မီးတိုင်ပမာ(1) The example of candle

in #myanmar6 years ago (edited)

First step
image
မင်္ဂလာပါ.. ဒီနေ့ကျွန်တော် ဘုရားသွားရင့်နဲ့ ဘုရားမီးပူဇော်ထားတဲ့ ဆီမိးတိုင်ကိုမြင်လိုက်မိတယ်ဗျာ၊ ဒီလောက်မှောင်မဲနေတဲ့၊ ဘုရားကျောင်းဆောင် ဂူခေါင်းထဲမှာပေါ့၊ ဘယ်လောက်ဘဲ အသားအရေတွေကုန်ခန်းသွားပါစေ၊ တစ်စက်ကလေးမှ အလင်းရောင် မလျှော့သွားစေခဲ့ဘူး၊ သူ့ရဲ့ အသားရေတည်ရှိနေသရဲ့ပေါ့၊ အဲဒီဆီမီးတိုင်လေးကိုကြည့်ပြီး၊ ကျွန်တော်ခေါင်းထဲ အသိစိတ်တစ်ခုဝင်လာခဲ့ပါတယ်၊ ဘယ်လိုလဲဆိုတော့.. ကျွန်တော်တို့ရဲ့ မိဘ ဆရာသမားတွေကလည်းဒီအတိုင်းဘဲကို၊ သူတို့ဘဝကုန်ဆုံးသွားပါစေ၊ သူ့တို့ရဲ့ သားသမီးအပေါ်မှာထားတဲ့မေတ္တာတရားတွေကလျှော့မသွားစေခဲ့ဘူး၊ အဆုံးထိအတတ်နိုင်ဆုံး၊ သားသမီးကောင်းစားရေးကို ရှေ့ဆောင်လမ်းပြပေးနေလျှက်ရှိနေပါတယ်၊ ဒါနဲ့တစ်ခုလောက်ပြောပြပါရစေ..
image
ရွာငယ်လေးတစ်ရွာမှာ မိသားစုတစ်ခုရှိခဲ့ပါတယ်၊ သူတို့မိသားစုမှာတော့ ညီအကိုမောင်နှမတော့သိပ်မရှိကြဘူးပေါ့၊ အကိုတစ်ယောက် ညီတစ်ယောက် ညီမလေးတစ်ယောက်သုံးယောက်ရှိပါတယ်၊ သူတို့သုံးယောက်ငယ်စဉ်မှာတော့ သူတို့မိဘတွေက သိပ်မဆင်ရဲကြဘူး၊ မချမ်းသာဆိုပေမဲ့ စားနိုင်သောက်နိုင်ပြည့်စုံလှုံလောက်တဲ့ မိသားစုတစ်ခုပေါ့၊ သူတို့သုံးယောက်လုံးကျောင်းသားအရွယ်လည်းရောက်တော့ မိဘတွေက စီးပွားရေးတွေသိပ်အချင်မပြေကြတော့ဘူး၊ ဘာဖြစ်လို့လည်းဆိုတာတော့ သူတို့ရဲ့ အဖေဖြစ်သူက ရရှိထားတဲ့ စီးပွားရေးကို သေသေချာချာ ကျကျနန မလုပ်ဘဲ ပိုင်ဆိုင်ထားတဲ့ စီးပွားရေးဥစ္စာတွေကို ဖေရိုက်လိုက် အရက်သောက်လိုက်နဲ့ ဆိုးသွန်းနေခဲ့တဲ့အတွက်ကြောင်းဖြစ်ပါတယ်၊ ဒါနဲ့ သားသမီးသုံးယောက်လုံးကို ကျောင်းထားဖို့အခက်ခဲ့တွေရှိလာခဲ့ပါတယ်၊ ဒါပေမဲ့ အဖေဆိုးသွန်းနေသော်လည်း အမေဖြစ်သူက ငါတို့ပညာမတတ်ခဲ့လို့ခုလို ဘဝကြမ်းကိုဖြတ်ကျော်နေရတယ်၊ ငါတို့မတတ်ခဲ့သော်လည်း ငါတို့သားသမီးတွေကိုတော့ ပညာမသင်ပေးဘဲမနေနိုင်ဘူး၊ အဖြစ်ဖြစ်တည်နည်းနဲ့ ရအောင်သင်ပေးမယ်ဆိုပြီး မှန်မာန နဲ့ သူတို့သုံးယောက်လုံးကိုပညာသင်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာဖြင့် လုံးဝမတတ်နိုင်တဲ့အချိန်မှာတော့ မှန်မာနကို ဒူးထောက်အရုံးပေးခဲ့ရပါတော့တယ်၊ အကြီးဆုံးသားက ၆ တန်း အလက်သားက ၅ တန်းနှင့် အငယ်ဆုံးသမီးကတော့ ၄ တန်းလောက်သာ ထားပေးနိုင်ခဲ့ပါတယ်၊ အကြောင်းရင်ကတော့ မိဘနှစ်ပါး တစ်ဥနှင့် တစ်ဥ ရန်ဖြစ်စကားများကြပြီးတော့ အဖေဖြစ်သူက သားသမီး သားမယားတွေကို ပစ်ပြီး အဝေးတစ်နေရာသို့ထွက်သွားခဲ့တဲ့အတွက်ကြောင်းပါ၊ အိမ်ထောက်ဦးစီးမရှိဘဲ၊ သားသမီးသုံးယောက်လုံးကို မငပ်မမွတ်ရအောင် ကျွေးမွေးပြုစုစောက်ရှောက်ထားခဲ့သူမှာ မိန်းမသား အမေပင်ဖြစ်ပါတယ်၊ သားသမီးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မအေနဲ့အတူတူ ဆင်းရဲဒုက္ခကို တော်လှန်တိုက်ခိုင်နေသူတွေပါ။ သားသမီးတွေကလေးဘဲသူတို့နားလည်သလောက်အိမ်းမှု့ကိစ္စတွေကို မအေသင်ပြပေးထားသလိုမျိုးလုပ်ကိုင်ကြပါတယ်၊
၎ တန်းကျောင်းသူ သမီးလေးကို အိမ်းမှာထားပြီးအပြင်ကိုသွားပြီးအလုပ်မလုပ်ချင်ပါဘူး၊ ဘဝအခြေနေက ကြမ်းတမ်းတော့၊ မခွဲနိုင်တဲ့နှလုံးသားကို ရင်မှာသိမ်းပြီး၊ စိတ်ဓာတ်ကိုတင်း ငါမလုပ်နိုင်လျှင် ငါ့သားသမီး ငပ်မှာစို့လို့ ငါ့ဆိုတဲ့ မာနတစ်ခုနဲ့ မရမက ယောကျာ်းအလုပ် အလုပ်ကြမ်းကို ရုန်းကန်လုပ်ရှားရှာကျွေးခဲ့သူဟာအမေပါ၊
image
၎ တန်းကျောင်းသူသမီးလေးက တခြားကလေးတွေကျောင်းတက်သွားရင် ကျောင်းတက်ချင်နေတယ်၊ အိမ်ကိုလာပြန်တော့လဲ့အမေဖြစ်သူကိုမတွေ့ရ၊ အမေကိုအောက်မေ့နေတဲ့ ညီမလေးကို ကြည့်ပြီးခံစားငိုးကြေးခဲ့ရတဲ့ အကိုတွေရဲ့မျက်ရေးတွေကို ခုထက်ထိမြင်ယောင်နေဆဲပါ၊ တစ်ခါတလေ မိုးတွင်းရောက်လာတော့ ပိုပြီးဒုက္ခရောက်ကြပါတယ်၊ အမေဖြစ်သူက မိန်းမသားဆိုတော့ ရေမကူးတတ်ဘူးပေါ့၊ လုပ်နေရတဲ့အလုပ်တွေကလည်း၊ ယောကျာ်တွေလုပ်ကြတဲ့အလုပ်မျိုးတွေလေ ငါးဖမ်းရတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးဗျာ၊ မိုးကလေးကြီး ဖြားရေလည်းကြီးတဲ့နေ့ဆိုရင်၊ မိန်းမသားဖြစ်တဲ့၊ သူတို့အမေအတွက်၊ သေမင်းနဲ့ အသက်လုပွဲပါဘဲ၊ ဒီနေ့က မိုးကြီးတယ် ရေးကြီးတယ် ဆိုပြီး သူများတွေလိုအိမ်မှာ စောင်လေးနဲ့အိပ်နေလို့မရရှာဘူး၊ ရေကြီးတယ် ငါရေကူမတတ်ဘူး မသွားတော့ဘူးဆိုရင် မနက်မိုးလင်လာရင်သားသမီးတွေ ဆာလောင်မွတ်သတ်နေမှာကို ကြိုးသိထားတော့ အအူရှင်မဖြစ်တဲ့အမေက မနေနိုင်ဘူး၊ ရေကူးမတတ်ပေမဲ့ ရေထဲက ငါးကိုဖမ်းပြီး သားသမီးတွေကို ရှာကျွေးမွေးတာက အမေပါ။
