အချစ်​အ​ကြောင်းတစ်​​စေ့တစ်​​စောင်း

in #myanmar8 years ago

လောကမှာ အချစ်ရေးနဲ့ပတ်သက်ရင် ကိုယ်ပေးတဲ့အတိုင်း ပြန်ရတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ အချစ်ရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ပိုချစ်တဲ့သူက ပိုနာကျင်ရစမြဲပါပဲ။ ကိုယ့်ဖက်က ဘယ်လောက်ပဲချစ်ခဲ့၊ ပေးဆပ်ခဲ့ပါစေ ကိုယ်အသည်းကိုခွဲပြီး၊ ကိုယ့်အပေါ်ကို ရက်စက်တတ်တဲ့သူတွေနဲ့လည်း ကြုံရမှာပါ။ ဒီလိုကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ဖို့၊ ကိုယ့်ဘဝကိုအနစ်မွန်းခံဖို့ထက်စာရင် သူ့ကိုဘဝထဲကထုတ်လိုက်တာ ပိုပြီးမှန်ကန်ပါတယ်။အချစ်ရေးတစ်ခုမှာ သူ့အချစ်ကိုရဖို့၊ ဒါမှမဟုတ် သူ့ရဲ့ ဂရုစိုက်မှုကိုရဖို့၊ သူလုပ်သင့်တဲ့အရာတွေကို လုပ်ဖို့ သင့်ဖက်ကနေ အမြဲတမ်း တောင်းပန်နေရတယ်ဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အရာပါ။ စစ်မှန်တဲ့ အချစ်ဆိုတာက သင့်ကို သိမ်ငယ်စေမယ့်အရာမဟုတ်သလို သင်ကအောက်ကျို့ခံပြီး တောင်းပန်နေစရာမလိုတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် သင်ကတောင်းပန်နေရတယ်၊ အောက်ကျို့နေရတယ်ဆိုရင်တော့ သင်တွဲနေတဲ့ သူကိုလက်တွဲဖြုတ်လိုက်သင့်ပါတယ်​။အချိန်​ကြာရှည်​လာတာနဲ့အမျှ​ဝေဝဒနာပိုခံစားရနိုင်​တယ်​ဆိုတာနားလည်​ထားပါ။ imageယောကျာ်းလေးတွေက မိန်းကလေးတွေကို စိတ်ဆိုး၊ စိတ်ကောက်ဖို့လောက်ပဲသိတယ်လို့ထင်ကြတယ်။ မိန်းကလေးတွေဆိုတာ ကိုယ့်ချစ်ရတဲ့သူကို တော်ရုံကိစ္စလေးတွေနဲ့ စိတ်ဆိုး ၊ စိတ်ကောက်ကြတာရှားပါတယ်။ အကြောင်းတစ်ခုခုရှိလို့သာ စိတ်ဆိုး ၊ စိတ်ကောက်ကြတယ် ၊ ဒါပေမယ့် သူတို့စိတ်ဆိုးတဲ့အကြောင်းကိုတော့ ဘယ်တော့မှထုတ်မပြောတတ်ဘူးလို့မဘုတ်​ဆုံမက​ပြောပြပါတယ်​။အချစ်ဆိုတာ အရမ်းဆန်းကြယ်တဲ့အရာပါ။ အချစ်ကို ပုံဖော်ကြည့်ကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ကြတာချင်း မတူပါဘူး။ အချစ်ဆိုတာ ကော်ဖီလိုပဲ အစမှာတော့ ချိုပြီး အောက်ရောက်ရင် ခါးသွားတတ်တာမျိုးပါ။ အချစ်စစ်မှာတော့ ဒါမျိုးတွေမရှိပါဘူး။အချစ်ရေးမှာ အပြောသမားထက် ဒီလိုလက်တွေ့သမားတွေကိုပဲ ရွေးချယ်သင့်တယ်ဆိုတာကိုအထူးသတိပြုသင့်​ပါတယ်​။
Photo-google
Writing by@komoewai

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 70408.82
ETH 2151.40
USDT 1.00
SBD 0.51