ကလေးသူငယ် လိင်အကြမ်းဖက်ခံရခြင်း ပြသနာ

in #myanmar8 years ago (edited)

အရွယ်မရောက်သေးသော ကလေးများအပေါ် လိင်အကြမ်းဖက်ခြင်းပြသနာသည် ယခုနှစ်ပိုင်းတွင် ပိုမိုများပြားလာသည်ကို မြင်တွေ့နေရသည်။
ကလေးများ ၏ အနာဂါတ်သည် လုံခြုံ စိတ်ချရခြင်းမရှိပြီလော။
ပြစ်မူ ကျူးလွန်သူများအတွက် ပေးသော ပစ်ဒဏ်သည် ပေါ့လျော့သည်ဟု ထင်မြင်မိသည်။လိင်အကြမ်းဖက်ခံရခြင်းကြောင့် အသက်သေဆုံးရသော ကလေးသူငယ်များ၊နစ်နာဆုံးရှုံးရသော မိဘများ၊ အသက်မသေဆုံးသော်လည်း ဘဝ သေဆုံးခဲ့ကြသည်ကိုတော့ ငြင်းဆန်၍မရနိုင်ပေ။

Sex ဟာ လူတိုင်းနဲ့ မကင်းတာမှန်ပေမယ့် စည်းကမ်းရှိသော sex ဖြစ်သင့်တယ်လို့မြင်မိသည်။အရွယ်မမြောက်သော ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အာသာဖြေမူတစ်ခုအတွက် အသုံးချခြဲ့ပီဆိုရင် သေချာပါသည် ဒါ လူမဆန်သော လူများးလူစိတ်မရှိသော လူများးလို့ သတ်မှတ်ရမှာပါပဲ။သက်ငယ်မုဒိမ်းမူ ဘယ်လိုအခြေအနေမှာဘယ်လိုအချိန်မှာ ပေါ်ပေါက်လိမ့်မယ်လို့ ပုံသေ သတ်မှတ်လို့မရနိုင်ပါဘူး။

ထို့အတွက်ကြောင့် အရွယ်မမယ်ကလေးငယ်များကို တတ်နိုင်သလောက် မျက်စိအောက်မှာ ထားသင့်ပါသည်။ ဈေးဝယ်ခိုင်းခြင်း မုန့်ဝယ်စားစေခြင်း တခြားသူစိမ်းများနှင့်စိတ်ချခြင်း များကို ရှောင်ကြဉ်သင့်ပါသည်။တချို့မိဘ များသည် မိမိကလေးကို သူစိမ်းတရံစာများအား ကျောင်းကြိုခိုင်းခြင်း၊ဟိုဟိုသည်သည် ထည့်လိုက်ခြင်းများကို အမူမဲ့အမှတ်မဲ့ ပြုလုပ်တတ်ကြသည်။ထို့သို့ ပြုမူခြင်းသည်
အန္တရာယ်ဖြစ်သည်ဟု ယူဆမိသည်။
ခေတ်ကာလ ရေစီးအရ ဆိုရှယ်နက်ဝေါ့ ပေါ်ပေါက်လာသည်နှင့်အတူ လိင်ပိုင်းဆိုင်ရာအယူအဆအမှားများ၊ ကလေးပုံများနှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ သည်လည်း ပျံနှံ့လာခဲ့သည်။
ထိုသို့ပျံနှံ့လာခြင်းသည်လည်း ကလေးသူငယ်များအတွက် အန္တရာယ်ပင်ဖြစ်သည်။ လူ ဟူသည် မကောင်းမူ၌မွေ့လျော်ကြ၏။မကောင်းမူကိုစမ်းသပ်ချင်ကြ၏။ထိုအခါ အရွယ်မရောက်သေးသော ကလေးငယ်များသည် စိတ်ဆိုးစိတ်ယုတ်တို့ ၏ ဓားစာခံဖြစ်ခဲ့ကြရသည်မှာ ရင်နာစရာကောင်းလှသည်။

သက်ငယ်မုဒိမ်းမူအတွက် တိကျခိုင်လုံ အကြုံးဝင်သော ဥပဒေသည် အတည်မဖြစ်သေးဟု ထင်မြင်မိသည်။ပြစ်မူ ကျူးလွန်ခဲ့ကြသော မုဒိမ်းကောင်များသည် ထောင်ဒဏ် နှစ်အနည်းငယ်သာ ကျခဲ့ကြသည်။ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းသည် ပေါ့လျော့သည်။ထိရောက်မူမရှိ
သူ့တို့၏ မကောင်းမူ ဆိုးယုတ်မူအတွက် ပြစ်ဒဏ်လုံလောက်စွာ ချမှတ်နိုင်ခြင်း မရှိဟုယူဆမိသည်။ ၃၇၆ ဟု ခေါ်သော မုဒိမ်းမူသည် အရွယ်ရောက်သူများ၌သာ အဖြစ်များခဲ့သည်။အရွယ်မရောက်သေးသော ကလေးသူငယ်များအပေါ်၌ကျူးလွန်သော လိင်အကြမ်းဖက်မူကို ကြီးလေးသော ပစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်သင့်သည်ဟုယူဆမိသည်။သက်ဆိုင်ရာအာဏာပိုင်များ
လိင်အကြမ်းဖက်ခံရခြင်း ဥပဒေကို ပြင်ဆင်သတ်မှတ်ပေးစေခြင်ပါသည်။သို့မှသာ ကလေးသူငယ်များသည် လူမဆန်သော လူများ၏ လိင်အကြမ်းဖက်မူမှ ကင်းဝေးမည်ဖြစ်ပါသည်။

ကလေးသူငယ်များလိင်အကြမ်းဖက်ခံရခြင်းနှင့် အကြမ်းဖက်မူအမျိုးမျိုးမှ ကင်းဝေးပါစေ။

@myatlaymon

image

Please follow & vote me.

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.052
BTC 70690.99
ETH 2065.60
USDT 1.00
SBD 0.49