image
တစ်ခါတလေကျတော့လည်း ရေထဲကငါးဆိုတော့ မရတဲ့နေ့တွေလဲ့ရှိတာပေါ့၊ မရလာတဲ့နေဆိုရင်..ဥပမာပေါ့ အိမ်မှာ ဆန်လေးလုံးချက်စားတယ်ဆိုရင် နှစ်လုံးလောက်အတွက်သာရရှိလာတယ်ဆိုရင် အမေဖြစ်သူမစားဘဲ သားသမီးတွေကိုဖြစ်သလိုချက်ကျွေးပေးပါတယ်၊ ဖြစ်သလိုဆိုတာကတော့၊ ဆန်ပြုတ်လိုမျိုးကျိုလိုက်တာပေါ့၊ ဒီဆန်နှစ်လုံးကို ကျိုဖို့အတွက် ထင်းမရှိဘူး၊ ဖြစ်ရလေဘဝကနော် တော်တော်ကို ရင်နာစရာ ကြောက်စရာဘဝပါ၊ လျှပ်စစ်မီးမရှိတော့ ထင်းနဲ့ထမင်းချက်ကြတာကို၊ ထင်းမရှိသော်လည်း အမေဖြစ်သူကတော့ သားသမီးတွေကို အငပ်မပေးဘူး၊ မရ ရအောင်ကြံရရှာပါတယ်၊ တခြားသူတွေ ချမ်းသာတဲ့သူတွေရွာမှာရှိပါတယ် ဒါပေမဲ့ ချေးငုားလို့မရဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပစ္စည်းပြန်မရမှာကိုစိုးတယ်လေး၊ သူသူ ငါငါလည်းလိုအေးဘဲဖြစ်ကြမှာ.. အိမ်းမှာ အိမ်ထောင်ဦးစီး ယောကျာ်းသားအလုပ်လုပ်တဲ့သူမရှိရင် ဘယ်သူမှမယုံဘူးလည်၊ မိန်းမသားရှာလို့မရနိုင်ဘူးပေါ့၊ ဒါကြောင်းပြန်မရမှာစိုးလို့ချေးငှားလို့မရဘူးပေါ့။ သို့သော်အမေဖြစ်သူက သူသားသမီးကို အငပ်မပေးဘူးနော် အကြံဉာဏ်ကို ရအောင်ထုတ်တယ် ဘယ်လိုကြံလည်းဆိုတော့ အိမ်မှာခင်းထားတဲ့ ပြိုင်ကို ကြမ်းကိုထုရိုက်ပြီးတော့ မရမက ဆန်ပြုတ်ကြိုးပြိီတော့ ကိုယ်အငပ်ခံပြီး သားသမီးတွေကို ရှာကန်ကျွေးမွေးသူက အမေပါ။ သားသမီးတွေက အမေဖြစ်သူထမင်းမစားဘူးဆိုရင် အမေဘာဖြစ်လို့မစားတာလေးပေါ့၊ အမေ ထမင်းမလောက်မှာစိုးလို့မစားတာဆိုပြီး အမှန်ပြောလိုက်ရင် သားသမီးတွေစားမှာမဟုတ်တော့ဘူးဆိုပြီး၊ မုသားမပြောတတ်သော်လည်း၊ အမေအပြင်မှာ အသိတစ်ယောက်နဲ့တွေ့လို့သူနဲ့စားလိုက်တယ်၊ သူနဲ့စကားကောင်းကောင်းမပြောခဲ့ဘူး၊ ငါ့ကလေးတွေဆာမှာစိုးလို့ဆိုပြီး၊ ညာပြောခဲ့သူကလေးဘဲအမေပါ။။
image
နောက်ထပ်ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်မျှော်ပြီးအားပေးကြပါလို့ဖိတ်ခေါ်လိုက်ပါရစေ…အပိုင်းဆက်ကိုမျော်..
Wait for the second step

