ဒိုင်ယာရီ ၂

in #myanmar9 years ago

 ထွန်းတောက် ငယ်စဉ်က ဆိုးသည်၊ပေသည်။သူဆိုးသည်က သူများနှင့်မတူ၊ အများအမြင်မှာ ထွန်းတောက်ကအေးသည် မည်သူနှင့်မျှစကားမပြော တစ်ယာက်ထဲသာ အမြဲ တွေ့ရတတ်သည်။

   သို့သော် ထွန်းတောက်ဆိုးသည်ကတစ်မျိုး၊ ကျောင်းပြေး၊ ဆေးလိပ်ခိုးသောက်၊ အရက်ခိုးသောက်သည်တို့ ဖြစ်သည်။ ငယ်ရွယ်စဉ်မို့ စူးစမ်းစိတ်ကြောင့်လားတော့မသိ၊ ဒါကို ဆိုးသည်ပြောလျှင် ထွန်းတောက်ဆိုးသည်ဟုပြောရမည်၊ ဒါကြောင့်လည်း အမြဲလိုလို ဖခင်ဖြစ်သူ၏ ရိုက်နှက်ဆုံးမမှုကိုခံရလေသည်။

   ထွန်းတောက်နှင့်၎င်း၏ညီမှာ အသက်တစ်နှစ်သာကွာ၍ အတန်းတူလေသည်၊ ညီအစ်မနှစ်ယောက်ကတော့ ထွန်းတောက် ၁၀ နှစ် ကျော်မှမွေးခြင်းဖြစ်သည်။

   ထွန်းတောက်အဲ့လိုဆိုးပေမဲ့ ၁၀ တန်းကိုနှစ်ခြင်းပေါက်အောင်သည်၊ ညီဖြစ်သူကတော့ နောက်တစ်နှစ်ထပ်ဖြေရလေသည်၊၁၀ တန်းအောင်တော့ ထွန်းတောက် ယောင်လည်လည်နှင့်၊ဖခင်ကဗိုလ်သင်တန်းတတ်ရန်စီစဉ်ပေးသော်လည်း မိခင်မှ မကြိုက်သောကြောင့် ဗိုလ်သင်တန်းအတွက် စာရေးဖြေ သောနေ့တွင် စာမေးပွဲခန်း၌ မဖြေပဲ ငုတ်တုတ်ထိုင်ကာ ကျရှုံးအောင် လုပ်ခဲ့လေသည်၊

Sort:  

hi bro ပုံလေးတေနဲ့ ဝေဝေဆာဆာ တင်ရင် ပိုကောင်းမယ် bro

ဟုတ်ကဲ့ အကြံပေးတာကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 68402.99
ETH 2099.39
USDT 1.00
SBD 0.48