ကောလင်းမြို့နယ် အတွင်း လည်ပတ်စရာ နေရာများ ( ၂ )

in #myanmar7 years ago

image

ဒီတခါကတော့ တောင်မော် ဆရာတော် တည်ထားကိုးကွယ်တော်မူခဲ့သော ကျောင်း ကန် စေတီ ပုထိုး များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
ကျွန်တော်ရိုက်ထားတဲ့ ပုံလေးတွေ ပီးတော့ fb ပေါ်က ပုံလေးတွေ စုပေါင်း လိုက်တော့ ပုံတွေများတဲ့ အတွက် စုစည်းပြီးတော့မှ တင်ပြလိုက်ပါတယ်။
ဒီပုံကတော့ တောင်မော်ရွာ မှ ဆရာတော် ကျောင်းသို့ အဝင် လမ်း နှင့် တောင်တော်ပေါ်သို့ တက်တဲ့လမးပုံ လေးဖြစ်ပါတယ်။
image

တောင်ရိုးပေါ်သို့ ဖောက်ထားသော ကားလမ်းဖြင့် တက်လျှင် ဦးစွာ တွေ့ရှိရသော စေတီဖြစ်ပါတယ်။
အောက်ခြေတွင် လှိုဏ်ပုံစံ ဖြင့် တည်ထားပြီး ဘုရားပုံတော် ၄ ဆူမှ အရပ်လေးမျက်နှာသို့ မျက်နှာမူ နေတဲ့ပုံ ဖြစ်ပါတယ်။

image
ဒါ ကတော့ ဆရာတော် ဘုရား သက်တော်ထင်ရှား ရှိတုန်း အချိန်က တရားထိုင်ခဲ့ရာ လှိုဏ်ဂူ တော်များ ဖြစ်ပါတယ်။
image

ဒီ ဘုရား ကတော့ ဗုဒ္ဓ ဂါယာ မှ ဘုရားစေတီနှင့် ပုံစံတူတည်ထားတဲ့ စေတီတော်ဖြစ်ပါတယ်။ အတွင်းလှိုဏ်ဖြင့်တည်ထားပီး ဘုရား ဆင်းတုတော် ကိုလည်းတည်ထားတော်မူပါတယ်။
image

နောက်ပီး စေတီ ၏ အတွင်းဖက် နံရံ ထက်မှာ မဟာ ဗုဒ္ဓ ဝင် ဖြစ်စဉ် တို့ကို နံရံ ထက်တွင် ရုပ်ကြွ ပုံ ဖြင့် ထွင်းထုထားပါတယ်။
ဒီပုံကတော့ ဗုဒ္ဓ ဘုရား ဖွားတော်မူ ပုံ နှင့် ဘုရား ဖြစ်တော်မူ ပုံ ကို ဖော်ပြထားပါတယ်။

image

ဒီပုံ ကတော့ ဗုဒ္ဓ မြတ်စွာ တရားဦး ဟောတော်မူခန်း နှင့် နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခန်း ကို ဖော်ပြထားသော ပုံတော်ဖြစ်ပါတယ်။
image

ဒီပုံကတော့ ဗုဒ္ဓ ဘုရား ထိုင်တော်မူနေဟန် / လျှောင်းတော်မူ နေဟန် / ရပ်တော်မူ နေဟန် ပုံတော်တို့ ကို စုစည်းထားတာပါ။
image

ဒီပုံ ကတော့ သိမ်တော်နှင့် ဆရာတော် ရှိစဉ် က နေခဲ့သော ကျောင်းဆောင်တော် ဖြစ်ပါတယ်။
image

