စကားပြောနည်း

in #myanmar9 years ago

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

Sort:  

ညီလေးစာတွေက blog တစ်ခုမှာ တွေ့ပါတယ် ။ steemit မှာ ဒီလိုလုပ်လို့မရပါဘူး ။ ညီလေးနားမလည်ရင် ကူညီပေးနေတဲ့steemit myanmar group ရှိပါတယ် ဆက်သွယ်လေ့လာပါ။

Steemit myanmar အဖွဲံ့မှကူညီရန်အသင့်ပါ ။

မင်္ဂလာပါခင်ဗျာ Steemit Myanmar မှကြိုဆိုပါတယ်ခင်ဗျာ original အရေးအသားတွေ ရေးရင်ပိုကောင်းမယ်ထင်ပါတယ်ဗျာ credit နှင့် facebook, blog , စာအုပ်များ နှင့် website တစ်ခုခုမှ ကူးယူခြင်းမအား cheetah myanmar မှ လက်မခံပါ steemit နဲ့ပတ်သက်ပြီး facebook group မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် အကူအညီများလည်းရယူနိုင်ပါတယ် အရင်
pdf စာအုပ် down ပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ကျွှန်တော့် facebook account ကို add ပြီး message ပို့ထားပေးပါခင်ဗျာ သိလိုသည်များအား ကျွှန်တော်တို့တတ်စွမ်းသရွှေ့ ကူညီဆောင်ရွှက်ပေးသွားပါမည် ။

Coin Marketplace

STEEM 0.07
TRX 0.29
JST 0.046
BTC 64898.31
ETH 1889.13
USDT 1.00
SBD 0.49