You are viewing a single comment's thread from:

RE: Myanmar Steemit Community မှ ဝမ်းနည်းပါသည် ( Henry Aung )

in #myanmar8 years ago

ကောင်းပါပြီ ညီမ။ MSC ဟာ မည်သူ့ကိုမှ ဝင်လာလှည့်ပါ ဇွတ် ဆွဲမခေါ်ခဲ့သလို ဝင်ရောက်လာပြီးသူများအားလည်း အကြောင်းမဲ့ ထုတ်မပြစ်ခဲ့ပါ။ စည်းကမ်း ချမှတ်ထားသည့် အတိုင်း မလိုက်နာနိုင်သူ ဖြစ်ပါက Admin များကအစ MSC မှ ရာသက်ပန် ထုတ်ပြစ်ပါသည်။ ညီမ အနေဖြင့် အားနည်းသူများဘက်က ရပ်တည်ရန်MSC မှ ထွက်သွားလိုပါသည်ဆိုလည်း တားမြစ်မည် မဟုတ်ပါ။ အကြောင်းမှာ Steemit Platform ပေါ်တွင် လျှောက်လှမ်းရာတွင် အားနည်းခြင်း များခြင်းက အဓိက မကျပါ။ စည်းလုံး ညီညွတ်ခြင်းနှင့် ရည်ရွယ်ချက် ပန်းတိုင် တခုတည်း ကို ယုံကြည်စွာ လျှောက်လမ်းနိုင်ခြင်းက အဓိက ကျပါသည်။ Community ကိုခေါင်းဆောင်ပြီ ယုံကြည်ချက် ပြည့် မြောက်အောင် အလုပ်လုပ်တဲ့နေရာမှာ ပုဂ္ဂိုလ်ရေးများထက် အများ သဘောထားကို ကြည့် နိုင်ရမည် ဖြစ်တဲ့ အတွက် အစ်ကို အခုလို ဆုံးဖြတ်ရခြင်းပါ။ ညီမပြောတဲ့ အားနည်းသူ ၊ မျော်လင့် ချက် မဲ့သူ များ ဆိုတာ MSC အနေဖြင့်လည်း အောင်မြင်နေသည့် အဖွဲ့ အစည်း တခု ဖြစ်နေပြီ မဟုတ်ပါ။ Foundation မှာပင် ယိုင်နဲ့ နေသော မသမာသူများ ၊ အလွယ်လိုက် အချောင်သမားတွေကြားထဲကနေ တကယ်လွတ်မြောက်လိုသူ လူငယ်မောင်မယ်များကို ဆွဲ ခေါ်နေရဆဲ အဆင့်သာရှိပါသေးသည်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.058
BTC 66136.30
ETH 1986.75
USDT 1.00
SBD 0.51