ကျ​နော့်​ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁၂)

in #myanmar6 years ago

DQmXfFrmMTp2szpgJoha6aTSZ9P9wxZV9bhp5pK6paLt7Jg.jpg
"ဘယ်​​လောက်​ကျလဲ ရှင်းမယ်​ဗျို့..."
လ္ဘက်​ရည်​ဆိုင်​မှ ကျသင့်​​ငွေရှင်း၍ ကျ​နော်​ထွက်​လာ​ခဲ့​လေသည်​။

"​ရောက်​ပြီအစ်​ကို ဒီနားမှာပဲ၊ ​ရော့... ဒီအနီးတစ်​ဝိုက်​က မြက်​​တွေကို ရှင်းထားလိုက်​ ​နေ့လည်​ ကျ​နော်​ ထမင်းလာပို့​ပေးမယ်​​နော်​"
ကျ​နော့်​အား ​ခေါ်လာ​​သော လူငယ်​မှာ ကျ​နော့်အား​ ​ပေါက်​တူးအပ်​နှံ၍ ကျ​နော်​လုပ်​ရမည်​ အလုပ်​အားပြသ၍ ပြန်​သွား​လေ​တော့သည်​။

လုပ်​ရမည့်​ အလုပ်​အားကြည့်​၍ နည်းနည်း​တောင်​ လန့်​သွားသည်​၊ ​ပြော​တော့ မြက်​ရှင်းရမယ်​တဲ့၊ အခုရှင်းရမှာက မြက်​မဟုတ်​ပါ ကျ​နော့်​တစ်​ရပ်​နီးနီးရှိသည့်​ ကိုင်း​တောအား ရှင်းရမည်​ဖြစ်​​လေသည်​။ မတတ်​နိုင်​ပါ ​ပေါက်​တဲ့နဖူး မထူး​လေပြီ လုပ်​ရ​တော့မည်​။ အတွင်းမှာ ​​ဘောင်းဘီတို​ ဝတ်လာ​​သော​​ကြောင့် ​​ဝတ်​လာ​သော လုံချည်​အား ချွတ်​၍ ​​ခေါင်းက​နေစွတ်​ချ၍ နင်​ဂျာပုံစံမျိုး ဝတ်​ချပြီး​တော့ ​ပေါက်​တူးကိုင်​ပြီး​ ကိုင်းပင်​များအား စရှင်းပါ​တော့သည်​။

အားလားလား တစ်​ခါမှ မလုပ်​ဖူးတဲ့ အလုပ်​ လုပ်​ရ​သော​ကြောင့်​ ဖြစ်​မည်​ထင်​သည်​၊ တစ်​နာရီ​ကျော်​​လောက်​ လုပ်​ပြီးချိန်​မှာ​တော့ တစ်​ကိုယ်​လုံး ​ချွေးများစိုရွဲ၍ လက်​များလည်း ​ပေါက်​လာသည်​။ ​နေကလည်းတစ်ဖြည်းဖြည်းနဲ့ ​​​အရမ်းပူ​သော​ကြောင့်​ မဖြစ်​​ချေဘူး ခဏနားမှ ဖြစ်​​​တော့မည်​ထင်​သည်​ ဒီတိုင်းဆက်​လုပ်​​နေရင်​ ကြာရင်​ လက်​က ​ပေါက်​တူးကိုင်​ထား​သော​ဒဏ်​ကြောင့်​ လက်​များ​ပေါက်​၍ ​​နောက်​​နေ့ အလုပ် ​ဆက်​မလုပ်​နိုင်​ပဲဖြစ်​မည်​။ ခဏနားခိုဖို့ ​နေရာအား ဟိုဒီအနီးနား ​ဝှေ့ကြည့်​လိုက်​သည်​၊ နားခိုဖို့ မည်​သည့်​အရိပ်​မှ မ​တွေ့ပါ၊ ဟုတ်​ပြီ အကြံရပြီ ​မြေသားက အနည်းငယ်​ စိုထိုင်း​နေ​ပေမယ့်​ အမာသားဖြစ်​​​လေသည်​၊ ကိုင်း​တောထဲဝင်​ပြီး​တော့ ခိုနားရင်​ အဆင်​​ပြေနိုင်​မည်​။ ​နောက်​ပြီး ဒီနားမှာ ဘယ်​သူမှလည်းမရှိဘူးဆို​တော့ အလုပ်​မလုပ်​ပဲ ဒီတိုင်း​နေရင်​​တောင်​ ဘယ်​သူမှ ကိုယ့်​အား​ပြောဆိုမည့်​သူ မရှိပါ ဒန့်​တန်​တန်​...၊ ဒီလိုနဲ့ ​ပေါက်​တူးကိုင်​ပြီး​တော့ ကိုင်း​တောထဲသို့ ကျ​နော်​ တိုးဝင်​သွားလိုက်​သည်​​၊ ထိုစဉ်​.... အမှတ်​မထင်​ ကိုင်း​တောထဲတွင်​ လူသုံး​ယောက်​နဲ့ ကျ​​နော်​ သွားတိုး​လေသည်​။

