ဒေါက်တာဓမ္မသာမိရဲ့ မှတ်သားစရာကောင်းတဲ့ပုံပြင်

in #myanmar8 years ago

ဒေါက်တာဓမ္မသာမိရဲ့ မှတ်သားစရာကောင်းတဲ့ပုံပြင်
image
ရှင်ဘုရင်ရဲ့ အမိန့်တော်အရ လူတစ်ယောက်ကိုရှေ့တော်သို့ အခစား
မဝင်မနေရလို့ ဆင့်ခေါ်လိုက်ပါတယ်။

ဆင့်ခေါ်ခံရတဲ့သူက တစ်ယောက်ထဲ အခစားမဝင်ရဲတာကြောင့်
သူ့ရဲ့ အခင်မင်ဆုံး အရင်းနီးဆုံး မိတ်ဆွေကို သူနဲ့ အတူလိုက်ဖို့ သွားခေါ်ပါတယ်။

ပထမလူ ကို သူစခေါ်တယ်။ ပထမလူက သူမလိုက်ရဲကြောင်း ပြောပါတယ်။

ဒုတိယလူ ကို ခေါ်ကြည့်တယ်။ ဒုတိယလူကတော့ နန်းတော်တံခါးဝ
အထိသာ လိုက်ပို့နိုင်တယ်လို့ ပြောပါတယ်။

တတိယလူ ကိုတော့ နဂိုကတည်းက သိပ်အဖက်မလုပ်ချင်ပေမယ့် မတတ်သာလို့ အားကိုးရာမရှိလို့ သွားခေါ်ကြည်တယ်။
ဒါပေမယ့် တတိယလူကတော့ ဘာပဲဖြစ်ဖြစ် အဖေါ်လုပ်ပြီး ရှင်ဘုရင်ထံအရောက် လိုက်ခဲ့ပါတယ်တဲ့။

ရှင်ဘုရင်က စစ်ဆေးမေးမြန်းပြီး အပြစ်မရှိတာ သိရလို့ ထိုက်တန်တဲ့နေရာကို
ပေးလိုက်ပါတယ်တဲ့။

ပုံပြင်ကတော့ ဒါပါပဲ။

ပထမလူ သည် မိမိသေသွားတဲ့အခါ မိမိရဲ့နောက်ကို မလိုက်ပါနိုင်တဲ့
"ရာထူး" ဖြစ်ပါတယ်။

ဒုတိယလူ သည် မိမိကို သေမင်းခံတွင်းဝအထိသာ လိုက်ပို့နိုင်တဲ့
"ပစ္စည်းဥစ္စာ" ဖြစ်ပါတယ်။

တတိယလူ သည် မိမိသေသွားတဲ့အခါ မိမိရဲ့နောက်ကို လိုက်ပါမည့်
"ကုသိုလ် အကုသိုလ်" ဖြစ်ပါတယ်။

လားရှိုးမြို့ စဝ်ခွန်ထွန်းလူ၏ "နေ့ဆွမ်းအနုမောဒနာတရား"မှ ကောက်နုတ်တင်
ပြလိုက်ပါတယ်နော်......

Credit to Original Writer

Sort:  

ဗဟုသုတရစေပါသည်

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.059
BTC 70140.06
ETH 2138.72
USDT 1.00
SBD 0.51