အချမ်းပိုတဲ့ 2020 ရဲ့ ဈေးကွက်လေး

in #myanmar4 years ago (edited)

အချမ်းပိုတဲ့ 2020 ရဲ့ ဈေးကွက်လေး

ဒီနှစ် 2020 နှစ်ဦးကတော့ ကျွန်တော်တို့ အရပ်ဒေသနည်းတူ တစ်နိင်ငံလုံး အချမ်းပိုစွာ နဲ့ ရာသီဥတုကို ခံစားရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
သိကြတဲ့အတိုင်း ဒီတစ်မိုးလုံး မိုးမျှော်နေတဲ့အချိန်မှာ
ပေါ်မလာတဲ့ ကိုရွှေမိုး ကြောင့်လဲ စပါးရိတ်သိမ်းချိန်မှာ ပေါ်လာလို့ တောင်သူတွေ အကြီးအကျယ် စိတ်ဆင်းရဲရပြန်ရော။

oy05wtr2rl.jpg

ရာသီဥတု မမှန်တဲ့အတွက် မိုးစပါးလဲ အရင်ကထက် အဆများစွာ မရကြပါဘူးဗျာ။
ရတာလေး ရိတ်သိမ်းပြန်တော့လဲ မိုးက တစ်ပတ်လုံး ရက်တိုင်းလို စွေနေပြန်ရော။
ရိတ်သိမ်းပြီးတဲ့ စပါးလေးတွေ ဈေးကောင်းမလား မှတ်ပါတယ်။
ဈေးတွေက မရှိ‌နဲ့ တောင်သူတွေ အကြွေးတောင် မကြေကြပါဘူးဗျာ။

ဆောင်းရောက်လို့ အချမ်းပိုနေတဲ့ ကျွန်တော်တို့ကတော့ မိုးလေးစွေတော့ ဘယ်ပြောကောင်းမလဲ
နေ့လည်တောင် စောင်ခြုံထဲက မထွက်ချင်တော့ဘူးဗျာ။ တစ်ကယ်ပါ ရေတောင် ချိုးဖို့ကို သတ္တိတွေ စွတ်မွေးပြီး အပြေးအလွားချိုးရတဲ့ ဒီ အခိုက်အတန့်ကို အမြန်ပြီးဆုံးချင်လှပြီ။

နွေးထွေးတဲ့ နေရောင်ခြည်နဲ့ လှပတဲ့ နွေမနက်ခင်း တစ်ခု ပြီးတော့ အများနဲ့အတူ ပျော်ရွင်ရမဲ့ တောင်သူ ဈေးကွက်စီးပွားရေးလေး ဒီအချိန် အမြန်သာ လိုချင်မိတော့တယ်။

MSC 045
@lwanwai

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61191.20
ETH 2972.28
USDT 1.00
SBD 3.48