၁၀ တန်း အောင်စာရင်းနှင့် ဘဝ

in #myanmar6 years ago (edited)

ဒီရက်ပိုင်းကျွန်တော် အီးအမ်အကြောင်းဘဲတင်လို့ သူငယ်ချင်းတွေပျင်းနေအုန်းမယ်
ခင်ဗျ။ အပြောင်းအလဲလေးဖြစ်အောင်
တင်မလို့စဉ်းစားလိုက်တာ တိုက်တိုက်ဆိုင်ဆိုင် ၁၀တန်းအောင်စာရင်းထွက်တဲ့ရက်နဲ့တိုးနေတော့ ၁၀တန်းအောင်စာရင်းအကြောင်းရေးမယ်ဗျာ ။
ဒီနေ့တွေရမြင်ရတာတော့ မြင်ကွင်းကအစုံဘဲဗျပျော်တဲ့သူကပျော် ငိုတဲ့သူကငို
အစုံပါဘဲဗျာ ။အချို့မိမိမှန်းထားသလို ဂုဏ်ထူးမပါလို့ စိတ်ညစ်ကြတာတွေလည်းရှိကြတယ်ဗျာ ။
တစ်ချက်ဆိုးတာက ၁၀တန်း မအောင်လို့
ဘဝကြီးကသွားပါပြီလို့ အချို့လူငယ်တွေကတွေးကြတာ ဆိုးတာဗျာ တကယ်တော့
၁၀တန်း ကဘဝကြီးရဲ့အတွက်တစ်ကယ့်အဆုံးမဖြတ်မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။နောက်နှစ်တွေမှာအကြိမ်ကြိမ်မိမိမှာကြိုးစားခွင့်ရှိတယ်လေ အဲ့တာကြောင့်စိတ်ဓာတ်
မကျဘဲ သေချာကြိုးစားရင်ဖြစ်ပါတယ်။
ဒါကတော့ မအောင်တဲ့ သူတွေအတွက်
တွေးမိတဲ့အတွေးလေးပြောပြကြည့်တာခင်ဗျ
never-give-up-hand-written-brush-calligraphy-type-vector-17310432.jpg
နောက်တစ်ချက် ပြောချင်တာက ကျွန်တော်တို့ လူမှု အသိုင်းအဝိုင်းရဲ့ အယူအဆ နဲ့
ပတ်သက်ပြီး ပြောချင်တာဗျ ။ဘာလည်းဆိုတော့ တော်တော်များများ လူတွေက ၁၀တန်းအောင် အမှတ်ကောင်းအောင်လုပ် တက္ကသိုလ် ကောင်းကောင်းတက်ပြီး ဝန်ထမ်းကောင်းလုပ်ပေါ့ အဲ့လိုအတွေးနဲ့အယူအဆတွေဘဲရှိတာများနေတယ် ။ ဝန်ထမ်း ဘဝတိုင်းကတော့ တကယ်ကြီး ပျော်စရာကောင်းနေတာတော့မဟုတ်ဘူးဗျ အခက်အခဲတွေ
အတိုက်အခိုက်တွေ အပြိုင်အဆိုင်တွေရှိတယ် မိမိရဲ့ အကောင်းဆုံးအချိန်တွေကိုသူဌေး
ဆီမှာရောင်းစားရတာပိုက်ဆံရတယ်ဆိုပေမယ့် တကယ် ကိုယ်ခံစားရတာတွေနဲ့ တွက်ကြည့်ရင်မတန်ဘူးပြောလို့ရတယ်ဗျ ။
အဲ့လိုပြောလို့ ဝန်ထမ်း လုပ်တိုင်းမကောင်းဘူးပြောတာတော့မဟုတ်ဘူးနော် ဖြစ်လေ့ရှိတာများတာပြောတာ ပါ ။ အကောင်းဆုံးကတော့ ဝန်ထမ်းလုပ်ရင်လည်းမိမိဝါသနာပါတဲ့
လုပ်ငန်းမှာလေ့လာလုပ်ကိုင်ပြီးတစ်ချိန် ဒီလုပ်ငန်း မျိုး မိမိကိုယ်တိုင် တည်ထောင်နိုင်အောင် ကြိုးစားသင့်တာပါ။ နောက်မိမိက
ဝန်ထမ်းလုပ်နေရင်းနဲ့ အခြားအပြင်စီးပွားရေးလုပ်ငန်းတွေပါ လေ့လာထားသင့်ပါတယ်။
အထူးသဖြင့် ESBI ကို လူတိုင်းမဖြစ်မနေသိထားသင့်ပါတယ် ။
34135729_173228133335871_3045070257392713728_n.jpg
1_BG-4rDGsMfv56XJXtZ3mWA.jpeg
အခု ၂၀၁၈ အတွက် ၁၀တန်းအောင်မြင်သွားတဲ့ ကလေးတွေကလည်း အခြားအနာတ်မှာ ခေတ်စားလာမယ့် နည်းပညာရပ်တွေ
မိမိ တကယ်စိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်တွေကို ထဲထဲဝင်ဝင်လေ့လာထားသင့်ပါတယ် ။ အခုမြန်မာနိုင်ငံမှာက အားလုံးသိကြတဲ့အတိုင်း ဘွဲ့ရပြီးတောင် အလုပ်မရှိဘူးဆိုပြီး ဒီတိုင်းထိုင်နေရတဲ့သူတွေများနေတယ်ဗျာ။ အဲ့တာတွေက ဘာလို့လည်းဆို
အခြား ပညာရပ်တွေအရင်ကတည်းက မဆည်းပူးခဲ့တာရယ် အားလုံးတွေးနေတာကဝန်ထမ်းလုပ်ဖို့ဘဲ ဖြစ်နေလို့ အလုပ်အကိုင်ရှားပါးနေရတာပါ ။ အဲ့လမ်းစဉ်တွေကိုဖောက်ထွက်ပြီး မြန်မာပြည်မှာအွန်လိုင်း ငွေရှာလုပ်နေတဲ့ လူတော်တွေ😍လည်းအများကြီးရှိနေတာတွေ့ရတော့ဝမ်းသာတယ်ဗျ ။
30762937_10204456001435724_1447478092707659776_n.jpg
အခုအချက်တွေကျွန်တော် ပြောချင်တဲ့အချက်တွေပါဘဲဗျာ ။ အချုပ်အားဖြင့်ပြောရရင်
မိတ်ဆွေတွေ တစ်နေ့ကို ၁% နှုန်းနဲ့ မိမိကိုယ်ကိုကောင်းအောင်တိုးတက်အောင်ကြိုစားပြီးအောင်မြင်သောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်ဗျာ ။
source photo
www.google.com