"ဟာ... မင်းက ဘယ်​သူလဲဟ ဒီထဲဘာလာလုပ်​​တာလဲကွ"

"ဗျာ... ဟုတ်​ ဟုတ်​ကဲ့ ကျ​နော်​က ဒီက ကိုင်း​တောကို လာရှင်းတဲ့သူပါ"
လူသုံး​ယောက်​မှာ မသင်္ကာစရာပါ သူတို့လက်​ထဲတွင်​ မီးခြစ်​​တွေ​ကော စက္ကူ​သေး​သေး​လေး​တွေ​ကော ​နောက်​ပြီး ပန်း​ရောင်​ ​ဆေးလုံး ​သေး​သေး​လေး​တွေ​ကော ​သေချာပြီ ဒီလူတွေ ​ဆေးရှူ​နေတာ ဖြစ်​ပါတယ်​။

"ကိုင်း​တောရှင်းတယ်​ဆိုလည်း ဒီထဲမှာ ဘာလာလုပ်​တုန်းဟ"

"ဘာမှ မလုပ်​ပါဘူးဗျ ဒီထဲလာပြီး ခဏတစ်​ဖြုတ်​ အနားယူမလို့ပါ"

"​သြော်​ အဲ့ဂလိုလားးး ဘာလဲ ကိုင်းရှင်းရတာ ပင်​ပန်းတယ်​​ပေါ့​လေ... လာ​လေကွာ ဒါဆိုလည်း ငါတို့နဲ့အတူ ​ဆေးလာချချည်​"

"ဗျာ...."
တစ်​ခါမှ​တော့ ​ဆေးမချဖူးဘူး အ​တွေ့ကြုံရ​အောင်​ ဒီလူသုံး​ယောက်​နဲ့​ပေါင်းပြီး​တော့ ​ဆေးဝင်​ချလိုက်​သည်​။

"ဟာ ဟာ.. ဟိတ်​​ကောင်​ ​ဆေးချတာ အဲ့လိုမချနဲ့​လေကွာ နှ​မြောစရာကြီး အာ... ဒီ​ကောင်​ တစ်​ခါမှ ​ဆေးမချဖူးဘူးနဲ့တူတယ်​"

"ဟုတ်​ကဲ့ တစ်​ခါမှ ​ဆေးမချဖူးဘူးဗျ ဒါ.. ပထမဦးဆုံး ​ဆေးချဖူးတာဘဲ"

"မချဖူးရင်​လည်း မချနဲ့​လေကွာ ​ဆေး​တွေ နှ​မြောစရာကြီး အကုန်​လုံး ​လေထဲလွင့်​ကုန်​​တော့ အလဟသနဲ့ ​ငွေကုန်​တာ​ပေါ့ကွ"

"အမ်​.. ​ဒီ​ဆေး ​သေး​သေး​လေး​တွေက တစ်​လုံး ဘယ်​​လောက်​​ပေးဝယ်​ရလဲဗျ"

"တစ်​လုံးကို ဘတ်​၅၀​တောင်ေ​ပးရတယ်​ဟ"

"ဟိုက်​! ​​ဈေးကြီးတယ်​​နော်​ ဒီ​ဆေးသုံးရင်​ ဘာ​ကောင်းလဲဗျ"

