ဝိုင်းဝန်းကြိုးပန်းကြစို့

in #myanmar8 years ago

မြန်​မာနိုင်​ငံကိုလာ​ရောက်​လည်​ပတ်​တဲ့
ဂျာမန်​လူမျိုးတစ်​ဦးက အ​ဆောက်​အဦး​လေးတစ်​ခုကို
မြင်​​တော့ သူ့ကိုလိုက်​ပို့တဲ့တိုးဂိုက်​​လေးကို​မေးတယ်

ဂျာမန် - ဒီအဆောက်အဦလေးကို ဘယ်လိုခေါ်သလဲ

ဂိုက် - ဇရပ်လို့ ခေါ်ပါတယ်

မန် - ဘာရည်ရွယ်ချက်နဲ့ လမ်းဘေးမှာဆောက်တာလဲ

ဂိုက် - ခရီးသွားတွေ နားနားနေနေ နေရအောင်ပါ

မန် - ကပ်လျက်က ဘာလေးလဲ

ဂိုက် - သောက်ရေအိုးစဉ်လေးပါ

မန် - ထားရတဲ့ ရည်ရွယ်ချက်လေး

ဂိုက် - ခရီးသွားတွေ မောပန်းလာရင် ရေသောက်ရအောင်ပါ

မန် - ကောင်းတယ်ဗျာ။ရေသောက်ပြီး အဆင်သင့် နားဖို့  ခင်ဗျားတို့ လူမျိုးတွေရဲ့ စေတနာ ကောင်းမှု ရက်ရောမှု ဖော်ရွှေမှု တွေကို အတိုင်းသား မြင်တွေ့ ရတာပါဘဲ

ဂျာမန်နိုင်ငံသား ကို ရှင်ပြနေတဲ့ မြန်မာဂိုက်လေး ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေလို့ -----

မန် - ဒါနဲ့ ဒီသောက်ရေခွက်လေး ကို ဘာလို့ ကြိုးချည်သော့ခတ် ထားတာလဲ

ကျွန်တော့် မိတ်ဆွေပြောပြတဲ့ ၁၉၉၆ မြန်မာ့ ခရီးသွားနှစ် က အဖြစ်အပျက်လေးပါ

ကျွန်တော်တို့ သာ တိုးဂိုက်လေးနေရာမှာဆိုရင်ဘယ်လို ဖြေမှာ ပါလဲ

တိုးဂိုက်လေးကတော့ ချွေးပြန်အောင်စဉ်းစားပြီး ဖြေလိုက်တာက လေတိုက်ရင် လွင့် မပါအောင်လို့ ပါတဲ့ - - - - -

မနေ့ က အထိလည်း ရေခွက်မှာ ကြိုးတန်းလန်းလေးနဲ့ ပါ - - -

ဒီ​နေ့...မနက်​ဖြန်​....​နောက်​ထပ်
သောက်ရေခွက်လေးတွေ ကြိုးချည်မခံရအောင် ကျွန်တော်တို့ တွေ ဝိုင်းဝန်းကြိုးပမ်းကြပါဖို့ လိုအပ်​လာပါပြီ - -

Sort:  

အမှန်တကယ်ကကြိုးချည်ရခြင်းအကြောင်းမှာ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 74676.67
ETH 2331.82
USDT 1.00
SBD 0.52