Written by Konyi
MSC 037
photo from Google image

Sort:  

အ​ရေးအသား​တွေက​တော့ ​ကောင်းပါတယ်​ကိုညီ​ရေ အရင်​ကတည်းက သက်​ပုံမမှန်​တာတွေကိုသိထား​တော့ ကွကိုယ်​ပဲ ပြင်​ပြီးဖက်​လိုက်​ပါတယ်​ အရမ်း​ကောင်းပါတယ်

ဟုတ်ကဲ့ပါအကို ပြန်ပြီးပြုပြင်လိုက်ပါမယ်

ဝတ္ထုအသွင်ပြောင်းရင် ပိုကောင်းလောက်တယ်နော် ကိုညီ

အငပ်မပေးဘူး ဆိုတဲ့နေရာမှာ အငတ်မထားဘူးတို့ မငပ်မမွတ်ရအောင် ဆိုတဲ့နေရာမှာ မငတ်မွတ်အောင် တို့ ချေးငုားလို့မရဘူးပေါ့ ဆိုတဲ့နေရာမှာ ချေးငှားလို့မရဘူးပေါ့ တို့ဖြစ်သင့်ပါတယ် ကိုညီရေ။ စာလေးက ကောင်းမွန်မှုရှိပါတယ်ဗျာ။ သတ်ပုံလေးတွေ ပြင်လိုက်စေချင်တယ်ဗျ။

ဟုတ်ကဲ့ ကိုထွေး ပြန်ပြင်လိုက်ပါမယ် ကျေးဇူးပါအကို

မိဘမေတ္တာတွေပေါ့ဗျာ စာလုံးပေါင်းတွေကတော့ အခြားသူများလဲပြောထားတော့ ဂရုစိုက်ပြီးရေးလိုက်ပေါ့ဗျာ ကောင်းပါတယ်

ဆိုလိုရင်းလေးတွေက ကောင်းပါတယ်
လောကသဘာဝ မေတ္တာဓာတ်ကို ထင်ဟပ်စေပါတယ်။
စာလုံးပေါင်းသပ်ပုံလေးတွေကိုတော့ ဂရုစိုက်စေချင်ပါတယ်။
မေတ္တာရှေ့ထားလို့ အတူတူသွားကြပါစို့

ဟုတ်ကျေးဇူးပါbro

နောက်​တက်​ဘယ်​လိုမျိုးဆက်​ဖြစ်​မလည်း​စောင့်​​မျှော်​ဖတ်​ရှု့ပါအုန်းမယ်​​ဗျ။မိခင်​​မေတ္တာ​လေး​တွေကို​ဖော်​ကျူးထားတာအရမ်း​ကောင်းပါတယ်​အစ်​ကို

မိဘမေတ္တာဆိုတာ ကုန်တယ်မရှိပါဘူးဗျာ...
နောက်ဆုံးထွက်သက်အထိ ပေးစွမ်းနေကြတာ..
မိဘရဲ့ကျေးဇူးတွေကို တစ်ဖြည်းဖြည်းချင်း သိလာစေတယ်..
အရေးအသားတွေကောင်းတယ်ဗျာ...
ဆက်လက်အားပေးနေပါအုံးမယ်..

ဟုတ်ကဲ့ပါအကို ကျေးဇူးပါနော်

မိခင်မေတ္တာဆိုတာ ဘယ်တော့မှမခမ်းဘူး

မှန်ပါပယ်တယ် bro ကျေးဇူးပါနော်

မိဘမေတ္တာဖော်ကျူးပုံတွေကိုတလေးတစားနဲ့စောင့်မျှော်အားပေးနေပါ့မယ်ဗျာ

ဟုတ် ခုလိုအားပေးတာကျေးဇူးပါ bro

အားပေးနေမယ်အကို

ကျေးဇူးတင်နေလျှက်ပါ bro

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 64241.02
ETH 3178.09
USDT 1.00
SBD 3.85