ကျွန်မကလေး လျှာဝါးနေလို့

in #myanmar9 years ago

တစ်နှစ်အောက် ကလေးလျှာလှုပ်လျှင် လျှာဝါးသည်ဟု စိုးရိမ်၍ သူငယ်နာဆေးမကျွေးစေလိုပါ။ သူငယ်နာဆေးအချို့က ခဲဆိပ်နှင့် အဆိပ်စိန်ပါ၍ အန္တရာယ်များသည်။ ကလေးလျှာလှုပ်ရှားခြင်းက ပုံမှန် ဟုတ်မဟုတ် ခွဲခြားတတ်စေလိုပါသည်။

(က) ပုံမှန်လှုပ်ရှားမှု အဆင့်များ

(၁) မွေးကင်းစကလေးများသည် အများအားဖြင့် လျှာကို နှုတ်ခမ်းအပြင်ဘက်ထိ မထုတ်နိုင်သေးသော်လည်း နို့စို့ရန် ရှေ့တိုးနောက်ဆုတ် လှုပ်တတ်သည်။

(၂) နို့ကို မျိုချစဉ်ဖြစ်စေ၊ နို့မစို့ချိန်ဖြစ်စေ လျှာကို အောက်သွားဖုံး၊ အောက်နှုတ်ခမ်းပေါ် တင်ထားတတ်သည်။

(၃) မေးရိုးလှုပ်ရှားမှုနှင့်တွဲပြီး လျှာကို အပေါ်အောက် စည်းချက်ဝါးချက်နှင့် လှုပ်ရှားခြင်းက စို့လိုက်သောနို့ကို ခံတွင်းထဲသို့ စုပ်ယူရန် ကျင့်ခြင်းဖြစ်ပါသည်။

(၄) မေးရိုးမလှုပ်ဘဲ လျှာထိပ်ပိုင်းလေးကို မြှောက်လိုက်ချလိုက်လုပ်ပြီး အပေါ်နှုတ်ခမ်းကို ထိဖို့ကြိုးစားမည်။ အစာစား တတ်ဖို့ အစပျိုးခြင်းဖြစ်ပါသည်။

(၅) ဘေးတိုက်လှုပ်ရှားမှုများ စတင်ပါက အစာဝါးဖို့၊ စကားပြောဖို့ စတင်ပြင်ဆင်ခြင်းဖြစ်ပါသည်။

(ခ) ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ

လှုပ်ရှားမှု ပုံစံ(၁)
လျှာက ပုံမှန်ထက် ထူလွန်းပြီး နှုတ်ခမ်းပြင်ကို ထုတ်တိုင်း အားနှင့် ပြင်းထန်စွာ တွန်းထုတ်သောကြောင့် ချိုလိမ်ထည့်ပေးဖို့ ခက်သည်၊ အစာကျွေးလျှင် ပြန်ထွက်ကျနိုင်သည်။ ခွက်နှင့် ရေတိုက်လျှင် ခွက်ကို လျှာနှင့် တွန်းထုတ်၍ တိုက်ရခက်သည်။

လှုပ်ရှားမှု ပုံစံ(၂)
လျှာကို တစ်ဝက်မှ နောက်ဘက်သို့ အမြဲလိပ်ထား၍ အစာစားရ၊ မျိုရ အလွန်ခက်သည်။ လျှာကြီးပြီး နောက်ဘက် လိပ်နေ၍ အာခေါင်မိုးကို အမြဲပိတ်ထားလျှင် အသက်ရှူရပါခက်သည်။

လှုပ်ရှားမှု ပုံစံ(၃)
လျှာက တစ်ဖက်ကိုပဲ အမြဲထုတ်သည်၊ ဘေးတိုက် တစ်ဖက်ပဲလှုပ်သည်။ လှုပ်သောဘက် တစ်ခြမ်းက သိမ်နေသည်။

လှုပ်ရှားမှု ပုံစံ(၄)
လျှာက ထူပြီး လှုပ်ရှားမှု မရှိသလောက် ငြိမ်နေသည်။ နို့တိုက်ရခက်မည်။

လှုပ်ရှားမှု ပုံစံ(၅)
လျှာက ခံတွင်းဝနှင့်ယှဉ်လျှင် အရွယ်ကြီး၍ ပါးစပ်ထဲ သိမ်းမရဘဲ အမြဲလိုလို ထွက်နေသည်။ Down ကလေးများ၊ မွေးရာပါ သိုင်းရွိုက်ဟော်မုန်း နည်းလွန်းသော ရောဂါများတွင်ဖြစ်တတ်သည်။

ပုံမှန်မဟုတ်သော လှုပ်ရှားမှုများသည် ဦးနှောက်နှင့် ကြွက်သားဆိုင်ရာ ရောဂါများနှင့် ဆက်နွယ်၍ ကလေးဦးနှောက်အထူးကုဆရာဝန်များနှင့် ရေရှည်အတွက် ဆွေးနွေးတိုင်ပင်သင့်ပါသည်

image

Sort:  

Thank you for sharing with us! I hope you enjoy the upvote!

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.060
BTC 69320.88
ETH 2133.11
USDT 1.00
SBD 0.53