မမျှော်လင့်ဘဲ နွဲလိုက်ရတဲ့ပွဲ

in #myanmar7 years ago (edited)

သီတင်းကျွတ် အခါကာလ သမရလေးမှာ မိတ်သစ်ဆွေသစ် သူငယ်ချင်းဟောင်း များအားလုံး ဘေးရန်ဝေးကွာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေး လိုက်ရပါတယ်ဗျား ။
ပွဲတော်ကိုတော့ ဘယ်မှမလည်ဖြစ်တော့ဘူး လို့ ထင်ထားပေမယ့် မမျှော်လင့်ဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ကြားမှုလေးကြောင့် သူတို့ရပ်ကွက်ရဲ့ ဆီမီးလှည့်ပွဲကို ညီလေးနဲ့အတူ သွားဖြစ်ခဲ့ပါတယ်
image

ရောက်သွားချိန်က မီးလှည့်ပွဲကို မမှီတော့ပါဘူး ဘုရားရင်ပြင်တော်မှာ ဆီမီး ပူဇော်ထားတာကိုဘဲ မှီပါတော့တယ်။

image

မြတ်စွာဘုရား သာဝတိံသာ နတ်ပြည်ကနေ လူ့ပြည်ကို ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြား စောင်းတန်းနဲ့ လူ့ပြည်ကိုဆင်းလာမယ့် ဝေါယဉ်လေးကိုလဲ မှတ်တန်းယူခဲ့ပါသေးတယ်။

image

ဘုရား ရင်ပြင်တော်မှာ မီးထွန်းပီ မောမောပန်းပန်း နဲ့ စတုဒိတာ ဆန်ပြုတ်ကျွေးနေပုံလေးကလဲ မြန်မာလူမျိုး တို့ရဲ့ ချစ်စရာကောင်းတဲ့ ကုသိုလ်ပြုပုံလေးပါ အယုတ် အလတ် အမြတ်မရွှေး စတုဒိတာ ဝင်စားနိုင်ပါတယ်ဗျား ။ မရှိလို့ မလှူ မလှူ လို့မရှိ မဖြစ်ရလေအောင် ကုသိုလ်ပြုရင်း သံသရာအတွက် နောင်ရေးအေးစေဖို့ ဒါန သီလ ဘာဝနာတရားတို့ကို ကြိုးစားရှာဖွေ ပြုလုပ်နေတာဟာ ဗုဒ္ဓဘာသာအဖို့ အမွန်မြတ်ဆုံး တရားပါ အာ့ဒီပုံရိပ်လေးကလဲ ကြည်ညို စရာကောင်းလှပါတယ်။

image

လူငယ်တို့ သဘာဝ ဗျောက်အိုးများ ဖောက်ခြင်း မီးပုံးပျံများ လွှတ်တင်ခြင်း ဟာလဲ မျော်စရာ အမတန်ကောင်းပုံလေးကို ပုံလေးက သက်သေ ထူနေပါတယ်။

image

ပျော်နေကြတာ

image

ကောင်းကင်ပေါ် လွှတ်တင်လိုက်တဲ့ မီးပုံးပျံ

image

ညီလေးရဲ့ အမှတ်တရ

image

@khayae

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://showmypc.com/?ref=header

!cheetah unban

I did not see anything in the link you mentioned.

‌သြော်‌ ဘယ်‌သူများလဲလို့။

ခုမှသိသွားတာ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 68965.11
ETH 2089.23
USDT 1.00
SBD 0.51