ကျွန်တော်နှင့် ဖြန့်ထွက်သီအိုရီ

in #myanmar6 years ago

clouds-fashion-free-103123.jpg

Credit Image >>>

တစ်ချို့သောအရာတွေက
အရမ်းခက်ခဲတယ်လို့ ကျွန်တော်တို့တွေ
ငြီးတွားတတ်ခဲ့ကြပါတယ် ။
တစ်ကယ်တော့ အရာအားလုံးဟာ
အဆန်းတကြယ်တော့ မဟုတ်လှပါဘူး ။
နားလည်းတက်ကျွမ်းနိုင်စွမ်း မရှိလေသော
အထိ အတွေ့ အာရုံခံစားမှုပေါင်း
များစွာတွေက ဝေးကွာနေလို့ပါ ။

ဥပမာ - ဧဝရတ်တောင်ကို
ကျွန်တော်တို့ တက်ရမယ်ဆိုပါစို့
တောင်ဘို့ကြီးကို မြင်ရရုံနဲ့ ကျွန်တော်တို့တွေ
ရင်တထိတ်ထိတ် ကြောက်ခမန်းလိလိတော့
ဖြစ်နေမှာပဲ ။ ဒါပေမဲ့ ကြိုးစားပန်းစားနဲ့
တက်ရောက်ခဲ့တဲ့ လူတွေ
ဧဝရတ်တောင်ထိပ်ကို
အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ် ။
ဒီလိုပါပဲ ကျွန်တော်တို့ အားလုံးမှာ
နေ့စဉ် နိစ္စဓူဝ လုပ်ဆောင်
ရုန်းကန်နေရခြင်းအခြေနေတွေမှာ
ခက်ခဲမှုတွေ အဆန်းတကြယ်ဖြစ်မှုတွေ
ကြုံဆုံနေရမှာပဲ ။ တစ်နည်းပြောရရင်
( လောကဓံတွေပေါ့ ) ။

adventure-cliff-daylight-6758.jpg

Credit Image >>>

လောကဓံဆိုတာ
ကျွန်တော်တို့တွေရဲ့ ဖြစ်စဉ် ဘဝတစ်ခုပါ ။
ဒါကို နားလည်ကြပြီးသားပါ ။
လောကမှာ - ရှင်သန်ခွင့်ရကြတဲ့
တစ်ချို့သော လူတော်တော်များဟာ
ဘဝနဲ့ပက်သက်ပြီး တွေးတောရခြင်း။
ရှင်းပြ ဖော်ဆောင် လမ်းပြ ပေးမှု
အကြောင်းတရားများကို
စိတ်ဝင်စားခြင်းမျိုးမရှိဘူး ။
လက်သင့်သိပ်မခံချင်ကြဘူး။
ကိုယ့်ဘဝအတွက် အင်မတန်
အရေးပါစေနိုင်သော တွေးတောမှု
ဆောင်ကြဉ်းမှု ခွန်အားဖြစ်စေမှု
အသုံးတည့်စေမှု အစရှိသော စကားလုံးများ
စာပေများကို သူတို့တွေဟာ
ပေါင်မုန့်တစ်ချပ်ကို ထောပတ်လေးသုပ်ပြီး
လွယ်ကူစွာ စားသုံးပစ်လိုက်တယ် ။
( ဗိုက်ပြည့်ရင် ပြီးရောဆိုတဲ့ လူစားမျိုး
တွေပေါ့ ) ။

အဲ့ဒီလိုပါပဲ လူတိုင်းရယ်တော့ မဆိုလိုပါဘူး
ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ
အနည်းအများတော့ တွေ့မြင်နေရပါတယ် ။
အချိန်မှန်လေးစားရသောက်ရရင်ပြီးရော
အချိန်မှန်လေး အိပ်ရရင်ပြီးရော
ဒီလိုနဲ့ တစ်နေ့တာ ( ၂၄ ) ရီကုန်ဆုံးသွား
တဖြေးဖြေး ရက်ပေါင်းတွေမနည်းခဲ့ကြတဲ့လူတွေ
သူတို့မှာ ဘဝအတွက် " ဖြန့်ထွက်တွေးတော
လုပ်ဆောင်ခြင်းများ " မရှိလေတော့
အချိန်တွေကြာလာပေမဲ့လည်း
သူတို့တွေရဲ့ဘဝဟာ
ခမ်းနားတောက်ပြောင်လာမှု လုံးဝရှိမလာပါဘူး ။

birds-dawn-dusk-164162.jpg

Credit Image >>>

" ဖြန့်ထွက်တွေးတောခြင်း " ဆိုတာ
ကိုယ်လုပ်ဆောင်နေရသော
လုပ်ဆောင်ခွင့်ရှိသော အလုပ်ကို
သူတစ်ပါးမတွေးနိုင် မလုပ်နိုင်သော
အတွေးစိတ်ကူးများနှင့်
ချဲ့ထွင်းလုပ်ဆောင်နိုင်ရမယ် ။

ဥပမာ - ကွန်ပြူတာကို တီထွင်ခဲ့တဲ့လူ ။
Facebook ကို တီထွင်ခဲ့တဲ့လူ ။
လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့လူ
အစရှိသော ဖြန့်ထွက်တွေးတောခြင်းများနှင့်
လုပ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်တွေ
သိပ်ကိုလေးစား ဂုဏ်ယူစရာကောင်းပါတယ်ဗျာ

အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ သမိုင်းတွေ
လှပခဲ့ကြတယ် ။ အသက်ရှင်နေထိုင်ခွင့်
ရခဲ့ကြတဲ့အချိန်တွေလည်း
အဓိပ္ပါယ်ပြည့်ဝစွာ ရှိခဲ့လိမ့်မယ်လို့လည်း
ထင်မြင်ယူဆရပါတယ် ။

ဒီတော့ " ဖြန့်ထွက်တွေးတောခြင်း "
အကြောင်းတရားများကို ကျွန်တော်တို့တွေ
နားလည်လက်ခံစေချင်ပါတယ် ။
ဆိုလိုချင်တာက ဘဝအရေးနဲ့ ပက်သက်ပြီး
အတွေးအမြင် စကားလုံး စာပေ
လိုက်နာကျင့်သုံးရမဲ့လုပ်ဆောင်ချက်တွေကို
မငြီးငြူပါနဲ့ မတွေဝေပါနဲ့ မပေါ့လျှော့ပါနဲ့
ဖြန့်ထွက်တွေးတောခြင်းများနှင့်
လုပ်ဆောင်ကြည့်ကြပါ ။

boathouse-cottage-dock-147411.jpg

Credit Image >>>

ကျွန်တော် ရှေ့ကပြောခဲ့သလိုပဲ
အရာအားလုံးဟာ အဆန်းတကြယ်တော့
မဟုတ်ပါဘူး ဆန်းကြယ်အောင်ပဲ
ကိုယ်ကိုယ်တိုင်က
လုပ်ဆောင်နေရမှာပါလေ …

" မရဲတရဲလေးတော့ ရွတ်ဆိုကြည့်မိတယ် ။
အူမ တောင့်မှ သီလစောင့်နိုင်မှာတဲ့
ဒီလိုပါပဲ ဘဝမှာ - အခြေမခိုင်ပဲနဲ့တော့
အောင်မြင်မှုတွေဆီကို အလည်မသွားပါနဲ့
သင် အချိန်ကုန်ပြီး လမ်းစရိတ်ပဲ
ပါးသွားလိမ့်မယ် အောင်မြင်မှုက
သင့်ကို ထွက်တွေ့မှာမဟုတ်ပါဘူး "

အားလုံးကို လေးစားလျှက်…

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

ဘဝမှာ အောင်မြင်ဖို့ ဖြန့်ထွက်တွေးတောလုပ်ဆောင် တတ်ရမှာပေါ့။

အမှန်ကန်ဆုံး နည်းလမ်းပါပဲ

အခြေခိုင်အောင်ြိုးစားကြရမှာပါ

မှန်ပါတယ်ဆရာမရေ ကျွန်တော်လည်း ကြိုးစားနေရ
တယ်ပေါ့ဗျာ

ကိုယ်ကျင်လည်မယ့်ဝန်းကျင်မှာဝမ်းစာပြည့်အောင်လုပ်ထားရမှာပေါ့ဗျာ

အဲ့ဒါဆို ညီလေးတို့ အဆင်ပြေမယ်ထင်တယ်နော်
ကိုကြီးသားပေါက်

ဖြန့်ထွက်အတွေးအခေါ်က ကောင်းပါ့ဗျာ။

အားပေးကြမ်းလှချည်လား ကိုထွေး ညီလေးက ကြိုး
စားနေတုန်းပါခင်ဗျ

အလိုက်သင့် မျောပါနေသူတွေကလည်း မွေးရာပါ ကံတမျိုးပေါ့လေ။သူတို့က ဖြန်ဝေရမှာထက် ရယူရတာကို ပိုသဘောကျတက်ကြတယ်။

ဟုတ်ပါတယ် ကိုကြီးမြင့် ဒါပေမယ့် တစ်ချို့တွေကျတော့ နည်းနည်းလေး လွဲချော်မှုတွေ ဖြစ်နေကျတယ်
ပေါ့လေ

အုတ်မြစ်ခိုင်မာနက်နဲရင် မြင့်မြင့်ဆောက်နိုင်တာပါပဲ

ဒီတော့ ညီလေးတို့ အုပ်မြစ်ကို ခိုင်မာအောင် တည်
ဆောက်သင့်ပါတယ်လေ

ပုံသေကားချ အတွေးတွေကနေ ဖြန့်ထွက်ကြ ဒီလိုမလား

ဟုတ် ပါတယ် ကိုကြီးစိုး ဒါမှ ပြောင်းလဲလာမှာလေ

ခုလည်း ဖြန့်ထွက်ပြီးရေးကြတာပေါ့ဗျာ

အတူတူ ဖိုက်တင်နော် bro

တဆင့်​ချင်းစီကြိုးစားရတာ​ပေါ့ရှင်​။

ဖြစ်ရပါမယ် မအိရေ

အားပေးခဲ့ပါတယ် ကိုညီရေ

ကျေးဇူးပါခင်ဗျာ ကိုကိုမိုးဟိန်း

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66625.38
ETH 3619.34
USDT 1.00
SBD 2.89