ကျွန်​​တော်​တို့ ​ခွေးထက်​မမိုက်​သင့်​​တော့ဘူး

in #myanmar7 years ago

ကျွန်​​တော်​ လွန်​ခဲ့တဲ့ ၂ လ ​လောက်​က စပြီး ​ဆေးလိပ့်​ပြတ်​ခဲ့ပါပြီ...............
အသက်​ ၁၃ နှစ်​သား​​လောက်​စပြီး ​သောက်​တက်​ခဲ့တာပါ။ ​သောက်​တက်​ တာက လည်း အတန်းလွှတ်​လို့သူငယ်​ချင်း​တွေနဲ့ လ္ဘက်​ရည်​ ​သောက်​ပြီဆို ရင်​ တစ်​​ယောင်​တစ်​​နေ့စီ ရှင်းကြရတယ်​။ သူတို့ ရှင်းတဲ့ အခါ ကျ သူတို့ က မရှုံးဘူး၊ ကျွန်​​တော်​ ရှင်းတဲ့အခါဆိုရင်​ ကျွန်​​တော်​ အမြဲ
မြန်​မာ​ငွေ ( ၄၀၀ ) ကျပ့်​ရှုံး​လေးရှိတယ်​၊၊ဘာလို့လည်း ဆိုရင်​ ကျွန်​​တော်​ ​ဆေးလိပ့်​မ​သောက်​တက်​လို့ပဲ။ အဲဒီတုန်းက​တော့ ကျွန်​​တော်​ အဲလိုပဲ ​တွေးခဲ့မိတယ်​။ဒီအ​တွေးက ကျွန်​​တော့်​ ကို ​ဆေးလိပ့်​​သောက်​တက်​ဖို့ သင်​​ပေးလိုက်​သလိုပါပဲ။အဲဒီထဲက ​သောက်​လာလိုက်​တာ ခုဆို ( ၇ ) နှစ်​ ​ကျော်​ခဲ့ပါပြီ ။

ခု​တော့ လွန်​ခဲ့တဲ့ ၂ လ​လောက်​ထဲက တိတိကို ပြတ်​ခဲ့ပါပြီ။အဲဒါ က ကျွန်​​တော်​ ​မွေးထားတဲ့ ကျွန်​​တော်​ အရမ်း ချစ်​ရတဲ့ ​ခွေး​လေး ​ကြောင့်​ ဆိုရင်​ မမှားပါဘူး။
ခွေး​လေး နာမည်​ကို ကျွန်​​တော်​( junn )လို့ ​ပေးထားခဲ့ပါတယ်​။
အဲ​နေ့က ကျွန်​​တော်​ ​ဆေးလိပ့်​​သောက်​​နေတုန်း junn ကျွန်​​တော့်​ အနားကို ​ရောက်​လာတယ်​။ ကျွန်​​တော်​ကို အတင်း ဖက်​ယက်​ တက်​ပြီး ပါး​တွေကို သူလျှာနဲ့ လျှာ နဲ့ လိုက်​ယက်​ပါတယ်​။ ဒါက သူ​နေ့တိုင်း ကျွန်​​တော်​ ​ဆုံတဲ့အခါတိုင်း လုပ့်​​နေကြပါ။ ကျွန်​​​တော်​လည်း ဖုန်းကစား​နေရင်း လာရှုပ့်​လို့ သူကို ​ဆေးလိပ့်​​ငွေ့နဲ့ နှာ​ခေါင်းဝ ကို မှုတ်​လိုက်​တယ်​။သူ တစ်​ချက်​ နှစ်​ချက်​​လောက်​ ​ချောင်းဆိုးသွားတယ်​။အဲဒီအထိ ကျွန်​​တော်​ သတိမထားမိ​သေးဘူး။
ပြီး​တော့ ပြန်​လာတယ်​ ကျွန်​​တော်​လည်းပြန်​ မှုတ်​ထုတ်​​ပေးလိုက်​​တော့ သူ ထွက်​သွားပြီး ကျွန်​​တော်​ နဲ့ မလှမ်းမကန်းမှ ​ချောင်းထက်​ဆိုးပြီး ကျွန်​​တော်​ ဆီပြန်​မလာ​တော့ဘူး။
အဲဒီ အခါ မှကျွန်​​တော်​ သတိထားမိ​တော့တာ ။ ကျွန်​​တော်​ အ​တွေး တစ်​ခု ၀င်​လာမိတယ်​။ ကျွန်​​တော်​တို့ နှစ်​သက်​စွဲလမ်းစွာ ရှူရိုက်​​နေတဲ့ ​ဆေးလိပ့်​ဆိုတဲ့ အရာကို တိရစ္ဆာန်​ ​တောင်​မနှစ်​သက်​ပါလားဆိုတဲ့အ​တွေးပါပဲ။ ​သေချာတယ်​ ငါ တိရစ္ဆာန်​ ထက်​​တောင်​ မိုက်​ရူးရဲဆန်​ပြီး တိရစ္ဆာန်​ ​လောက်​​တောင်​ အသိညဏ်​မရှိပါလားဆိုတဲ့ အ​တွေးပဲဖြစ်​တယ်​။ တိရစ္ဆာန်​ ​လောက်​​တောင်​ အသိမရှိရင်​ ငါ့ကိုငါ လူလို ​ခေါ်လို့ သင့်​​တော်​ပါဦးမလား။
မိနစ်​ ၃၀ ​လောက်​ ထူပူသွားတယ်​။
ဟုတ်​ပါပြီ ငါဖြတ်​သင့်​ပြီ။ တိရစ္ဆာန်​ ​တောင်​ ​ချောင်းဆိုးလို့ မနှစ်​သက်​တာကို ငါထက်​နှစ်​သက်​မ​နေသင့်​​တော့ဘူး။

Steemit မိတ်​​ဆွေများခင်​​ဗျာ........
၊ ကျွန်​​တော်​ ​ဆေးလိပ့်​ ဖြတ်​ဖို့ကြိုးစား​ခဲ့ဖူးတယ်​။ ဒါ​ပေမဲ့ မပြတ်​ခဲ့ပါဘူး.......
ဒီတစ်​ခါ ​တော့ ပြတ်​ခဲ့ပါပြီ။ အမှန်​တကယ်​က မိမိရဲ့စိတ်​ပါပဲ ဖြစ်​ပါတယ်​ခင်​​ဗျာ........

" ကျွန်​​တော်​တို့ ​ခွေးထက်​မမိုက်​သင့်​​တော့ပါဘူး"

Credit : google imageimages.jpg
12.1.2018

Sort:  

အာ့လိုအ​ရေးအသားနဲ့ဆိုရင်​steemitမှာ​လောပန်းဖြစ်​​တော့မှာပဲ😁😁

အကို​လောက်​ မ​ကောင်း​သေးပါဘူးအကိုရရ်
😁😁

ကျွန်တော်လည်း ဖြတ်ဖို့  ကြိုးစားနေတယ်ဗျာ

ဖြတ်​ပါအကို​ရေ အဓိက က ကျွန်​​တော်​တို့ရဲ့စိတ်​ပါပဲ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61796.23
ETH 2480.79
USDT 1.00
SBD 2.64