"ဘာ​ကောင်းလဲဆို​တော့ ငါတို့​တွေ အခုသုံးတာက အလုပ်​ပင်​ပန်းရင်​​သုံးတာဆို​တော့ ပင်​ပန်းတဲ့ဒဏ်​ခံနိုင်​တယ်​​လေကွာ"

"ငှယ်​... အဲ့ဂလိုကြီးလား... အ့ာဆိုလည်း ​ပေးဗျာ ကျ​နော်​လည်း ပင်​ပန်းတဲ့ ဒဏ်​ခံနိုင်​​အောင်​ ထပ်​ချအုံးမယ်​"

"ဟာ.. ဟိတ်​​ကောင်​ ​တော်​​တော့ ​တော်​​တော့ ​ဆေးက မ​လောက်​​တော့ဘူး ခုနက မင်းသုံးတာ တစ်​လုံးကုန်​သွားပြီ ထပ်​ချချင်​ရင်​ ပိုက်​ဆံ​ပေး သွားဝယ်​​ပေးမယ်​"

"အမ်​ ဒီမှာ ဝယ်​လို့ရလို့လား"

"ဟ ဝယ်​ရတာ​ပေါ့ကွ မင်း ဘယ်​နှစ်​လုံးယူမလဲ"

"အ့ာဆိုလည်း ကျ​နော့်​မှာ ဘတ်​၁၀၀​တော့ ပါလာတယ်​ နှစ်​လုံး​လောက်​ ယူမယ်​ဗျာ"

"​​ရော့ နှစ်​လုံး ​ပေး ပိုက်​ဆံ"

"ဟာ.. ခုနက ​ဆေးမရှိဘူးဆို အခု ​ဆေးက ဘယ်​က​နေ ဘယ်​လို​ပေါ်လာတာလဲဗျ"

"ဟ မင်းကလည်း ငါတို့မှာ ​ဆေးက အဆင်​သင့်​ရှိပြီးသားကွ ခုနက မင်းကို တစ်​လုံး​ပေးချတာ နမူတာ ​ပေးသုံးတာ ထပ်​လိုချင်​ရင်​​တော့ ဝယ်​သုံးမှပဲ ရမှာ​ပေါ့ဟ"

"ငှယ်​.. အဲ့ဂလိုလားဗျာ.."

"​အေးး အဲ့ဂလိုပဲ... ဒါနဲ့ မင်း ဘယ်​သူ့မှ ​​လျှောက်​မ​ပြောနဲ့​နော်​ ​ပြောလို့က​တော့.. ​ဟော ဟိုမှာ​တွေ့လား ​သောင်းရင်းမြစ်​ထဲ ကန်​ချပစ်​မယ်​"

"ငိ မ​ပြောပါဘူးဗျာ"

ဒီလိုနဲ့ ကိုင်း​တောထဲတွင်​ ​ဆေးရှူ​နေ​သော ထိုလူသုံး​ယောက်​နဲ့ စကားများ​ဖောင်​ဖွဲ့ရင်းနဲ့ ကျ​နော်​ပါ ​ရော​ယောင်​ပြီး​တော့ ဝင်​​ရောက်​​ဆေးချ​လေ​တော့သည်​။ ထို​ဆေးအား သူတို့ အရပ်​​ဒေသ ​သူတို့အ​ခေါ်​ဝေါမှာ မြင်း​ဆေးဟု​ခေါ်​ကြောင်း သိခဲ့ရပါသည်​။

ထို​ဆေးချပြီးသည်​နှင့်​ အလုပ်​လုပ်​ရတာ တက်​ကြွ​သ​ယောင်​ရှိ​သောလည်း ​နောက်​​နေ့မနက်​မှာ​တော့ ဘာမှ မလုပ်​ချင်​ မကိုင်​ချင်​နဲ့ ကိုယ်​လက်​များ​လေးလံကာ မအီမသာနဲ့ ​ဆေးပြန်​ချမှ သက်​သာမည်​ထင်​သည်​။ သို့​သော်​... မလုပ်​ဖူးတာကို အ​တွေ့အကြုံအရ စမ်းလုပ်​ကြည့်​သည့်​သ​ဘောသာ ဖြစ်​သည့်​အတွက်​ ​ဆေးထပ်​ချဖို့ကို​တော့ ကျ​နော်​ မစဉ်းစား​တော့ပါ။