@kyawthuhein
MSC 260

Sort:  

MSC တစ်ဖွဲ့လုံး --မိမိကိုယ်ကိုကောင်းအောင်တိုးတက်အောင်ကြိုစားပြီးအောင်မြင်သောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။

ဟုတ်ကျေးဇူးတင်ပါတယ်အစ်ကို ဆရာကြီး

တရက်ကို 1% နူန်းနဲ့ ကောင်းသထက် ကောင်းအောင်
ကွကိုယ်ကြိုးစားနေပါတယ်လို့ 😁

ဟုတ်ကဲ့ဆရာမကောင်းတာပေါ့ဗျာ

ဒီနေ့ ကျနော်ထက် မနက်ဖြန် ကျနော်က ပိုကောင်းရမှာပေါ့

ဟုတ်ကဲ့ဆရာမ နေ့စဉ်တိုးတက်နေအောင်လုပ်ရမှာပေါ့

၁၀တန်းအောင့်ခြင်း/မအောင့်ခြင်း ဆိုတာ ပညာရေးအတွက် စံ သတ်မှတ်ချက်ဖြစ်သောကြောင့် အောင်မြင်သောသူများအတွက် ဝမ်သာစရာ ဂုဏ်ယုစရာ
ကောင်းသလို မအောင်မြင်သောသူများအတွက်လည်း ဝမ်းနည်းစရာ စိတ်ဓာတ်ကျစရာမဟုတ်ပါ ပြန်လည်ကြိုးစားရင်း

ဟုတ်ကဲ့ဆရာမ

၁၀တန်းသည်​ဘဝမဟုတ်​​သော်​လည်း
လူးအများစုက​တော့ဘဝတစ်​ခုလိုသတ်​မှတ်​​ကြေတာ
အရမ်းခက်​တယ်​ဗျာ။သတ်​မှတ်​ချက်​ကြီးတစ်​ခုလိုဖြစ်​​နေတယ်​။

ဟုတ်ကဲ့အစ်ကိုအဲ့တာခက်နေတာဗျာ

၁၀ တန်းအောင်ခြင်းမအောင်ခြငးထက် ၁၀တန်းပညာကို အမှန်တကယ်တတ်ဖို့တော့လိုပါတယ်။ဆရာ့သူငယ်ချင်း တစ်ယောက်က ၁၀ တန်းတော့မအောင်သေးဘူး (၁၀)တန်းကျူရှင်ပြနေတာတော့ အောင်မြင်တယ်။

ဟုတ်ဆရာ မြန်မာပြည်မှာက လက်မှတ်ရဖို့ဘဲဦးတည်နေကြတာ တကယ့်အရည်အချင်းကိုတော့ သိပ်တန်ဖိုးမထားကြဘူး

နိဂျုံးခုတ်တာ မြင့်မြတ်လေးသံနဲ့ 
နည်းနည်းဆင်သလားလို့ 😁

ဟီးဟီး အစ်ကိုကတော့နောက်ပြီ

၁% မှ ၁၀၀% ထိ တက်လှမ်းနိုင်ပါစေဗျာ

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အစ်ကို

ဆယ်တန်းဘဝကိုမဖြတ်သန်းခဲ့ရဘူး

ဘယ်လိုဖြစ်လို့လည်းအစ်ကိုရ

၁၀တန်းမအောင်ပဲ အောင်မြင်နေတဲ့သူတွေလည်းအများကြီးပါ။စာမေးပွဲမအောင်လို့ ၀မ်းနည်းရတာကိုနားလည်ပေမဲ့ တချို့က ဘ၀ပျက်သလိုဖြစ်နေကြတာ။အဓိကကတော့ မိဘနဲ့ပတ်ဝန်းကျင်ရဲ့
လွှမ်းမိုးမှုတွေကြောင့်ပေါ့ဗျာ။

ဟုတ်တယ်အစ်ကိုရာ အဲ့ပတ်ဝန်းကျင်က ခက်တာ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.029
BTC 60716.58
ETH 3369.74
USDT 1.00
SBD 2.48