အပြုံးလေးပဲမြင်ချင်မိတာပါ

in #myanmar8 years ago

ပစ္စုပ္ပာန် လို့ တစ်ဆာဆာ အော်ရင်း
နှလုံးသားကို တူးဆွသွားလိုက်တာ
တစ်ချိန်မှာသတိရစေမယ့်
အမှတ်တရ ဖြစ်သွားမယ်ဆိုတာ
မသိလေရော့လား

အချိန်ကို ရပ်တန့်ထားလို့မှ မရနိုင်တာ
ပစ္စုပ္ပာန်ဆိုတာ ရှိနေသရွေ့
အမှတ်တရ ဆိုတာကိုလဲ မွေးဖွားပေးနေဦးမှာပဲလေ
သတိရခြင်း မရခြင်းကတော့
မင်းရဲ့ လွတ်လပ်ခွင့်မို့
တားဆီးချုပ်နှောင်လို့ မထားတော့ပါဘူးလေ

တစ်ချိန်မှာ အတိတ်အကြောင်းတွေးမိရင်
ပျော်စရာ အကြောင်းလေးတွေ
အရင်ဆုံးတွေးမိပါစေလို့
တိတ်တခိုးတောင်းဆုပြုမိတယ်

အတ္တကြီးတယ်လို့ မထင်ပါနဲ့
အဝေးတစ်နေရာ ရောက်နေရင်တောင်
မင်းရဲ့ အပြုံးလေးကိုပဲ မြင်ချင်မိတာ
ကိုယ့်ရဲ့ ရူးသွပ်မှု ကြောင့်မို့ပါ

DQmUGojp38u9sSMvPhXTqHGC1TqbG9ixDAb6gAKSdRhMuaR.png

@nainghtookhant

Sort:  

အရမ်းကောင်းတယ်ဗျာ

အတိတ်ကြောင်းလေးတွေးမိရင် ပျော်စရာတွေပဲ တွေးချင်တယ် ဟုတယ်😊😊

ပျော်ရွင်မှုတွေပဲတွေးချင်တာအမှန်

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.062
BTC 66851.67
ETH 2049.79
USDT 1.00
SBD 0.51