ချစ်ခြင်းဖြင့် ပြီးပြည့်စုံသော

in #myanmar8 years ago

ချစ်ခြင်းးတရားကို
ရင်မှာထွေးပွေ့ပြီး
သူနဲ့ သူမ ချစ်ခဲ့ကြတယ်
အတိတ်မှာ နာကျင်ခံပြင်းခဲ့သမျှ
သူ့ အချစ်တွေကြောင့်
သူမရဲ့နေ့စွဲ တွေ
လှပ အသက်ဝင်ခဲ့တယ်

သူ ဟာ သူမ ဘဝရဲ့ မှော်ဆရာ
သူ ဖန်ဆင်းတဲ့ အလင်းတန်းမှာ
ညတွေ လင်းလက် ပျိုးပျက်နေလိုက်ပုံများ
ကြယ်တွေတောင်အရောင်မှိန်သွားခဲ့လေရဲ့
ပန်းမပွင့်တဲ့ ရင်ခွင်
ရနံ့တွေ မချိုမြိန်နိုင်လည်း
ကြမ်းတမ်းတယ်ဆိုတဲ့ လက်ဖဝါးကို တွဲ
သံသရာ ခရီးလမ်းထက်
သူ နဲ့ အတူ
လျောက်လှမ်းချင်စမ်းတယ်

သူ ဟာ သူမ ဘဝရဲ့ အရှင်သခင်
ထာဝရ မဟုတ်နိုင်ခဲ့တောင်
တွေ့ဆုံခွင့်မှန်သမျှ
သံသရာ ဆုံးခန်းတိုင်ချင်မိရဲ့
အတ္တနဲ့လောဘ များသွားခဲ့လေသလား

ချုပ်နှောင်ခြင်း မရှိတဲ့မေတ္တာ
ကတိသစ္စာကြိုးနဲ့
ချည်နှောင်မိခဲ့တဲ့နောက်
တံခါးးတစ်ချပ် မှန် အထပ်ထပ်နဲ့
ရင်ခွင်ထဲကို ဖွင့်မကြည့်ချင်စမ်းပါနဲ့
အဲ့ဒီမှာ
ချစ်ခြင်းမေတ္တာ ပေးဆပ်ခြင်းကရုဏာနဲ့
နေရာလေးတစ်ခု
သူတို့ အတွက် အမြဲတည်ရှိနေခဲ့တော့တယ်
image

@myatlaymon

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 68411.35
ETH 2121.78
USDT 1.00
SBD 0.50