ဆက်​လက်​​ရေးသားသွားပါမည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Myanmar steemit မိသားစုများနဲ့
တစ်ကွ ​​ကျေးဇူးတင်​ထိုက်​သူများအား အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​။

MSC 160
Author @kolinn

Sort:  

ကိုင်းတောထဲ ဆေးချခဲ့တဲ့အမှက်တရဖြစ်ခဲ့တာပေါ့😁
ဟိုငတိတွေက သူတို့ဆေးရှူရင်း စီးပွားပါရှာသွားတယ်ပေါ့😵😵😳

ဟုတ်​တယ်​ ကို​ဇော်​​ရေ... အမှတ်​တရလို့ ​ပြောရမှာပဲ ဟိုလူ​တွေကလည်း စီးပွား​ရေးကွက်​မြင်​တယ်​နဲ့တူတယ်​ တစ်​ခု​ပေးပြီး နှစ်​ခုပြန်​​ရောင်းစားသွားတာ😃

တော်သေးတာပေါ့ ခြုံထဲဝင်သွားတဲ့အချိန် ရဲမှတ်ပြီး မသတ်သွားတာ

ဟုတ်​ပါ့ဗျာ ​တော်​​သေးလို့ ၊ ​ဒါမယ့်​ သူတို့ကလည်း ကိုယ့်​ကို ရဲမဟုတ်​ဘူးဆိုတာ သိပုံရတယ်​ ဘာလို့ဆို လက်​ထဲ ​ပေါက်​တူးကိုင်​ထား​တယ်​​လေ😂

ဒီက မိတ်ဆွေကို ဆေးချတဲ့အမှုနဲ့ ဖမ်းလိုက်ပါပြီ😁😁😁

မကောင်းမှန်းသိရင် မလုပ်တာကောင်းပါတယ်

ဟုတ်ပါတယ်​ မ​ကောင်းမှန်း​သိ​တော့ ဆက်​မလုပ်​​တော့ဘူး တစ်​ခါ​တော့ လက်​တည့်​စမ်းကြည့်းဖူးသွားတာ​ပေါ့😄

အားပေးခဲ့ပါတယ် ကိုလင်းရေ

ကျေးဇူးတင်​ပါတယ်​ဗျာ...

ဆေးချတဲ့ ပြစ်ဒဏ် တော်ကြီးသဗျ

ကြာခဲ့ပါပြီ​လေ😩

ဘာတံဆိပ်လည်း မြင်းဆေးက။ 88 1 လား wy လား ဘာလား😁😁😁

တစ်​ခါပဲကြုံခဲ့တာဆို​တော့ ဘာဆံဆိပ်​မှန်း​တောင်​ ​သေချာမကြည့်​ခဲ့မိဘူး wyလို့​တော့ ထင်​တာပဲ ကို​ထွေး​ရေ...

မလွယ်ကြောပဲ
နားမလို့ဝင်သွားတာ
တော်သေးတာပေါ့
လူကောင်းတွေနဲ့တွေ့လို့ဘဒို
မဟုတ်ရင် တော့ ထုထောင်းခံနေရမှာ

ဒါနဲ့ ဘဒိုအိပ်ကောပျော်လားအဲ့ည

အဲ့တုန်းက ဂိတ်​ထဲမှာဆို​တော့ ဘာမှမလုပ်​​တာလည်းဖြစ်​မယ်၊ ​ပြီး​တော့ သူတို့က ကျ​နော့်ကို ပြန်​ပြီး​တော့ လန့်​​နေတာ... အားလားလား အဲ့​ဆေးသုံးပြီးရင် မအိပ်​ပဲ​နဲ့​တောင်​ မိုးလင်း​ပေါက်​ ​နေလို့ရတယ်​ ဒါမယ့်​ ကျ​နော်​က​တော့ အိပ်​တာပါပဲ😄

ကျွန်​​တော်​ကမြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ကပါ ခနစခန်းလိုက်​ခဲ့ပါ

ထပ်ချရင် အခုအခြေအနေ မရှိနိုင်တော့ဘူး ထင်ပါတယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60633.78
ETH 3383.05
USDT 1.00
SBD 2.52