅ သို့ မဟုတ် သတင်းရှည်သော ညများတွင် ၁၀ နာရီ ကျော်သွားတတ်ပါသည်။

0004.jpg
Original Source

ထိုခေတ်က သတင်းကြေညာခြင်းသည် ယခုခေတ်ကဲ့သို့ ယောကျ်ား မိန်းမထိုင်၍ စာရွက်ကိုင်ကာ သတင်းကြေညာနေသည်ကို မမြင်ရပါ။ သတင်းကြေညာသည့် အသံသာ ကြားရ၍ တီဗီဖန်သားပြင်တွင် မြန်မာပြည် အရပ်ရပ်ရှိ ရှုခင်းများအား ပြသနေပါသည်။

ဤသို့ ကြည့်ဖန်များသောအခါ မည်သည့် ရှုခင်းရောက်လျင် သတင်း တဝက်ကျိုးပြီ ၊ ပူတာအို မချမ်းဘော မြန်မာပြည်အထက်ပိုင်းကို ပြလျင် သတင်း ပြီးကာနီးပြီ စသည်ဖြင့် သိရှိနိုင်ပါသည်။ တခါတရံတော့ သီတင်းကြည့်ရင်း အိပ်ပျော်သွားသည့် အဖြစ်များလည်း ကြုံတွေ့ရပါသည်။

တခါတရံ ကြုံတောင့်ကြုံခဲ သတင်းအပြီးတွင် နာမည်ကြီး ဆရာတော် တပါးပါး၏ တရားပွဲနှင့် ကြုံကြိုက်၍ တရားပွဲအကြောင်း သတင်းပါလာလျင် ထပြန်ကြရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာတော်၏ တရားဟောချက်များပါ သတင်းထဲတွင် ထည့်လွင့်နေ၍ ဇတ်လမ်းကြည့်ရန် အနည်းဆုံး ည ၁၁ နာရီခန့်အထိ စောင့်ရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Keep up the good work, thumbs up

WoW တီးလုံးသံစဉ် အမိုက်သားနဲ့ ကျွန်တော်တို့ မွေးကင်းစ 1984 တုန်းကပါလားဗျ
အဲ့လိုဇာတ်ကားမျိုး မြန်မာပြည်မှာ ခုထိရိုက်နိုင်သေးဘူး

Posted using Partiko Android

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အပေါက်ကချောင်းကြည့်ရတဲ့တီဗွီလေးတွေ၊
တစ်ကျပ်ပေးကြည့်ရတဲ့ တီဗွီလေးတွေ သတိရမိတယ်ဗျာ

Congratulations @kachinhenry! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You distributed more than 19000 upvotes. Your next target is to reach 20000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60832.04
ETH 2902.69
USDT 1.00
SBD 3.55