ဒါကတော့ စေတီနှင့် ကန် သာယာဖွယ်ရူ့ခင်းလေးပါ။
image

ညနေခင်းရဲ့ နေရောင်ခြည် အောက်မှာ ရွှေရောင် တောက်နေတဲ့ စေတီ ပုထိုး တွေ......ပီးတော့ နေဝင်ချိန် အလှလေးတွေ....
image

image

ဒီနေရာမှာပဲကျွန်တော့်ရဲ့ တောင်မော် ခရီးစဉ်ကို အဆုံးသတ်ပါရစေ ဒီစာကို ဖတ်မိတဲ့ မိတ်ဆွေ တို့ကိုလည်း တစ်ခါတစ်ခေါက်တော့ဖြင့် အလည် လာရောက်လှည့် ပါလို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

image

စစ်ကိုင်းဒေသ
တိုင်းထက်ကပင်
သမိုင်း ပြည်ကျော်
ရွှေ ထွန်းပေါ်လျှက်
စ သော်သွားရ
ကောလင်းကရှေ့
နှစ်မိုင်ရွှေ့လျှင်
ဖူးတွေ့ ပါမည် တောင်တော်ဆီ။

သမာဓိတော် တန်ခိုးကျော်လျှက်

တောင်မော် ရွာထိပ် လွန်တိတ်ဆိတ်ပြီး
သပိတ် တလုံး ကျင့်ကြံ သုံးခါ
မြတ်ဖုန်းတေရ် ဝိသုဒ္ဓါ၏
ပြာ ချ ဂူ ဝင်ဖူးမျှော်လျှင်ခြင်း
ဖိတ်ခေါ်ရင်း။

မိုးသားပြာပြာ

နောက်ခံလွှာနဲ့
ပနာ တင့်လှ
မြတ် ဗုဒ္ဓရှင်
စေတီ ပြင်ဝယ်
ဦးတင် ဖူမျှော်
ရွာ တော်မော်အား
ဖိတ်ခေါ်ပါရစေ။
ကမဋ္ဌာန်းတိုက်
ရုမျှော်လိုက်လျှင်
ရင်၌ ကြည်စေ
ပီတိ ဝေပြီး
မဋ္ဌေ သံ ဃာ
မြတ်ဆရာတို့
ညိမ်စွာ တွေ့ရ
မြတ်ထေရ်။

၁၃ ၁၂ ၂၀၁၇ သီအိုရီ စက္ကဘာ

မြန်မာ Steemit member များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်စုံကြပါစေ။

Photo@ Own & fb
@lwanwai

Sort:  

ရောက်ဖူးဘူး လာလည်အူးမှဘာ😂

လာလည်ပါဗျာ

လာလည်ချင်တယ်ဗျို့

လာလည်ပါလို့ ခေါ်ပါတယ်

ထွက်ပြေးရဘူးနော်

ကောလင်းဆိုတော့ ယူနီတက်ခဲ့တုန်းက သူငယ်ချင်းတစ်ယောက် သူ့ကိုယ်သူ ကောလင်းကပါလို့ လိမ်ပြောခဲ့တာသွားသတိရတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

ဟုတ်ကဲ့ပါ ကျေးဇူးပါ အကို

ခရီးသွားရတာပျော်သမို့လာအုန်းမှာ

ဂယ်လဲမသွားပဲနဲ့ အဟီး

လာလည်ပါဗျာ

အားလုံးပြီးရင် ကောလင်းမြို့အကြောင်း ဆိုပီးတော့ စာအုပ်ထုတ်ပလိုက် မူပိုင်ရပီးသားဘဲ

ကောင်းသားပဲ ဟီး

လာဖြစ်အောင်လာခဲ့ပါ့မယ်တစ်ေ့

လာလည်​မယ်

ဓာတ်​ပုံ​လေး​တွေ​တွေ့​တော့ ​ကောလင်းမြို့ကို လာလည်​ချင်​စိတ်​​ပေါက်​မိတယ်​။ ​ကျေးဇူးပါ ။

ဟုတ် လမ်းကြုံခဲ့ရင် ဝင်လည်လှည့်ပါဗျာ

လာလည်​မယ်

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 62946.22
ETH 3453.83
USDT 1.00
SBD 2.50