ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း - ၄ )steemCreated with Sketch.

in #myanmar9 years ago

ဟုတ်ကဲ့ ပိုင်း - ၃ မဖတ်ရသေးတဲ့မိတ်ဆွေများ
အောက်ကလင့်ကနေ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ။
https://steemit.com/myanmar/@kyawkyawnaing/yagi-lthaundefined-ae-kang-etymundefinedtyyaa-apong-3-2017830t122454938z

အပိုင်း ၃ မှာ ကျွန်တော်ပြောခဲ့တဲ့
အလင်းရဲ့ အလျင်အကြောင်းကို အကြမ်းအားဖြင့်တော့
နားလည်လောက်ပြီထင်ပါတယ်။
အဲ့ဒီတော့ ပိုင်း ၁ က မေးခဲ့တဲ့
ဂြိုလ်သားတွေ ဘာကြောင့် အာသသထဲက လာသလဲဆိုတဲ့
မေးခွန်းနံပါတ် ၅ ကိုပြန်သွားကြရအောင်။

image

အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့်မှာ ကမ္ဘာကို ၇ ပတ်ခွဲ ပတ်နိုင်ပါတယ်။
အဲ့ဒီတော့ သူတို့တွေ အလင်းထက် ၂ ဆ မြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင်တောင်
ကျွန်တော်တို့ရှေ့ တစ်ရက်သွားရင် သူတို့က နောက်တစ်ရက်ပဲရောက်နိုင်မှာပါ။
ဒီတော့ သူတို့တွေက အလင်းရဲ့မြန်နှုန်းထက် အဆပေါင်း
ဆယ်ချီ ရာချီလောက် ထောင်ချီနဲ့ သွားနိုင်မှသာ
ဒီအခုအချိန်တွေလောက်ထိရောက်နိုင်မှာပါ။
သူတို့တွေမှာလဲ သက်တမ်းဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။
သူတို့လက်ရှိ အသက်အရွယ်နဲ့ ဆက်ရှင်နိုင်မဲ့ အချိန်ကိုလဲ
မဖြစ်မနေထည့်တွက်ရမှာဖြစ်ပါတယ်။

image

သူတို့သာ နောင်လာမဲ့ အနာဂတ်က လာမယ်ဆိုရင်
အပေါ်ကပြောခဲ့သလို အလင်းရဲ့ အလျင်ထက် အဆပေါင်းများစွာနဲ့
လာရမှာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာပဲ ပတ်ဖို့မဖြစ်နိုင်ပါဘူး
နောက်ပြီးတော့ ကမ္ဘာမှာက ဆွဲငင်အားရှိလို့
အလျင်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
အဲ့တာကြောငါ့ သူတို့တွေ ဆွဲအားမရှိပဲ ကျယ်ဝန်းတဲ့
အာကာသ ကိုအသုံးချပြီး အချိန်ခရီးသွားရတာပါ။

ဒီနေရာမှာ ဥက္ကာခဲတွေ ဂြိုလ်တိမ်တွေနဲ့
မတိုက်နိုင်ဘူးလားလို့ မေးစရာရှိကောင်းရှိလာမှာပါ။
ကျွန်တော် အမြင်ကတော့
အန္တရာယ် ရှိနိုင်ပေမဲ့ သူတို့အဲ့အချိန်ရဲ့ နည်းပညာနဲ့
ရှောင်ကွင်းပြီးသွားနိုင်မယ်လို့ မြင်မိပါတယ်။

အပိုင်း ၄ ကို ဒီနေရာမှာနားပါရစေခင်ဗျာ။

Written By Kyaw Kyaw Naing
Photos Credit To Google

Sort:  

ရေးမယ်ဆိုရင်လဲ ဖတ်တဲ့သူတေကို အားနာနာနဲ့ စာများများရေးပါလားဗျာ ။ စာပိုဒ်တိုလေး ၃ ပိုဒ်လောက် ရေးပီး post တစ်ခုဖြစ်နေတာတော့ ကြည့်မကောင်းဘူး။

ဟုဟု ကွီးရွှေ
နောက်ကျရင် ရှည်ရှည်လေးရေးပါမယ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.060
BTC 66604.70
ETH 2023.19
USDT 1.00
SBD 0.50