မိမိသည်သာ ရွေးခြယ်မှုအတွက် ဖန်တီးနိင်သည်

in #myanmar8 years ago (edited)

image
Credit google image

ဆန့်ကျင်ဘက်အရပ်သို့ ထွက်ခွာသွားသူက နှစ်ဦး
မျက်နှာချင်းဆိုင်မှလာသောသူက နှစ်ဦး
ဒီတော့လမ်း နှစ်ဦးက လမ်းခွဲသွားတယ်
နှစ်ဦးက ဆုံမှက်တစ်ခုအပေါ်မှာတွေ့ဆုံကြတယ်။
လူသားတွေဟာ သံယောဇဉ်တွေမေတ္တာတွေနဲ့နှောင်ဖွဲ့ပြီးမှ ဆိုးသွမ်းမှုတွေကိုလည်းဖြစ်ပေါ်စေကြပြန်တယ်။
ချစ်သူနှစ်ဦး လမ်းခွဲသွားတယ်။
ဘေးလူတွေကြောင့်လို့မပြောချင်ပေမယ့်
အဲ့ဒီဘေးလူတွေရဲ့ မကောင်းတဲ့အကျင့်တွေကြောင့် လမ်းခွဲခဲ့ကြရတယ်။
ကိုယ့်အတွက်လည်း အကျိုးမရှိ သူ့အတွက်လည်းအကျိုးမရှိတဲ့အလုပ်တွေကိုသာ လုပ်ဆောင်နေတက်တာကြောင့်လည်း တဖြေးဖြေးနဲ့ အကျင့်စာရိတ္တပျက်ပြားနေသူတွေရဲ့နေရာဒေသဟာ ပျက်စီးခြင်းတို့နဲ့သာပြည့်နှက်လာပြီး ရှေ့ဆက်ပြီး ဘဝတိုးတက်လမ်းရှာဖွေရမယ့်အချိန်မှာ အဖျက်အဆီးတွေနောက်ကိုသာ ပျော်ရွှင်စွာ လိုက်ပါနေကြရတယ်။

ဘယ်မှာလည်း ပျော်ရွှင်မှုအစစ်အမှန်၊ ဘယ်မှာလည်း မေတ္တာအစစ်အမှန် ၊
သူတပါးရဲ့စကားကိုနားယောင်ပြီးလမ်းခွဲရလောက်အောင် သူတို့မှာအသိဥာဏ်မရှိဘူးလား???
မဟုတ်ဘူး..အသိဥာဏ်ရှိလို့သာလမ်းခွဲခဲ့ကြတာပါ။
ပျက်စီးနေသူ ပညာမဲ့သူတစ်ဦးနဲ့တော့ ဘယ်သူမှရေရှည်လက်မတွဲချင်ပါဘူး။
အရာအားလုံးဟာမိမိနဲ့သာ တိုက်ရိုက်သက်ဆိုင်နေတာပါ။ ကိုယ်ကကောင်းတာလုပ်ရင် တစ်ချိန်မှာကိုယ့်အတွက်ကြီးပါပဲလေ.........

image

@koayezaw

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.076
BTC 71415.09
ETH 2197.99
USDT 1.00
SBD 0.51